HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တရုတ်နိုင်ငံက အရှေ့ တရုတ်ပင်လယ်တွင် ရေနံတွင်းတူး စင်သုံးခု ထပ်မံ တည်ဆောက်

ပေကျင်း

 


အမေရိကန်ပြည်ထောင်စု Thinks tank အဖွဲ့၏ ပြောကြားချက်အရ အရှေ့တရုတ် ပင်လယ်တွင် တရုတ်နိုင်ငံ ရေနံတူးစင်သုံးခု ကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ က ကန့်ကွက်မှုပြုနေသည့်ကြားမှ ယခုကဲ့သို့ တည်ဆောက်လာခဲ့ခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

အစ္စတန်ဘူလ်က ရွှေ့ပြောင်း လုပ်သားများအရေး တွေ့ဆုံဆွေးနွေးပွဲကို လက်ခံကျင်းပ

အစ္စတန်ဘူလ်

 

ဒသမအကြိမ်မြောက် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း ဒေသဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲကို အစ္စတန်ဘူလ်တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တိုးပွားကြီးထွားလာသော ရွှေ့ပြောင်းလုပ်သားများပြဿနာကို အလျင်အမြန် ဖြေရှင်းရန် အဆိုပြုသွားမည်ဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

လက်နက် ဥပဒေ ဆွေးနွေးရန် အချိန် မတိုင်သေးကြောင်း အိမ်ဖြူတော် အရာရှိ ပြောကြား

ဝါရှင်တန်

 

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က လက်နက်ထိန်းချုပ်ရေးဥပဒေအရေးကိစ္စကို တွေ့ဆုံ ဆွေးနွေးရန် အချိန်မတန်သေးကြောင်း၊ လက်ရှိအချိန်တွင် လတ်စ်ဗီးဂတ်စ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူအများမှာ ဝမ်းနည်းပူဆွေး နေဆဲရှိကြောင်း ပြောကြားခဲ့သည်။

 

 

ဆက်လက်ဖတ်ရှုရန် ...

ဆန္ဒပြပွဲများကြောင့် ကင်ညာတက္ကသိုလ် ပိတ်

နိုင်ရိုဘီ၊ အောက်တိုဘာ ၃

 

ပြန်လည်ကျင်းပရမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့သောကြောင့် ကင်ညာနိုင်ငံ၏ အဓိကတက္ကသိုလ်တစ်ခုကို အောက်တိုဘာ ၃ ရက်တွင် ပိတ်ထားခဲ့ရသည်ဟု အာဏာပိုင်များက ပြောသည်။ အောက်တိုဘာ ၂ ရက် ညမှ နောက်နေ့ နံနက်ပိုင်းအထိ ဆန္ဒပြခဲ့သဖြင့် ကျောင်းသားများ အဆောင်များကို စွန့်ခွာရန် ကျောင်းကိုပိတ်ထားရန် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယ ရထားလမ်းတွင် ဆဲလ်ဖီ ရိုက်သူသုံးဦး ရထားတိုက်သေဆုံး

နယူးဒေလီ၊ အောက်တိုဘာ ၃ 

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာ ကာပြည်နယ်တွင် ရထားလမ်းပေါ်၌ ဆဲလ်ဖီရိုက်နေသော လူငယ်သုံးဦးကို ရထားအရှိန်ဖြင့် ဝင်တိုက်မိခဲ့ရာ သုံးဦးစလုံးသေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

 

ဆက်လက်ဖတ်ရှုရန် ...

အသစ် ထုတ်လုပ်ထားသော iPhone 8 Plus ပေါက်ကွဲမှုသတင်းများကို Apple စုံစမ်းစစ်ဆေးနေ

လန်ဒန်၊ အောက်တိုဘာ ၃

 

Apple ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်ထားသော iPhone 8 Plus  ဖုန်းများသည် ဘက်ထရီ ပြဿနာရှိနိုင်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်းနှစ်ခုထွက် ပေါ်လာကြောင်းသိရသည်။  အာရှမှသုံးစွဲသူနှစ်ဦးက ယင်းဖုန်းအမျိုးအစားဟန်းဆက်မှာ အားသွင်းပြီးမကြာမီ ပေါက်ကွဲသွားခဲ့ကြောင်း ပြောကြားထားသည်။ ယင်းဖြစ်ရပ်နှစ်ခုစလုံးမှာ သာမန်ဖြစ်ရပ် သို့မဟုတ် ပိုမိုကြီးမားသော ပြဿနာဟုတ်၊ မဟုတ်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း Apple က ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေသည်ဟုဆိုသည်။ Apple Daily ဝက်ဘ်ဆိုက်တွင် တင်ထားသော ဓာတ်ပုံများအရ ထိုင်ဝမ်သုံးစွဲသူတစ်ဦး၏ ရွှေနီရောင် ဟန်းဆက်မှာ ပေါက်ကွဲထားပုံကို မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

လတ်စ်ဗီးဂတ်စ် ဖျော်ဖြေပွဲ တိုက်ခိုက်မှုကြောင့် ၅၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၂၇ ဦး အထိရှိလာ

လတ်စ်ဗီးဂတ်စ် အောက်တိုဘာ ၃

 

အမေရိကန်နိုင်ငံသမိုင်းတွင် လူသေဆုံးမှုအများဆုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် တနင်္လာနေ့တွင် သေဆုံးသူ ၅၉ အထိ မြင့်တက်လာပြီဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားချက်ကို တာ​ဝန်ရှိသူများက သတိထားတုန့်ပြန်ခဲ့ကြသည်ကိုတွေ့ရသည်။ အသက် ၆၄ နှစ်အရွယ်ချမ်းသာသော စာရင်းကိုင်ဟောင်း စတီဖန်ကရေ့ခ်ျ ပတ်ဒေါ့သည် တနင်္ဂနွေနေ့ညတွင် ၃၂ ထပ်ရှိ ဟိုတယ်အခန်း၏ ပြတင်းပေါက်မှန်ကကို ခွဲခဲ့ပြီးနောက် အောက်တွင်ရှိနေသည့် ဖျော်ဖြေပွဲ လာရောက်သူများကို အလိုအလျောက် လက်နက်များဖြင့် ပစ်ခတ်ရန် လေ့ကျင့်နေခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

 

ဆက်လက်ဖတ်ရှုရန် ...

ကျူးဘား သံရုံးဝန်ထမ်း သုံးပုံနှစ်ပုံ နီးပါးကို အမေရိကန် နှင်ထုတ်ဖွယ်ရှိ

ဝါရှင်တန် အောက်တိုဘာ ၃

 

ဟာဗားနားရှိ အမေရိကန်သံရုံးဝန်ထမ်းများ၏ ကျန်းမာရေးကို ထိခိုက်စေခဲ့သော ထူးဆန်းသည့်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး လအနည်းငယ်အကြာ တွင် အမေရိကန်အစိုးရက ကျူးဘားသံတမန်သုံးပုံနှစ်ပုံနီးပါးကို အမေရိကန်နိုင်ငံမှ ထွက်ခွာခိုင်းမည်ဖြစ်ကြောင်း ယင်းအစီအစဉ်နှင့် နီးစပ်သော ကွန်ဂရက်သတင်းအရင်း အမြစ်နှင့် လူပုဂ္ဂိုလ်တစ်ဦးတို့က ပြောကြားလိုက်ကြောင်းသိရသည်။  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်္ဂါနေ့တွင် ယင်းထုတ်ပယ်သည့် အကြောင်း ကြေညာလိမ့်မည်ဟုမျှော်လင့်ရကြောင်း သတင်းအရင်း အမြစ်များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ 

 

ဆက်လက်ဖတ်ရှုရန် ...