HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဘယ်လ်ဂျီယံတွင် ရထားတိုက်မှုကြောင့် လူ ၂ ဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးနေ

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၈

 

ဘယ်လ်ဂျီယံနိုင်ငံ ရထားလမ်းကုမ္ပဏီတစ်ခုဖြစ်သော Infrabel ကုမ္ပဏီမှ အလုပ်သမားများစွာသည် ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်း Morlanwelz မြို့ရှိ ရထားလမ်းဆုံတစ်ခုတွင် ရထားဖြင့် တိုက်မိခဲ့ပြီး ယင်းမတော်တဆမှုကြောင့် လူ ၂ဦးသေဆုံးခဲ့ကာ တစ်ဦးပျောက်ဆုံးနေပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရထားလမ်းရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နှင့် အမေရိကန်မင်းသမီး မက်ဟန်မာကဲလ် (Meghan Markle) တို့ စေ့စပ်

လန်ဒန် ၊ နိုဝင်ဘာ ၂၈

 

ဗြိတိန်မင်းသား ဟယ်ရီ(Harry) နှင့် ၄င်း၏ချစ်သူ မက်ဟန်မာကဲလ်(Meghan Markle) တို့ နှစ်ဦးသည် နိုဝင်ဘာလ အစောပိုင်းက လန်ဒန်မြို့ တွင် စေ့စပ်ကြောင်းလမ်းခဲ့ပြီး ဖြစ်ကြောင်း ဗြိတိသျှတော်ဝင်မိသားစုက နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အဆိုပါကြေညာချက်ကို ဝေလမင်းသား နှင့် Cornwall မြို့ စားကြီး၏ ရုံးတော်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲကို လာမည့်နှစ် နွေဦးရာသီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှင့် မင်္ဂလာရက်မြတ် အသေးစိတ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်တွင် ပါလက်စတိုင်း ရုံးများ ထားရှိ ဖွင့်လှစ်မည်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၅

 

အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ပါလက်စတိုင်း(ပီအယ်လ်အို) ရုံးကိုဖွင့်ထားမည်ဖြစ်ပြီး မကြာမီလုပ်ငန်းများအပြည့်အဝဆောင်ရွက်နိုင် တော့မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

Time မဂ္ဂဇင်း၏ Person Of The Year ဆုကို ပယ်ချခဲ့ဟု ဒေါ်နယ်ထရန့် ဆို

ဝါရှင်တန်၊ နိုဝင်ဘာ ၂၅

Time မဂ္ဂဇင်း၏ Person of the year  ဆုရွေးချယ်ခံရမည့် အခွင့်အရေးကို မိမိငြင်းပယ်ခဲ့သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားကြောင်း နိုဝင်ဘာ ၂၅ ရက် AFP သတင်းကဆိုသည်။ Time  မဂ္ဂဇင်းကမူ ထရန့်၏ပြောကြားချက် မမှန်ကန်ကြောင်း ငြင်းဆိုသည်။ Person of the year ဆုချီး မြှင့်ခံရဖွယ်ရှိသည်ဟုဆိုပြီး Time  မဂ္ဂဇင်းက အင်တာဗျူးရန်နှင့်ဓာတ်ပုံရိုက်ရန် မိမိကိုတောင်းဆိုခဲ့ ကြောင်း၊ သို့သော်မိမိဆုရကြောင်း မသေချာသေးသည်ကိုမနှစ်သက် ကြောင်းပြောကာ ငြင်းပယ်ခဲ့ ကြောင်း ဒေါ်နယ်ထရန့်ကတွစ်တာတွင်ရေးသားသည်။

ဆက်လက်ဖတ်ရှုရန် ...

မက္ကဆီကို၏ ရာဇဝတ်မှု ထူပြောသော ဗီရာခရုဇ်ပြည်နယ်တွင် မြို့တော်ဝန် အသတ်ခံရ

ကုတ်ဇာကိုးလ်ကို့စ်၊ နိုဝင်ဘာ ၂၅ 

 

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ရာဇဝတ်မှုထူပြောသော ဗီရာခရုဇ် ပြည်နယ်တွင် မြို့တော်ဝန်တစ်ဦး အသတ်ခံခဲ့ရကြောင်း နိုဝင်ဘာ ၂၅ ရက် AFP သတင်းကဆိုသည်။ ထိုပြည်နယ်မှာပင် လွန်ခဲ့သောလေးရက်ကလည်း ရွေးကောက်ခံ မြို့ တော်ဝန်တစ်ဦး အသတ်ခံခဲ့ရသည်။  မြို့တော်မက္ကဆီကိုစီးတီး၏ အရှေ့မြောက်ဘက် ၁၆၈ မိုင်ခန့်အကွာ Ixhuatlan de Madero  မြို့၏ မြို့တော်ဝန် Espinoza သည် ဇနီးဖြစ်သူအပါအဝင် အခြားသူ လေးဦးနှင့်အတူ အသတ်ခံခဲ့ရ ကြောင်း ပြည်နယ်အစိုးရရှေ့နေ့ရုံးက သတင်းထုတ်ပြန်သည်။

ဆက်လက်ဖတ်ရှုရန် ...

လန်ဒန်မြို့ လယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့ ပြော

လန်ဒန် ၊ နိုဝင်ဘာ ၂၅ 

 

အင်္ဂလန်နိုင်ငံ လန်ဒန်မြို လယ်ရှိ အောက်စ်ဖို့ ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရသိရသည်။ အောက်စ်ဖို့ မြေအောက် ဆပ်ကပ်ရုံ နှင့် အောက်စ်ဖို့ လမ်းပေါ်တွင် “ သေနတ်ပစ်ခတ်မှု သတင်းပေးပို့ ချက်တစ်ခု” ကို ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၈ မိနစ်တွင် လက်ခံရရှိခဲ့ကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

အီဂျစ်နိုင်ငံ ဆိုင်းနိုင်း ကျွန်းဆွယ်ရှိ ဗလီတွင် တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၂၃၅ ဦးသေဆုံး

ကိုင်ရို နိုဝင်ဘာ ၂၅

အီဂျစ်နိုင်ငံရှိ မြောက်ပိုင်းဆိုင်းနိုင်းပြည်နယ်ရှိ လူအများအပြားရောက်ရှိနေသော ဗလီတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်၌ တိုက်ခိုက်ရေးသမားများက ဗုံးတစ်လုံးဖောက်ခွဲခဲ့ပြီး သေနတ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဝတ်ပြုနေသူ ၂၃၅ ဦးသေဆုံးခဲ့ကြောင်း၊ ခေတ်သစ်အီဂျစ်သမိုင်းတွင် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း
သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် ကျူးဘား သမ္မတ ဖီဒယ်ကတ်စထရို တို့ တွေ့ဆုံ

ဟာဗားနား နိုဝင်ဘာ ၂၅

ကွန်မြူနစ်တို့အုပ်ချုပ်သော ကျွန်းနိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားနိုင်ရန်အတွက် ၄င်း၏ အာရှမဟာမိတ် မြောက်ကိုရီးယားနိုင်ငံကို ကူညီနိုင်သည်ဆိုသော ထင်ကြေးပေးမှုများရှိနေသည့်ကြားတွင် ကျူးဘားသမ္မတရာအူးကတ်စထရိုသည် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်းဟိုနှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...