တိုကျို၊ ဇန်နဝါရီ ၆

နိုဝင်ဘာလကပျက်ကျပြီး အမှုထမ်းသုံးဦးသေဆုံးခဲ့ရသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်ကို ပစိဖိတ်သမုဒ္ဒရာကြမ်းပြင်၌ အမေရိကန်ရေတပ်ကတွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘော USS ရော်နယ်ရီဂင်သို့အသွား C-2A ဂရေဟွန်းလေယာဉ်သည် ကျေးဇူး တော်နေ့မတိုင်မီ ဖိလစ်ပိုင်ပင်လယ်၌ပျက်ကျခဲ့ကြောင်း၊ ရေအနက် ၅၆၄ဝ မီတာ၌ရောက်ရှိနေကြောင်း ဂျပန်အခြေစိုက်အမှတ်(၇)ရေ တပ်က ၎င်း၏ ဇန်နဝါရီ ၆ ရက် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဒမတ်စကတ်၊ ဇန်နဝါရီ ၆

ဆီးရီးယားနိုင်ငံ ဒမတ်စကတ် မြို့ပြင် အရှေ့ဂိုတာဒေသ၌ ဆီးရီးယားအစိုးရတပ်များနှင့် အတိုက်အခံတို့ တစ်ပတ်ခန့်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သွေးကြွ ၇၇ ဦးသေဆုံးခဲ့ကြောင်း၊ စောင့် ကြည့်လေ့လာရေးအဖွဲ့ကပြော ကြားလိုက်သည်ဟု ဆင်ဟွာသတင်းက ဖော်ပြခဲ့သည်။

ရီယတ်၊ ဇန်နဝါရီ ၆

ဆော်ဒီအာရေဗီးယားနိုင်ငံတွင် မင်းညီမင်းသား ၁၁ ဦးအား အစိုးရဆန့် ကျင်ရေး ဆန္ဒပြမှုများကြောင့် ရဲအဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ဇန်နဝါရီ ၆ ရက် သတင်းများအရသိရှိရသည်။ ၎င်းတို့သည် အစိုးရက ရေခွန်၊ မီး ခွန်များပေးသွင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်ကို မလိုက်နာခြင်းနှင့် ယမန်နှစ်က အသတ်ခံခဲ့ရသူ မင်းသားအတွက် ကရုဏာကြေးပေးရန် တောင်းဆိုကာ ဆန္ဒ ပြခဲ့ခြင်းဖြစ်သည်။

ကဘူးလ်၊ ဇန်နဝါရီ ၅ 

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်တွင် အသေခံဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှု ကြောင့် လူ ၈ဝ ခန့်သေဆုံးဒဏ်ရာရခဲ့ကြောင်း ဇန်နဝါရီ ၅ ရက် ရိုက်တာသတင်းကဆိုသည်။ အသေခံဗုံးခွဲသမားသည် တရားမဝင် မူးယစ်ဆေးဝါးနှင့်အရက် နှိမ်နင်းရေးလုပ် ဆောင်နေသော လုံခြုံရေးအဖွဲ့တစ်ခုအနီးတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု အိုင်အက်စ် အဖွဲ့ကကြေညာသည်။

ဆစ်ဒနီ၊ ဇန်နဝါရီ ၅ 

သြစတြေးလျနိုင်ငံရှိ ကမ္ဘာ့ယဉ် ကျေးမှု အမွေအနှစ်စာရင်းဝင် Great Barrier Reef သန္တာ ကျောက်တန်းကြီးကို စားသောက်ဖျက်ဆီးနေသည့် ကြယ်ငါး အရေအတွက် ရုတ်တရက်တိုးပွားလာကြောင်း၊ အစိုးရအနေဖြင့် ကြယ်ငါးများကို သုတ်သင် ရှင်းလင်းသင့်ကြောင်း သိပ္ပံပညာရှင်များက ဇန်နဝါရီ ၆ ရက်တွင် သတိပေးကြေညာလိုက်သည်။

နယူးဒေလီ၊ ဇန်နဝါရီ ၅ 

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ် ပြည် နယ်တွင် အအေးလှိုင်းကျ ရောက်ခဲ့၍ လူလေးဦးသေ ဆုံးခဲ့ရသည်ဟု အရာရှိများက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

ကရွန်စတတ် ဇန်နဝါရီ ၅ ၊တောင်အာဖရိကနိုင်ငံတွင် ကြာသပတေးနေ့က ဖြတ်လမ်းတစ်ခု၌ ခရီးသည်တင်ရထားတစ်စင်းက ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ပြီး ၂၅၄ ဦး ဒဏ်ရာရရှိခဲ့ကာ ရထားတွဲများစွာမှာလည်း ရထားသံလမ်းမှ တိမ်းချော်ခဲ့ရသည်။

ရှန်ဟိုင်း ဇန်နဝါရီ ၅ ၊တရုတ်ရာသီဥတုဗျူရိုက သောကြာနေ့တွင် နှင်းထူထပ်စွာ ကျဆင်းမှုနှင့် ကြုံတွေ့ရမည့် ဒေသအနည်းငယ်သာရှိပြီး နှင်းမုန်းတိုင်း လိမ္မော်ရောင်သတိပေးချက်ကို ရုပ်သိမ်းပေးခဲ့သော်လည်း နိုင်ငံ ဒေသတော်တော်များများတွင် မိုးသည်းထန်စွာရွာသွန်းလိမ့်မည်ဟု သတိပေးထားသည်။

Page 4 of 44