HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

M Bwe

M Bwe

Website URL:

ထောင်ဒဏ် ၃၈ နှစ် ကျခံပြီးသော အမေရိကန်အမျိုးသား အပြစ် မရှိကြောင်း ပေါ်ပေါက်သဖြင့် ပြန်လွတ်လာ

လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၃

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းသည် မှားယွင်းစွာ ထောင်ဒဏ်အပြစ်ပေးခံရသော ခရိတ်ရစ်ချတ်ကို လေး (၇ဝ)နှစ်ကို ပြန်လွှတ်ပေးခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက် ဆင်ဟွာသတင်းကဆိုသည်။ ၎င်းသည် ၁၉၈ဝ ပြည့်နှစ်တွင် လူသတ်မှုဖြင့် မှားယွင်းစွာ အပြစ်ပေးခံခဲ့ရ ပြီး ထောင်ထဲတွင် ၃၈ နှစ် နေထိုင်ခဲ့ရသည်။

Read more...

One Direction အဖွဲ့ထဲမှာ ရှိနေစဉ် စိတ်ရောဂါ ခံစားခဲ့ရကြောင်း လီယန်းပိန်း ပြောကြား

အဆိုတော်လီယန်းပိန်းသည် One Direction အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့စဉ်အခါက စိတ်ကျန်းမာရေး ချို့တဲ့သည့်ဝေဒနာဖြင့် ကြိုးစားရုန်း ကန်ခဲ့ရကြောင်းနှင့် တစ်ခါတစ်ရံ အပြုံးကိုပင် ဝတ်ဆင်ရသောအင်္ကျီ တစ်ခုကဲ့သို့ ခံစားခဲ့ရကြောင်းပြော ကြားခဲ့သည်။ 

Read more...

ဝတ်လစ် စားလစ်ပုံ ပေါက်ကြားခဲ့ခြင်းမှာ ချိုးဖောက်မှုကြီး တစ်ခုဖြစ်ကြောင်း မင်းသမီး ဂျန်နီဖာလောရန့်စ် ပြော

မင်းသမီးဂျန်နီဖာလောရန့်စ်၏ကိုယ် ပိုင်အကောင့်များ အဟက်ခံရပြီးနောက် ၎င်း၏ဓာတ်ပုံအချို့မှာ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာခဲ့သည်။ ပရိသတ်များသည် ၎င်း၏ ဝတ်လစ်စားလစ်ဓာတ်ပုံများကိုမြင်တွေ့ခဲ့ရကြသည့်အကြောင်းနှင့်ပတ်သက်၍ပြောကြားရာတွင် ယင်းကိစ္စသည် မယုံကြည်နိုင်လောက်သောချိုးဖောက်မှုကြီးတစ်ခုဖြစ်သည်ဟု ဆိုခဲ့သည်။ "The Hunger Games" ရုပ်ရှင်သရုပ်ဆောင်ဂျန်နီဖာ၏ ကိုယ်ပိုင် Apple နှင့် iCloud အကောင့်တို့မှာ အဟက်ခံခဲ့ရပြီးနောက် အွန်လိုင်းပေါ်တွင် ဓာတ်ပုံများပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ 

Read more...

မော်ဝါဒီ သူပုန်တို့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖိလစ်ပိုင်သမ္မတ ဒူတာတေး စွန့်လွှတ်

မနီလာ နိုဝင်ဘာ ၂၄

 

ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးသည် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်ခဲ့သော်လည်း ရန်လိုမုန်းတီးမှုများသာ ဆက်တိုက်မြင့်တက်လာခဲ့သည့်အတွက် မော်ဝါဒီတို့ဦးဆောင်သော သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ကိစ္စကို ရပ်ဆိုင်းလိုက်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ရာစုနှစ်ထက်​၀က်နီးပါး ကြာမြင့်ခဲ့ပြီး လူပေါင်း ၄ သောင်းကျော်သေဆုံးခဲ့ရပြီးဖြစ်သော ပဋိပက္ခကို အဆုံးသတ်ခြင်းသည် လွန်ခဲ့သောနှစ် ဇွန်လတွင် သမ္မတတာဝန်ယူစဉ်ကတည်းက သမ္မတဒူတာတေး၏ ဦးစားပေးလုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ 

Read more...

ကနေဒါ ကျန်းမာရေးဌာနက လက်ဖက်စိမ်း အဆီ အနှစ်နှင့် ပတ်သက်၍ တင်းကျပ်စွာ သတိပေး

တိုရွန်တို

 

ကနေဒါကျန်းမာရေးဌာနက လက်ဖက်စိမ်းအဆီအနှစ်ပါဝင်သော ထုတ်ကုန်များက အသည်းထိခိုက်မှုအလားအလာရှိကြောင်း ပြင်းထန်စွာ သတိပေးခဲ့သည်ဟု သိရသည်။ ဈေးကွက်စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိချက်အရ ကမ္ဘာတစ်ဝန်းရှိ အသည်းအားနည်းယိုယွင်း မှုဖြစ်ပွားသည့် အမှု ၆ဝ ကျော်ခန့်တွင် ကိုယ်အလေးချိန်ကျဆင်းစေသည့် လက်ဖက်စိမ်း အဆီအနှစ်ပါဝင်သော ဖြည့်စွက်စာတို့ကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

Read more...

အလိုလိုက်သော အဘိုးအဘွားများကြောင့် ကလေးများ၏ ကျန်းမာရေး ဆိုးရွားစေနိုင်

ဂလက်စကို

အလိုလိုက်သော အဘိုးအဘွားများ ကြောင့် ကလေးများ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ဖွယ်ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြသည်။ ဂလက် စကိုတက္ကသိုလ်မှ သုတေသီတို့က သူတို့၏ လေ့လာတွေ့ရှိချက်ကို PLOS One ဂျာနယ်တွင် ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်သည်။

Read more...

အမေရိကမှာ တစ်ကိုယ်တော် ပြန်လည်လှုပ်ရှားရတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး . . CL

ဆိုးလ်၊ နိုဝင်ဘာ ၂၂

တောင်ကိုရီးယားနိုင်ငံရှိ နာမည်ကျော်ရုပ်သံလိုင်း tvN မှ ထုတ်လွှင့်မည့် 'Livin' the Double Life'  အစီအစဉ်တွင်ပါဝင်သူများဖြစ်သည့် CL၊ ထယ်ယန်းနှင့် အိုယော့တို့သည် ယင်းအစီအစဉ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းပွဲတွင်  CL က ထိုကဏ္ဍစုံအစီအစဉ်မှတစ်ဆင့်ပြသသွားမည့်အရာများကို ရှင်းလင်းပြောကြားခဲ့သည်။

Read more...

ကမ္ဘာ့သမိုင်းထဲမှ အမှောင်မိုက်ဆုံး အချိန်ကာလကို ဖြတ်သန်းရမည့် ဝန်ကြီးချုပ် Darkest Hour ရုပ်ရှင်

ဒါရိုက်တာ - ဂျိုးရိုက်
ဇာတ်ညွှန်း - အန်တိုနီမက်ကာတင်း
သရုပ်ဆောင် - ဂယ်ရီအိုးလ်မန်း၊ လီလီဂျိမ်းစ်၊ ခရစ္စတင်း စကော့သောမတ်စ်
ပြသချိန် - ၁၂၅ မိနစ်
နိုင်ငံ - အမေရိကန်

Read more...

စင်ကာပူက မြောက်ကိုရီးယားနှင့် ကုန်သွယ်မှု ဆက်ဆံရေး ရပ်ဆိုင်း

Internatonal Business

စင်ကာပူ


စင်ကာပူနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့် ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။ စင်ကာပူ အကောက်ခွန်ဌာန၏ အဆိုအရ စင်ကာပူနိုင်ငံက မြောက်ကိုရီးယားနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းနှင့် တင်သွင်းခြင်းတို့ကို နိုဝင်ဘာ ၈ ရက်မှစတင်၍ ပိတ်ပင်တားမြစ်ခဲ့ကြောင်း၊ ပိတ်ပင်တားမြစ်မှုကို လိုက်နာခြင်းမရှိသူများအနေနှင့် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် နှစ်နှစ်နှင့်အထက် အပြစ်ပေးခံရမည်ဟု ပြောကြားခဲ့သည်။

Read more...

တန်ဇန်းနီးယား နာနတ်လျှော် စိုက်ပျိုးရေးလုပ်ငန်းတွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အလုပ်အကိုင် ၁ဝဝဝဝ ဖန်တီးနိုင်

International Business

 

မိုရိုဂိုရို

တန်ဇန်းနီးယားနိုင်ငံ မိုရိုဂိုရိုဒေသရှိ နာနတ်လျှော်စိုက်ပျိုးရေးလုပ်ငန်းအတွက် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။ အဆိုပါနာနတ်လျှော်စိုက်ပျိုးရေးလုပ်ငန်းကို တရုတ် အာဖရိက စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ထူထောင်ခဲ့ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed