HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တူရကီမှ နယူးယောက်သို့ ပျံသန်းသော တူရကီလေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်အဆင်းတွင် လေပွေလှိုင်းဖြင့် ကြုံတွေ့ရ

နယူးယောက်၊ မတ် ၁ဝ

တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ပျံသန်းသော တူရကီ လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ဘိုးရင်း ၇၇၇ သည် မတ် ၉ ရက်က နယူးယောက် ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ဆင်းရန် ပြင်ဆင် နေချိန်တွင် ပြင်းထန်သော လေပွေလှိုင်းတစ်ခုဖြင့် ၄၅ မိနစ်ကြာတွေ့ကြုံခဲ့ရပြီး လေယာဉ် ပေါ်ပါ ခရီးသည် ၃ဝဝ အနက် ခရီးသည် ၃ဝခန့်သည် လေယာဉ်မူးခြင်း၊ ထိခိုက်မိခြင်းများခံစားခဲ့ရပြီး လေယာဉ်မှာမူ လေဆိပ်သို့ ညနေ ၅နာရီ ၃၅ မိနစ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက် နိုင်ခဲ့သည်ဟုလေဆိပ်အရာရှိများက မတ် ၁ဝ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုလံဘီယာ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျ လေယာဉ်ပေါ်ပါသူ ၁၂ ဦး သေဆုံး

ဘိုဂိုတာ၊ မတ် ၁ဝ

ကိုလံဘီယာနိုင်ငံတွင် စန်ဂျိုးဒဲလ် ဂွာဗီရာမြို့နှင့် ဗီလာဗီစင်ဆီယိုမြို့အကြား ပြေးဆွဲနေသော ခရီးသည်တင်လေယာဉ် ငယ်တစ်စင်းသည် ခရီးသည် ၁၂ ဦး နှင့်အတူ ဗီလာဗီစင်ဆီယိုမြို့အနီး လာဘင်ဒီစီယွန်ဒေသအနီး၌ မတ် ၉ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က ပျက်ကျကာ လေယာဉ်ပေါ်ပါ ၁၂ ဦးစလုံး သေဆုံးခဲ့ရသည်ဟု ကိုလံဘီယာ မြို့ပြ ကာကွယ်ရေးအဖွဲ့က မတ် ၁ဝ ရက်တွင် သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြိုကွဲနေသော မျောပါရေခဲတုံးပေါ်ပိတ်မိနေသူ တံငါသည်များကို ကယ်တင်ခဲ့ရ

မာဘဲလ်ဟက်၊ မတ် ၁ဝ - အမေရိကန်နိုင်ငံ အိုဟိုင်းယိုး ပြည်နယ်ရှိ အဲရစ်ရေကန်ကြီးတွင် မျောပါနေသော ရေခဲတုံးကြီးပေါ် တွင် ငါးဖမ်းရင်း ပိတ်မိနေသော တံငါသည် ၁၄၆ ဦးတို့အား ကမ်း ခြေစောင့်တပ်နှင့် အရေးပေါ်ကယ် ဆယ်ရေးသမားများက မတ် ၉ ရက်အစောပိုင်းက တဖြည်းဖြည်း ချင်း ပဲ့ကျနေသော ရေခဲတုံးအန္တ ရာယ်မှ ကယ်ဆယ်ပေးခဲ့ရသည် ဟု မတ် ၁ဝရက်က ကမ်းခြေစောင့် တပ်ဖွဲ့အရာရှိဘရန်ယန်မက္ကရွန် က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

သြစတြေးလျနိုင်ငံ ဝိတိုရိယပြည်နယ်တွင် တောမီးလောင်၊ နေအိမ် ၃ဝ ကျော် ပြာကျ

မဲလ်ဘုန်း၊ မတ် ၉ - သြစတြေးလျနိုင်ငံ ဝိတိုရိယ ပြည်နယ်တစ်ဝန်း တောမီးလောင် ကျွမ်းမှုများ ဖြစ်ပေါ်လျက်ရှိရာ တစ်ပတ်ခန့်ကြာပြီဖြစ်ကြောင်း၊ တောမီးကြောင့်လူနေအိမ် ၃ဝ ကျော်နှင့် အခြားအဆောက်အအုံ ၇ဝ ကျော်ပါ လောင်ကျွမ်းခဲ့ရ ကြောင်း၊ မီးတောက်မှာ ယခုအထိ လောင်ကျွမ်းလျက်ရှိကြောင်း၊ အ ရေးပေါ်ကယ်ဆယ်ရေးအာဏာ ပိုင်များက မတ် ၉ရက်တွင် ပြော ကြားလိုက်ကြောင်း ရိုက်တာသတင်း က ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းဝန်ကြီးချုပ် ပြည်နယ်များသို့ မဲဆွယ်စည်းရုံးရေးခရီးဆင်းမည်

ဘန်ကောက်၊ မတ် ၉ - ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် နောက်ရက်သတ္တ ပတ်အတွင်း ပြည်နယ်လေးခုသို့ နှစ်ပတ်ကြာခရီးထွက်မည်ဖြစ်ပြီး ဒေသခံများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ရေးပြုလုပ်ရန်လည်းဖြစ်သည်ဟု မတ် ၉ ရက်သတင်းများအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သမ္မတဒေါ်နယ်ထရန့် နယ်စပ်တံတိုင်းကာရံရေးနှင့် အာကာသတပ်ဖွဲ့ထူထောင်ရေး ရန်ပုံငွေများကို သမ္မတရုံးဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံမည်

ဝါရှင်တန်၊ မတ် ၉ - အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်သည် အိမ်ဖြူတော်ဘတ်ဂျက်၌ နယ်စပ်တံတိုင်းကာရံရေး ရန်ပုံငွေနှင့် တိုးချဲ့ဖွဲ့စည်းမည့် အာကာသတပ်ဖွဲ့တို့အတွက် ရန် ပုံငွေများကို ထည့်သွင်းတောင်းခံ ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သမ္မတရုံးအရာရှိများက မတ် ၉ရက်က ထုတ်ဖော်ပြောဆိုလိုက် သည်။

ဆက်လက်ဖတ်ရှုရန် ...

ကော်လိုရာဒိုပြည်နယ်တွင် ခင်ပွန်းက ဇနီးနှင့် ကလေးနှစ်ဦးအား သတ်ဖြတ်ကာ အလောင်းစွန့်ပစ်

ဒင်ဗာ၊ မတ် ၈ 

အမေရိကန် ကော်လိုရာဒိုပြည်နယ်မှ အသက် ၃၃နှစ်ရှိ ခစ္စတိုပါ ဝပ်(စ်)သည် ကိုယ်ဝန်အရင့်အမာရှိ နေသူ ဇနီးသည်နှင့် သမီးနှစ် ယောက်တို့ကို ဒင်ဗာမြို့တွင်သတ် ဖြတ်ခဲ့မှုဖြင့် ဖေဖော်ဝါရီ ၁၈ ရက်က ဖမ်းဆီးလိုက်သည်ဟု ပြည် နယ်ရဲအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။ ၎င်းသည်ကျူးလွန်ခဲ့ သော ပြစ်မှုများအတွက်လည်း ရဲ များထံဖြောင့်ချက်ပေးခဲ့ပြီး ဖြစ် သည်ဟုလည်း မတ် ၈ ရက်သတင်းများအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗားမောင့်ပြည်နယ် ဖဲယားဟဲဗင်းမြို့၌ ဆိတ်ကို ဂုဏ်ထူးဆောင်မြို့ဝန်အဖြစ် ရွေးချယ်

ဖဲယားဟဲဗင်း၊ မတ် ၈

အမေရိကန်နိုင်ငံ ဗား မောင့်ပြည်နယ် ဖဲယားဟဲဗင်း မြို့ငယ်လေးတစ်မြို့တွင် လင်ကွန်းအမည်ရှိ သုံးနှစ်သား ဆိတ်ငယ်လေးတစ်ကောင်အား ပထမဆုံးအကြိမ် တိရစ္ဆာန်မြို့ ဝန်အဖြစ် ဂုဏ်ထူးဆောင်ရွေးချယ်ခဲ့ကြသည်ဟု မတ် ၈ ရက်သတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...