ဆိုးလ်

မြောက်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အဆင့်မြင့်အရာရှိများ ပါဝင်သော ဆွေးနွေးပွဲ မှာ အချက်သုံးချက် သဘောတူညီမှုရရှိသည့် ရလဒ်ထွက်ပေါ်ကာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

လန်ဒန်၊ ဇန်နဝါရီ ၉

ဗြိတိန်တော်ဝင်မင်းသားဝီလျံနှင့် ကြင်ရာတော်ကိတ်တို့၏သမီး ရှားလော့မင်းသမီးအား လန်ဒန်မြို့ ကင်စတန်နန်းတော် မူကြိုကျောင်း၌အပ်နှံထားပြီး ဇန်နဝါရီ ၉ ရက်က စတင်ကျောင်းတက်နေသည်ဟု သတင်းများအရသိရသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၉

ထိုင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ဗုဒ္ဓဘာသာသာသနာရေးဦးစီးဌာန(NOB) အကြီးအကဲ ဖနွန်ဆွန်ဘိလ်ပ်နှင့် အရာရှိရှစ်ဦးတို့အား ဘုရားကျောင်း ရန်ပုံငွေများကို အလွဲသုံးစားကျုးလွန်မှုနှင့် ငွေကြေးခဝါချမှုများအတွက် တရားစွဲဆိုလိုက်သည်ဟူ၍ ဇန်နဝါရီ ၉ ရက်သတင်းများအရသိရသည်။

ဝါရှင်တန်၊ ဇန်နဝါရီ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂ဝ၂ဝ ပြည့်နှစ် သမ္မတ ရွေးပွဲဝင်ရောက်မည်ဟူသော ယခုနှစ် စီစီဘီဒီမီးလ်ဆုရ အသက် (၆၃)နှစ်ရှိ အိုဖရာဝင်းဖရေး၏ ကြေညာချက်အားကြိုဆိုလိုက်သည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဟိုဂန်ဂစ်လီက ပြောကြားလိုက်သည်ဟု ဇန်နဝါရီ ၉ ရက်သတင်းများအရ သိရှိရသည်။ ယင်းသတင်းသည် မီဒီယာများတွင်ပျံ့လွင့် လာပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

နယူးယောက်၊ ဇန်နဝါရီ ၈ 

အမေရိကန်အရှေ့ဘက်ကမ်း ရိုးတန်းဒေသများတွင် နှင်းမုန်တိုင်းများတိုက်ခတ်ကာ အအေးလွန်ကဲမှုများဖြစ်ပေါ်နေပြီး နယူးယောက် ဂျွန်အက်ဖ်ကနေဒီနိုင်ငံတကာလေဆိပ်ကြီးတွင် ရေကြီးနေမှုကြောင့် လေယာဉ်အဝင်အထွက်များအား ရပ်တန့်ထားရသည်ဟု ဇန်နဝါရီ ၈ ရက်သတင်းများအရသိရှိရသည်။

ဆိုးလ်၊ ဇန်နဝါရီ ၈

တောင်ကိုရီးယားဘဏ္ဍာရေး ကြီးကြပ်သူများက ၎င်းတို့သည် ပြည်တွင်းဘဏ်ခြောက်ခု၏ ငွေအစစ်နီးပါး တူညီသည့်စာရင်းများ ပေါ်ပေါက်နေ၍ စစ်ဆေးနေကြောင်း၊ Bitcoin ကဲ့သို့သောပစ္စည်းများ တိုးပွားလာနေရာ ရာဇဝတ်မှုဘက်သို့ ဦးတည်နေ၍ဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်က ပြောကြားလိုက်သည်။ ပူးတွဲစစ်ဆေးမှုကို ဘဏ္ဍာရေးလုပ်ငန်းကော်မရှင် FSC နှင့် ဘဏ္ဍာ ရေးကြီးကြပ်မှုအဖွဲ့  FSS တို့က လုပ်ကိုင်သွားကြမည်ဖြစ်သည်။ ဘဏ်များသည် ငွေမည်းခဝါချမှု ဥပဒေကို လိုက်နာခြင်းရှိ၊ မရှိ စာရင်းဖွင့်ရန် အမည်မှန်ကို အသုံး ပြု၊ မပြုတို့ကို စစ်ဆေးသွားမည်ဖြစ် ကြောင်း FSC  ဥက္ကဋ္ဌ ချွဲဂျောင်ကူက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ဘန်ကောက်၊ ဇန်နဝါရီ ၈

ထိုင်းနိုင်ငံတွင် သေနတ်ပစ်ကျွမ်းကျင်သူများ လေ့ကျင့်ရန် ဘတ်သန်း ၂ဝ အကုန်အကျခံ၍ ပြန်လည်ပြုပြင် မွမ်းမံထားသော အာရှတွင် အကောင်းဆုံး ဝမ်ကမ်နွန်သေနတ်ပစ်ကွင်းအား ထိုင်းရဲတပ်ဖွဲ့ ရဲချုပ်ချပ်သစ် ဆိုင်ဂျင်ဒါက ဇန်နဝါရီ ၇ ရက်တွင် ဖွင့်လှစ် ပေးလိုက်သည်ဟု ဇန်နဝါရီ ၈ ရက်သတင်းများအရ သိရသည်။

ဆိုးလ်၊ ဇန်နဝါရီ ၇

ယူအေအီးနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုရက်သတ္တပတ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ စစ်ရေးဆက်သွယ်မှုပြုပြီး နျူကလီးယားပူးပေါင်းဆောင်ရွက်ရေးဆွေး နွေးကြမည်ဟု ဇန်နဝါရီလ ၇ ရက်တွင် ယွန်ဟပ်သတင်းဌာနက ဖော် ပြလိုက်သည်။

Page 3 of 44