မလေးရှား ဝန်ကြီးချုပ် မဟာသီယာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်ချမှတ်
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၉
မလေးရှားနိုင်ငံတွင် 1MDB လာဘ်စားမှု အရှုပ်တော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီးနောက် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် အဂတိလိုက်စားမှုများ ပ ပျောက်စေရေး ငါးနှစ်စီမံကိန်းအား ချမှတ်လိုက်သည်ဟု ဇန်နဝါရီ ၂၉ ရက် သတင်းစာများအရ သိရှိရသည်။ယခုစီမံကိန်းအရ မလေးရှား အစိုးရအရာရှိကြီးများ နိုင်ငံရေး ခေါင်းဆောင်ဖြစ်သူများ၊ အမတ်များတို့သည် မိမိတို့ပိုင်ဆိုင်ထားမှုကို ပြည်သူတို့ ထုတ်ဖော်မဲပေး ကြရတော့မည်ဖြစ်သည်။