မက္ကဆီကို သမ္မတသစ်အဖြစ် လိုပက်အော်ဗရေဒို ကျမ်းသစ္စာ ကျိန်ဆို

မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၂
လက်ဝဲယိမ်းဝါဒီ စစ်ပြန်တစ်ဦးဖြစ်သူ ဘင်ဒရီးမန်နျူယယ် လိုပက်ဇ်အော်ဗရေဒိုသည် ဒီဇင်ဘာ ၁ ရက်က မက္ကဆီကို သမ္မတအဖြစ် မက္ကဆီကိုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နိုင်ငံအား ဆင်းရဲမှုလျော့ပါးရေး၊ အဂတိလိုက်စားမှု ပပျောက် ရေးနှင့် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများ ပပျောက်စေရေး ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုက်ကြောင်း ဒီဇင် ဘာ ၂ ရက် သတင်းများအရ သိရသည်။
သမ္မတအော်ဗရေဒိုသည် ၂ဝ၁၈ ခုနှစ် ဇွန်လအတွင်းက ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ပြိုင်ဘက်သမ္မတလောင်း ရီကာဒိုဘန်နာယာနှင့် ဂျို့စ်အန်တိုနီယိုဗီယိတ်တို့အပေါ်တွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မက္ကဆီကိုနိုင်ငံတွင် နှစ်ပေါင်း လေးဆယ်အတွင်း ပထမဆုံးသော လက်ဝဲယိမ်းဝါဒီ သမ္မတတစ် ဦးဖြစ်သည်။
Ref: Reuters
#democracytoday
Latest from M Bwe
- အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော အပေါ့စား ကားငယ်များ ထုတ်လုပ်မည်
- တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ နောက်ဆုံးထားပြုလုပ်ရမည့်ရက် တိုးမြှင့်သွား မည်ဟု အမေရိကန်သမ္မတ ထရန့် ဆို
- ဗင်နီဇွဲလားအစိုးရက အတိုက်အခံများနှင့် ကြိုတင်စည်းကမ်း မသတ်မှတ်ဘဲ ဆွေးနွေးသွားမည်
- ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်က ထောက်ပံ့ရေးပစ္စည်းများ နိုင်ငံတွင်းသို့ ရောက်ရှိရေး ဆောင်ရွက်သွားမည် ဟုဆို
- မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုတွင် အပြစ်ရှိကြောင်း တွေ့ရှိ