HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ခါရှိုဂျီ အသတ်ခံရမှုတွင် လူသတ်သမားများကို ဆော်ဒီအစိုးရ ဖမ်းဆီးထားပါက တူရကီသို့ လွှဲပြောင်းပေးရန် အာဒိုဂန်တောင်းဆို

ခါရှိုဂျီ အသတ်ခံရမှုတွင် လူသတ်သမားများကို ဆော်ဒီအစိုးရ ဖမ်းဆီးထားပါက တူရကီသို့ လွှဲပြောင်းပေးရန် အာဒိုဂန်တောင်းဆို

ဗျုနိုအေရိစ်၊ ဒီဇင်ဘာ ၂ 

တူရကီသမ္မတ ရီဆက်တေ ယက်ဖ်အာဒိုဂန်က သတင်းစာဆ ရာ ဂျမားလ်ခါရှိုဂျီသည် အောက် တိုဘာလအတွင်းက တူရကီနိုင်ငံ ဆော်ဒီ ကောင်စစ်ဝန်ရုံးအတွင်း အသတ်ခံခဲ့ရခြင်းကြောင့် လူသတ် သမားအား တူရကီနိုင်ငံသို့ လွှဲ ပြောင်းပေးအပ်ရန် ဂျီ-၂ဝ ညီလာ ခံ၌ မိန့်ခွန်းပြောဆိုအပြီးတွင် ကနေ ဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်တင်ထရူး ဒိုးနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအာရဗျနိုင်ငံသည် လူ သတ်မှုနှင့်ပတ်သက်၍ ၁၁ ဦး ဖမ်း ဆီးထားပြီးဖြစ်သည်။ ယင်းအမှု၌ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆောလ်မန်က သတ်ရန် အမိန့်ပေး ခိုင်းစေခဲ့သည်ဆိုသည်ကို ဆော်ဒီ အာရေဗျက ငြင်းဆိုခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က CIA အဖွဲ့မှ အစီရင်ခံ တင်ပြထားသော လူသတ်မှုတွင် ဆော်ဒီအိမ်ရှေ့မင်းသား ပါဝင်သည် ဟူသော အချက်ကို လက်မခံဘဲ ငြင်းဆိုထားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို ကလည်း ခါရှိုဂျီအသတ်ခံရမှုတွင် ဆော်ဒီအိမ်ရှေ့မင်းသားက ညွှန် ကြားခိုင်းစေခဲ့ကြောင်း တိုက်ရိုက် သက်သေခံချက်များ မတွေ့ရှိရဟု ပြောဆိုထားသည်။


တူရကီသမ္မတ အာဒိုဂန်သည် သတင်းစာဆရာ ခါရှိုဂျီအား အစ္စ တန်ဘူလ်မြို့ ကောင်စစ်ဝန်ရုံးတွင် အသတ်ခံရမှုအား လေးနက်စွာ မိမိ ခံယူထားပါကြောင်း စိတ်မသက်မသာလည်း ဖြစ်ရသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ လူသတ်မှုနှင့်ပတ် သက်၍ ဆော်ဒီအာရေဗျ အာဏာ ပိုင်များက လူသတ်သမားများအား ဖမ်းဆီးထားသည်ကို မိမိမယုံကြည် ကြောင်းနှင့် အဆိုပါတရားခံ ၁၁ ဦးအား မိမိနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းပေးရန်လည်း တောင်းဆို လိုက်သည်။

Ref: BBC

#democracytoday

Rate this item
(0 votes)
back to top