M Bwe

M Bwe

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက် ဒေသမယ်ဒူဂူရီမြို့ပြင်ရှိ ရွှေ့ပြောင်းခိုလှုံသူများနေထိုင်ရာ မူနာဂါရတ်၌ ဇန်နဝါရီ ၁၇ ရက်ည ၈နာရီမှ ဇန်န ဝါရီ ၁၈ ရက် နံနက် ၆ နာရီ အချိန်အထိ အသေခံဗုံးခွဲအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ရပြီး လူ ၆၅ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု အမျိုးသားအ ရေး ပေါ်စီမံခန့်ခွဲရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူကာဒီယာဘရာဟင်က ဇန်နဝါရီ ၁၈ ရက်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အစ္စရေးနိုင်ငံ ဂျေရု ဆလင်မြို့ရှိ အမေရိကန်သံရုံးအား ရွှေ့ပြောင်းဖွင့်လှစ်ရန် တစ်နှစ်ခန့် ကြာမြင့်နေဦးမည်ဟူ၍ ဇန်နဝါရီ ၁၈ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အငြင်းပွား နေသော ဂျေရုဆလင်မြို့အတွက် အမေရိကန်သံရုံးအား အမြန်ပြောင်း ရွှေ့ဖွင့်လှစ်ရန် ပြောဆိုခဲ့ခြင်းအား သမ္မတထရန့်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

အယ်လ်ဘေး၊ ဇန်နဝါရီ ၁၈ 

ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်တစ်ခုသည် ပေါက်ကွဲလုနီးပါးဖြစ်နေ၍ လူပေါင်း ၃၇ဝဝဝ ခန့်သည် ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ရသည်။ မနီလာမြို့အရှေ့ဘက် ကီလိုမီတာ ၅ဝဝ အကွာတွင်ရှိသော မေယွန်မီးတောင်သည် ဇန်နဝါရီ ၁၃ ရက်မှစတင်၍ ပြာများမှုတ်ထုတ်ပြီး ချော်ရည်များစီးထွက်လာခဲ့ကာ အာဏာပိုင်များက ပေါက်ကွဲလာမည့်အခြေအနေများအတွက် ကြိုတင်ပြင်ခဲ့ကြသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။  အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင် မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်အောင်ဝင်းဦးနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

မော်စကို၊ ဇန်နဝါရီ ၁၆

အမေရိကန်အနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်၏ ပကတိအခြေအနေကို နားလည်လက်ခံပေးရန် လိုအပ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်က ပြောကြားလိုက်ကြောင်း ဇန်နဝါရီ ၁၆ ရက် ဆင်ဟွာသတင်းကဆိုသည်။

မနီလာ၊ ဇန်နဝါရီ ၁၆

ဖိလစ်ပိုင်နိုင်ငံရှိ မီးတောင်တစ်လုံးသည် ချော်ရည်ပူများမှုတ်ထုတ်ပြီး တောင်စောင်းတစ်လျှောက် စီးကျနေသည်ဟု ဖိလစ်ပိုင်မီးတောင်နှင့် မြေငလျင်တိုင်းတာရေးဌာနက ဇန်နဝါရီ ၁၆ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်ဟု သတင်းများအရသိရသည်။ အယ်လ်ဘေးပြည်နယ်ရှိ မေယွန်မီးတောင်၏ လှုပ်ရှားမှုများသည် မီးကျည်ခဲများနှင့် ချော်ရည်များ မှုတ်ထုတ်နေသဖြင့် ချော်ရည်များစီးဆင်းရာ တောင်စောင်းတစ်လျှောက် မီးချော်ရည်ခဲများ ဖြင့် နီရဲစွာတွေ့ရှိနေရသည်ဟု ယင်းဌာနက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဘိုကိုတာ၊ ဇန်နဝါရီ ၁၆

ကိုလံဘီယာနိုင်ငံအလယ်ပိုင်း၌ ဆောက်လက်စတံတားတစ် စင်းကျိုးကျခဲ့ရာ အနည်းဆုံးလူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းက ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ အခြားနှစ်ဦးမှာ ပျောက်ဆုံး နေဆဲဖြစ်ပြီး လေးဦးမှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ မြို့တော်ဘိုကိုတာနှင့် ဗီလာဗီစင်စီယိုမြို့အကြား အဝေးပြေးလမ်း၌ ဆောက်လုပ် နေသော တံတားဖြစ်ကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၆

အဆိုတော် ရီတာအိုရာသည် ယူကေတွင် အခြေစိုက်ရိုက်ကူးမည့် ရုပ်ရှင်တစ်ခုတွင် ပါဝင်တော့မည်ဖြစ်ကြောင်းသိရသည်။ ၎င်းသည် 'Fast & Furious 6' ၊ 'Southpaw' နှင့် 'Fifty Shades' နောက်ဆက်တွဲရုပ်ရှင်တို့တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်သည်။ ၎င်းက ''ကျွန်မက သိပ်ပြီးအားထည့်စရာတော့ မလိုပါဘူး။ ဒါပေမဲ့ အားလုံးက ယူကေမှာပဲ အခြေစိုက်ထားပြီး သရုပ်ဆောင်အားလုံးက ဗြိတိသျှလူမျိုးတွေပဲ ဖြစ်တဲ့အတွက် တကယ့်ကိုပဲစိတ်လှုပ်ရှားရပါတယ်''ဟု The Sun သတင်းစာသို့ ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၅

မင်းသမီး ဒါကိုတာဂျွန်ဆင်နှင့် ဂီတပညာရှင်ခရစ်မာတင်တို့ တွဲခုတ်နေကြပြီဆိုသောသတင်းမှာ ဟောလိဝုဒ်သတင်း ရပ်ကွက်တွင် တောမီးပမာပျံ့နှံ့လျက်ရှိသည်။ 'Fifty Sh- ades Freed' ရုပ်ရှင်မင်းသမီးနှင့် အသက် ၄ဝအရွယ် ဂီတပညာရှင်တို့၏ အချစ်ရေးကောလာဟလများ ပျံ့နှံ့နေသည်မှာ လပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သော်လည်း ၎င်းတို့နှစ်ဦးလုံးမှာ ယင်းသတင်းများကို အတည်ပြုခြင်း၊ ငြင်းဆိုခြင်းမပြုခဲ့ သေးပေ။

ဆိုးလ်၊ ဇန်နဝါရီ ၁၅

ကေပေါ့ပ်အိုင်ဒေါ ပထမမျိုးဆက်အဖွဲ့တစ်ခုဖြစ်သည့် Shinhwa သည် ၎င်းတို့၏ အဖွဲ့တည်ထောင်မှု နှစ် ၂ဝ ပြည့်နှစ်ပတ်လည်ကို ပရိသတ်တွေ့ဆုံပွဲတစ်ခုဖြင့် ကျင်းပမည်ဖြစ်ကြောင်း အဖွဲ့၏ စီမံခန့်ခွဲရေး အေဂျင်စီက ဇန်နဝါရီ ၁၅ရက်တွင် ပြောကြားလိုက်သည်။ "Shinhwa Twenty Fanparty all your dreams" ဟု အမည်ပေးထားသည့် ယင်းပွဲကို ဆိုးလ်မြို့တောင်ဘက်ရှိ ဆိုးလ်အိုလံပစ်ပန်းခြံတွင် ကျင်းပမည်ဖြစ်ကြောင်း Shinhwa Co. က ဆိုသည်။

Page 1 of 59