HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အသတ်ခံလိုက်ရသော မြောက်ကိုရီးယားခေါင်းဆောင်၏ ညီအစ်ကိုဝမ်းကွဲမှာ စီအိုင်အေ သတင်းပေးသူဖြစ်နေ ဟုဆို

ဝါရှင်တန်၊ ဇွန် ၁၁

မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအန်၏ ညီအစ်ကို ဝမ်းကွဲတော်သူ ကင်ဂျုံနမ်မှာ ၂ဝ၁၇ ခုနှစ်က မလေးရှားနိုင်ငံတွင် အသတ်ခံခဲ့ရသည်။ ၎င်းင်းမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ၏ သတင်းပေးတစ်ဦးဖြစ် နေကြောင်း၊ အမေရိကန် ဝေါစထရိုဂျာနယ်က ဇွန် ၁ဝ တွင် ဖော် ပြခဲ့ကြောင်း ရိုက်တာသတင်းက ဇွန် ၁၁ ရက်တွင် ဖော်ပြလိုက်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိနေသော အမည်မဖော်လိုသူ ပုဂ္ဂိုလ်အားရည်ညွှန်းလျက် ဂျာနယ်က ဖော်ပြခဲ့သည်မှာ ကင်ဂျုံနမ်နှင့် စီအိုင်အေတို့အကြား မည်သည့် အတိုင်းအတာအထိ ပါဝင်ပတ်သက် သည်ကိုမူ မသိရှိကြောင်း ဂျာနယ် ကဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

နယူးယောက်မြို့ရှိ မိုးမျှော်တိုက်ပေါ်သို့ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ၊ တစ်ဦး သေဆုံး  

နယူးယောက်၊ ဇွန် ၁၁

နယူးယောက်မြို့၊ မက်ဟန်တန် အရပ်ရှိ မိုးပျံတိုက်တစ်ခုထိပ်ဖျားပေါ်သို့ ဇွန် ၁ဝ ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီးနောက် ရဟတ်ယာဉ်မှူးမှာ သေဆုံးခဲ့ ကြောင်း မီးသတ်တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ ယင်းပျက် ကျမှုကြောင့် ခေါင်မိုးထပ်တွင် မီး စွဲလောင်ခဲ့သော်လည်း အလျင် အမြန်ငြှိမ်းသတ် နိုင်ခဲ့သည်ဟုဆို သည်။

ဆက်လက်ဖတ်ရှုရန် ...

တရားခံ လွှဲပြောင်းပေးရေး အစိုးရသဘောတူညီ၍ ဟောင်ကောင်တွင် ဆန္ဒပြခြင်း၊ အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့ကြ  

ဟောင်ကောင်၊ ဇွန် ၁ဝ

ဟောင်ကောင်မှ တရားခံများအား တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးပို့ရန် အစိုးရ၏ သဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြကြသူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြရာမှ ဇွန် ၁ဝ ရက်က အကြမ်းဖက်မှုများရှိလာသော ကြောင့် လုံခြုံရေးရဲများက ပြန်လည်တိုက်ဖျက်နေရသည်ဟု ဇွန် ၁ဝ ရက်သတင်းများအရ သိရှိရသည်။ ဇွန် ၉ ရက်ဆန္ဒပြရာတွင် လူပေါင်းတစ်သန်းက စုဝေးဆန္ဒပြ ခဲ့ကြပြီး ယင်းသို့ ဟောင်ကောင်တွင် ၁၉၇၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော လူထုစုဝေးဆန္ဒ ပြရာတွင် အချို့လူနည်းစုများက ပုလင်းများဖြင့် ပစ်ပေါက်ခြင်းစ သော အကြမ်းဖက်ဆူပူမှုများရှိခဲ့ကြခြင်းဖြစ်သည်ဟု သတင်းများအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းအစိုးရအဖွဲ့သစ်တွင် ဝန်ကြီးဌာန တောင်းဆိုထားမှုများ မိမိတို့မပြောင်းလဲဟု ဒီမိုကရက်များက ဆို

ဘန်ကောက်၊ ဇွန် ၁ဝ

The Democrat Party အား The Palang Pracharath Party  (PPRP) က အစိုးရအဖွဲ့သစ် အတွင်းရှိ အဓိက ဝန်ကြီးရာထူးနေ ရာများကို တောင်းခံထားခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်စဉ်းစားပေး ပါရန် အကြံပြုတောင်းဆိုထား သည်ဟု ဇွန် ၁ဝ ရက်သတင်းများအ ရ သိရှိရသည်။ ဒီမိုကရက်ပါတီမှ သက်ထိုင်း ဆီနာပွန်က မိမိတို့ပါတီက အ စိုးရအဖွဲ့သစ် အဓိကဝန်ကြီးနေရာ များ တောင်းခံထားသည်ကို ပြန် လည်ရုပ်သိမ်းပေးမည်မဟုတ် ကြောင်း အကြောင်းပြန်ကြားထား သည်ဟု သတင်းထောက်များသို့ ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

Brexit အရေး ဥရောပသမဂ္ဂက ပြန်လည်ညှိနှိုင်းလိုသော ဆန္ဒရှိနေသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဆို  

လန်ဒန်၊ ဇွန် ၁ဝ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်မီဟန့်က ဘရီဇစ်ခွဲခွာရေးစာချုပ်အား ပြန်လည်ညှိနှိုင်းရန် မိမိအား ဂျာမနီဝန်ကြီးချုပ် အိန်ဂျ လာမာကယ်က ဇွန် ၉ ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်ဟု ဇွန် ၁ဝ ရက်သတင်းများအရ ထုတ် ဖော်ပြောဆိုလိုက်သည်။    ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ နုတ်ထွက်သွားခဲ့ပါက ကွန်ဆာဗေး တစ်ပါတီဝင်များထဲ၌ ဂျယ်မီဟန့်သည် အလားအလာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ ''မိမိသည် ဝန်ကြီး ချုပ်အိန်ဂျလာမာကယ်နှင့် D-Day အခမ်းအနား၌ တွေ့ဆုံစကားပြော ခွင့်ရခဲ့ရာတွင် ယခုကဲ့သို့တိုက် တွန်းလိုက်ခြင်းဖြစ်သည်ဟုလည်း Sky News သို့ ထုတ်ဖော်ပြော ကြားလိုက်သည်။


''ကျွန်တော်ကလည်း Brexit  နဲ့ပတ်သက်လာရင် မာကယ်လို သဘောမျိုးရှိပါတယ်''ဟုလည်း ဆက်လက်ပြောဆိုလိုက်သည်။  ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ က Brexit အရေးပါလီမန်သို့ တင် သွင်းခဲ့သော်လည်း ပါလီမန်က သုံး ကြိမ်သုံးခါ ပယ်ချခဲ့သည်။

Ref:AFP

#democracytoday

ဆက်လက်ဖတ်ရှုရန် ...

ဟန်ဂေရီမှ လှေနစ်မြုပ်မှုတွင် သေဆုံးသူ တောင်ကိုရီးယားနိုင်ငံသား အရေအတွက် ၁၉ ဦးအထိ မြင့်တက်  

ဘူဒါပတ်၊ ဇွန် ၉

ဟန်ဂေရီနိုင်ငံတွင် ဝမ်းနည်းဖွယ် လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး နောက် ပြီးခဲ့သည့် ဇွန် ၈ ရက်တွင် တောင်ကိုရီးယား- ဟန်ဂေရီပူး ပေါင်းအဖွဲ့တစ်ခုက ဒန်းညုမြစ်အတွင်းရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းမှာ တောင်ကိုရီးယား အမျိုးသမီးတစ်ဦးဖြစ်ကြောင်း အတည်ပြုခဲ့သည့်အတွက် သေဆုံးသူအရေအတွက်မှာ ၁၉ ဦးအထိ မြင့်တက်လာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မက္ကဆီကိုနိုင်ငံက လူဝင်မှုကြီးကြပ်ရေး သဘောတူညီချက်ကို လက်ခံကျင့်သုံးမည်ဟု အမေရိကန် သမ္မတထရန့် ယုံကြည်  

ဝါရှင်တန်၊ ဇွန် ၉

မက္ကဆီကိုနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအတွင်းသို့ ရောက်ရှိရန်ကြိုးပမ်းနေကြသည့် ဗဟိုအမေရိကဒေသမှ ရွှေ့ပြောင်းသူများ ကိုရပ်တန့်ရန် တောင်ပိုင်းနယ်စပ်တွင် လုံခြုံရေးမြှင့်တင်ရေးနှင့် အငြင်းပွားဖွယ်နိုင်ငံရေးခိုလှုံမှု အစီအစဉ်ကိုတိုးချဲ့ရန် သဘောတူထား သည့် အပေးအယူတစ်ခုကို ခိုင်ခိုင်မာမာအကောင်အထည်ဖော်ကျင့်သုံးနိုင်မည်ဟု သမ္မတထရန့်က ဇွန် ၈ ရက်တွင် ခန့်မှန်းပြောကြားခဲ့သည်။ ဝါရှင်တန်မြို့တွင် သုံးရက်ကြာညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ ပြီးနောက် ဇွန် ၇ ရက်တွင် ကြေညာနိုင်ခဲ့သည့် ယင်းသဘောတူညီ ချက်သည် ပြီးခဲ့သည့် ဇွန် ၃ ရက်တွင်စတင်ခဲ့သည့် မက္ကဆီကိုထုတ်ကုန် ပစ္စည်းများအားလုံးအပေါ် အခွန်ငါးရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဟု သမ္မတထရန့်၏ ခြိမ်းခြောက်မှုကို ရပ်ဆိုင်းသွားစေခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗင်းနစ်မြို့အတွင်းသို့ အပျော်စီးသင်္ဘောများ ဝင်ရောက်မှုကို လူထောင်နှင့်ချီ ဆန့်ကျင်ဆန္ဒပြ  

ဗင်းနစ်၊ ဇွန် ၉

ဗင်းနစ်မြို့တွင် ကြီးမားသောရေယာဉ်တစ်စင်းနှင့် ခရီးသည်တင်လှေတစ်စင်းတို့ ပြီးခဲ့သည့်သီတင်းပတ်၌ တိုက်မိခဲ့ပြီးသည့်နောက် မြို့အတွင်းသို့ ကြီးမားသောအပျော်စီးသင်္ဘောများဝင်ရောက်မှု တားမြစ်ကန့်သတ်ရေးကိုတောင်းဆိုကြသည့် ထောင်နှင့်ချီသောလူအုပ်ကြီးက ဇွန် ၈ ရက်တွင် လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ အီတလီမီဒီယာများ၏အဆိုအရ ဆန္ဒ ပြသူ ၅ဝဝဝ ခန့်သည် ''မြစ်နီးကမ်းစပ်မှ ကြီးမားသောလှေ သင်္ဘောများထွက်သွားရေး''ကဲ့သို့သော ကြွေးကြော်သံများပါဝင်သည့် လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး မြို့တစ်လျှောက်ဆန္ဒပြခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...