နယူးယောက်၊ ဇန်နဝါရီ ၁၃ -  အမေရိကန်နိုင်ငံတွင် ဟာဝိုင် ယီပြည်နယ်မှလွဲ၍ ကျန်ပြည်နယ် တိုင်းတွင် တုပ်ကွေးရောဂါများဖြစ် ပွားနေသည်ဟု ဇန်နဝါရီ ၁၃ ရက် သတင်းများအရ သိရှိရသည်။

ဆိုးလ်၊ ဇန်နဝါရီ ၁၃ ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သိပ္ပံပညာရှင်များ အား နိုင်ငံ၏စီးပွားရေးတိုးတက်မှု ရရှိအောင် အောင်မြင်စွာလုပ် ဆောင်နိုင်ခဲ့ခြင်းနှင့် ပြည်သူများ ၏ လူနေမှုအဆင့်မြင့်မားအောင် လုပ်ဆောင်ပေးခဲ့ခြင်းအတွက် ချီး ကျူးဂုဏ်ပြုလိုက်ကြောင်း တရား ဝင်သတင်းများ၏ ဖော်ပြချက်ကို ဆင်ဟွာသတင်းက ဇန်နဝါရီ ၁၃ ရက်တွင် ရေးသားခဲ့သည်။

ဖူးခက်၊ ဇန်နဝါရီ ၁၂

ထိုင်းနိုင်ငံ သာလန်ခရိုင် ဝတ်ဖရာနန်ဆန်၌ ရှေးဟောင်းဘုရား၏ ရှုမျှော်ခင်းကို ကောင်းမွန် စေရန် ဘုရားနှင့်မလိုက်ဖက်သော အဆောက်အအုံ ၁၇ ခုကို ဖျက်ပစ်မည်ဖြစ်သည်။ ဇန်နဝါရီ ၁၁ ရက်တွင် ဖူးခက်ရှိ အုပ်ချုပ်ရေးမှူး နိုရာဖတ်ပလော့ဒ်သောင်သည် ဘုရားနှင့် မလိုက်ဖက်သည့် ဘာသာရေး အဆောက်အအုံများကို စတင်ဖျက်ဆီးသည့် အခမ်းအနားတွင် ဦးဆောင်ခဲ့သည်။

တန်ဇန်နီးယား၊ ဇန်နဝါရီ ၁၂ 

တန်ဇန်နီးယားနိုင်ငံအလယ်ပိုင်း ဒိုဒိုမာ ဒေသတွင် ဇန်နဝါရီ ၁၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံးလူဦးရေ ၂၅ဝဝ ခန့်တို့သည် အိုးမဲ့အိမ်မဲ့များ ဖြစ်ခဲ့ကြရသည်ဟု ခမ်ဗာခရိုင်အုပ်ချုပ်ရေးမှူး ဆိုင်မွန်အိုဒွန်ဂါက ထုတ်ဖော်ပြောဆိုလိုက်သည်။ မိုးသည် ဇန်နဝါရီ ၉ ရက်မှစကာ သည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့၍ ပရီဂျိုချင်နီယားကလိုလင်နီနှင့် အိုဘိုရော့၌ ရွာသွန်းသွားသည့် မိုးကြောင့် ပျက်စီးခဲ့ရသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဆက်ပြောခဲ့သည်။

ဘန်ကောက်၊ ဇန်နဝါရီ ၁၂

ထိုင်းအစိုးရသည် ယခင်ဝန်ကြီးချုပ်ဟာင်း ယင်လတ်ရှင်နာဝပ်ထရာအား ရှာဖွေဖမ်းဆီး၍ တရားစွဲဆိုမည်ဟု ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆုဝမ်က ထုတ် ဖော်ပြောလိုက်သည်ဟု ဇန်နဝါရီ ၁၂ ရက် သတင်းများအရ သိရသည်။

ဆိုးလ်၊ ဇန်နဝါရီ ၁၁ 

တရုတ်သမ္မတရှီကျင့်ဖျင်သည် တောင်ကိုရီးယားသမ္မတမွန် ဂျေးအင်နှင့်တယ်လီဖုန်းဖြင့် စကား ပြောစဉ် ကိုရီးယားနှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲ၏တိုးတက်မှုကို ကြိုဆို ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု တောင်ကိုရီး ယားသမ္မတမွန်ဂျေးအင်၏ရုံးမှ ထုတ်ပြန်ခဲ့သည်။

ဆိုးလ်၊ ဇန်နဝါရီ ၁၁ 

တောင်ကိုရီးယားနိုင်ငံ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံမှ ဦးဆောင်ပြီး အားပေးကြွေးကြော်မည့်အမျိုးသမီးများမှာ အလွန်ချောမောပြီး ဟန်ပန်အမူအရာအလွန်လှပသောကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ အန္တရာယ်များသော နျူကလီးယားအစီအစဉ်နှင့် ဆန့်ကျင်ဘက်အသွင် ဆောင်နေသည်။

ပါရီ၊ ဇန်နဝါရီ ၁၁

ပုဆိန်လက်နက် ကိုင်ဆောင်ထားသော ဓားပြများသည် နာမည်ကျော် ရစ်ပါရီဟို တယ်စတိုးဆိုင်မှ အမေရိကန် ဒေါ်လာငါးသန်းကျော် တန်ဖိုးရှိသော လက်ဝတ်ရတနာများကို ဇန်နဝါရီ ၁ဝ ရက်တွင် လုယူသွားခဲ့သည် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Page 2 of 44