ချန်ဒူ

တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ နိုင်ငံ၏ အနောက်တောင်ဘက် ဝေးလံခေါင်သီ သော နေရာဒေသမှ ဆင်းရဲသောမိသားစုများထံ တရုတ်သမ္မတ ရှီကျင့်ပင် သွားရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။ အဆိုပါအရပ် ဒေသမှာ မြေငလျင်ထိခိုက်ခံစားရသောအရပ် ဖြစ်ပြီး သမ္မတရှီက ငလျင်ထိခိုက်ခံစားရမှုကို လေ့လာစစ်ဆေးခြင်းလည်း ဖြစ်သည်။

ကိုင်ရို၊ ဖေဖော်ဝါရီ ၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်၏ အရှေ့ အလယ်ပိုင်းခရီးစဉ် စတင်ထွက်ခွာခဲ့ရာ ပထမဆုံးနေရာအဖြစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ဖေဖော်ဝါရီ ၁၂ ရက်က ရောက်ရှိခဲ့ပြီး နောက်ထပ်သွားမည့်နေရာများမှာ ဂျော်ဒန်၊ တူရကီ၊ လက်ဘနွန်နှင့် ကူဝိတ်တို့ဖြစ်ကြောင်း အီဂျစ်သတင်းဌာန MENA က ဖေဖော်ဝါရီ ၁၃ရက်က ဖော်ပြလိုက်ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ တီလာဆင်သည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမာရှောကရီ နှင့် တွေ့ဆုံမည်ဖြစ်ပြီး အီဂျစ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အရှေ့အလယ်ပိုင်း အဓိကပြဿနာများကို ပူးတွဲဖြေရှင်း ရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၃

တောင်ကိုရီးယားကနိုင်ငံ၏ အကြီးဆုံးနေစွမ်းအင်လုပ်ငန်းကို နိုင်ငံအနောက်ပိုင်း ကမ်းခြေတွင် ရေပေါ်လုပ်ငန်းအဖြစ် ထူထောင်မည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်မထိခိုက်သော စွမ်းအင်ထုတ်လုပ်မှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရပိုင်ကုမ္ပဏီ ကိုရီးယားဟိုက်ဒရိုနှင့် နျူကလီးယားပါဝါ (KHNP)က ပြောကြားလိုက်ကြောင်း Yonhap သတင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။

မနီလာ၊ ဖေဖော်ဝါရီ ၁၃

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၃၃ သန်းတန်ဖိုးရှိသော ကနေဒါနိုင်ငံမှ လက်နက်များဝယ်ယူရန် သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီးနောက် တရုတ်၊ ရုရှား စသော အရှေ့တိုင်းမှ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများထံမှ ရဟတ်ယာဉ်များဝယ်ယူ နိုင်သည်ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မော်စကို၊ ဖေဖော်ဝါရီ ၁၂

ခရီးသည် ၇၁ ဦးတင်ဆောင်ထားသည့် လေယာဉ်တစ်စင်းမှာ မော်စကိုမြို့အနီးတွင် ဖေဖော်ဝါရီ ၁၁ ညနေ ၇ နာရီခွဲခန့်ကပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးသွားခဲ့ကြောင်း၊ ရုရှား၏ လေကြောင်းပျံသန်းမှုသမိုင်းတွင် အကြီးမားဆုံးဖြစ်ရပ်ဖြစ်ကြောင်း CNAသတင်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြလိုက်သည်။ စစ်ဆေးမှုများအရ An-148 လေယာဉ်မှာ မော်စကိုမြို့ပြင်ရာ မင်စကီခရိုင်တွင်ပျက်ကျခဲ့ကြောင်း၊ မော်စကိုဒိုမိုဒီဒိုပိုလေယာဉ်ကွင်းမှ ပျံတက်ပြီး မကြာမီတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ ပြောခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ထိပ်သီးဆွေးနွေး ခြင်းမှာ ကိုရီးယားကျွန်းဆွယ်အတွင်း နျူကလီးယားကင်းမဲ့ ရေးအတွက် ဆောင်ရွက်ရာတွင် ပထမခြေလှမ်း ဖြစ်လိမ့် မည်ဖြစ်ကြောင်း အာဏာရ ဒီမိုကရက်တစ် ပါတီခေါင်း ဆောင်များက ပြောကြားလိုက်ကြသည်။ မြောက်ကိုရီးယားခေါင်း ဆောင်၏နှမနှင့် အထူးသံတ မန်ကင်ယိုဂျုံက မွန်အား မြောက်ကိုရီးယားသို့ လာလည်ရန်နှင့် ကိုရီးယားနှစ်နိုင်ငံအကြားတတိယမြောက် ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်သွားရန် ပြောကြားခဲ့သည်။

ဖလော်ရီဒါ၊ ဖေဖော်ဝါရီ ၁၂ 

သူမ၏သား သုံးတန်းနှစ်မှ ငါးတန်းနှစ်အထိ အနိုင်ကျင့်သူများ၏ ဗီရိုထဲတွင် ပိတ်ထားခြင်း၊ လက်သီး ဖြင့်ထိုးခြင်းများကို ခံခဲ့ရသည်ဟု အယ်လီဆင်ဟော့ခ်ျစတက်လာကဆိုသည်။ ကျောင်းသားတစ်ဦးက သူမ၏သားကို ဓားနှင့်ထိုးမည်ဟု ခြိမ်း ခြောက်ခဲ့သည်။ ကျောင်းအုပ်ချုပ် ရေးအဖွဲ့က ညှဉ်းပန်းသူများကို မ တားနိုင်ခဲ့၍ အယ်လီဆင်သည် သူမ၏သားကို ပုဂ္ဂလိကကျောင်းတစ်ခုသို့ ရွှေ့ပြောင်းခဲ့သည်။ သူမ၏သား ကျောင်းစရိတ်အတွက် ဝင်ငွေနည်းသော သို့မဟုတ် ဝင်ငွေ အလယ်အလတ်ရှိသော မိသားစုများကို အစိုးရကပေးသည့် ထောက်ပံ့ကြေးရရှိသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၁၁

တရုတ်နိုင်ငံ ပေကျင်းရဲတပ်ဖွဲ့သည် ဇီဒန်းခရိုင် Jay City Mall  ကုန်တိုက်တွင် ဓားကိုင်ရမ်းကားခဲ့၍ အနည်းဆုံး လူတစ်ဦးဒဏ်ရာရရှိသွားခဲ့ခြင်းအတွက် တရားခံဖြစ်သူအား ဖေဖော်ဝါရီ ၁၁ ရက်နေ့က လက်ပူးလက်ကြပ်ဖမ်းဆီးလိုက်သည်ဟု သတင်းများအရ သိရှိရသည်။ သို့သော် ဓားဖြင့်တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသူ ဦးရေအတိအကျအား ရဲတပ်ဖွဲ့က ထုတ်ဖော်မပြောခဲ့ချေ။ 

Page 4 of 58