ဆိုးလ်၊ ဇန်နဝါရီ ၁၁ 

တရုတ်သမ္မတရှီကျင့်ဖျင်သည် တောင်ကိုရီးယားသမ္မတမွန် ဂျေးအင်နှင့်တယ်လီဖုန်းဖြင့် စကား ပြောစဉ် ကိုရီးယားနှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲ၏တိုးတက်မှုကို ကြိုဆို ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု တောင်ကိုရီး ယားသမ္မတမွန်ဂျေးအင်၏ရုံးမှ ထုတ်ပြန်ခဲ့သည်။

ဆိုးလ်၊ ဇန်နဝါရီ ၁၁ 

တောင်ကိုရီးယားနိုင်ငံ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံမှ ဦးဆောင်ပြီး အားပေးကြွေးကြော်မည့်အမျိုးသမီးများမှာ အလွန်ချောမောပြီး ဟန်ပန်အမူအရာအလွန်လှပသောကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ အန္တရာယ်များသော နျူကလီးယားအစီအစဉ်နှင့် ဆန့်ကျင်ဘက်အသွင် ဆောင်နေသည်။

ပါရီ၊ ဇန်နဝါရီ ၁၁

ပုဆိန်လက်နက် ကိုင်ဆောင်ထားသော ဓားပြများသည် နာမည်ကျော် ရစ်ပါရီဟို တယ်စတိုးဆိုင်မှ အမေရိကန် ဒေါ်လာငါးသန်းကျော် တန်ဖိုးရှိသော လက်ဝတ်ရတနာများကို ဇန်နဝါရီ ၁ဝ ရက်တွင် လုယူသွားခဲ့သည် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ပေကျင်း

တရုတ်ကွန်မြူနစ်ပါတီက ထိပ်တန်းစစ် တပ်အရာရှိဟောင်းတစ်ဦးအား လာဘ်ပေးလာဘ်ယူမှု သံသယဖြင့် တရားစွဲဆိုစေခဲ့ ကြောင်းသိရသည်။  ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက စစ်တပ်အရာရှိဟောင်း ဖန်ဖင်းဟွီအား တရားရုံးသို့ လွှဲပြောင်းပေးရန် သဘောတူခဲ့ခြင်းဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

ပေကျင်း

တရုတ်နိုင်ငံတွင် ယခုနှစ်ဆောင်းရာသီ၌ ပုံမှန်မဟုတ်သော ဗိုင်းရပ်စ်မျိုးဗီဇကြောင့် တုပ်ကွေးရောဂါ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေးနှင့် မိသားစုစီမံကိန်းကော်မရှင်မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါဗိုင်းရပ်စ်မျိုးဗီဇက လူများ၏ ကိုယ်ခံအားကို ပိုမိုဆုတ်ယုတ်အားနည်းစေဖွယ်ရှိကြောင်း ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ လက်ထောက်အကြီးအကဲ ကျောင်ယာဟွီက ပြော ကြားခဲ့သည်။

ဆိုးလ်

မြောက်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အဆင့်မြင့်အရာရှိများ ပါဝင်သော ဆွေးနွေးပွဲ မှာ အချက်သုံးချက် သဘောတူညီမှုရရှိသည့် ရလဒ်ထွက်ပေါ်ကာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

လန်ဒန်၊ ဇန်နဝါရီ ၉

ဗြိတိန်တော်ဝင်မင်းသားဝီလျံနှင့် ကြင်ရာတော်ကိတ်တို့၏သမီး ရှားလော့မင်းသမီးအား လန်ဒန်မြို့ ကင်စတန်နန်းတော် မူကြိုကျောင်း၌အပ်နှံထားပြီး ဇန်နဝါရီ ၉ ရက်က စတင်ကျောင်းတက်နေသည်ဟု သတင်းများအရသိရသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၉

ထိုင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ဗုဒ္ဓဘာသာသာသနာရေးဦးစီးဌာန(NOB) အကြီးအကဲ ဖနွန်ဆွန်ဘိလ်ပ်နှင့် အရာရှိရှစ်ဦးတို့အား ဘုရားကျောင်း ရန်ပုံငွေများကို အလွဲသုံးစားကျုးလွန်မှုနှင့် ငွေကြေးခဝါချမှုများအတွက် တရားစွဲဆိုလိုက်သည်ဟူ၍ ဇန်နဝါရီ ၉ ရက်သတင်းများအရသိရသည်။

Page 2 of 44