HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

လက်စတာအသင်း ကွင်းပြင်ပတွင် ပျက်ကျခဲ့သော ရဟတ်ယာဉ်အတွင်း အသင်းပိုင်ရှင် ဗီချိုင်း လိုက်ပါခဲ့ဟု BBC ဖော်ပြ

လက်စတာ၊ အောက်တိုဘာ ၂၈

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းကိုပိုင်ဆိုင်သော ထိုင်းလူမျိုးလုပ်ငန်းရှင် ဗီချိုင်းပိုင်ဆိုင်သော ရဟတ်ယာဉ်သည် လက်စတာအသင်း ကွင်းပြင်ပရှိ ကားပါကင်တွင်ပျက်ကျခဲ့ရာ အဆိုပါရဟတ်ယာဉ်အတွင်း ဗီချိုင်းလည်း လိုက်ပါစီးနင်းခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဟာရီကိန်းမုန်တိုင်း Willa မက္ကဆီကိုနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်၊ ရေကြီးမှုနှင့် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၄ - ဟာရီကိန်းမုန်တိုင်း Willa သည် မက္ကဆီကိုနိုင်ငံ၏ ပစိဖိတ် ကမ်းရိုးတန်းကို ဒေသစံတော်ချိန် အောက်တိုဘာ ၂၃ ရက် ညနေ နှောင်းပိုင်းတွင် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂ဝ နှုန်းဖြင့် ဝင် ရောက်တိုက်ခတ်ခဲ့ပြီး ဓာတ်အား ပြတ်တောက်ခြင်း၊ အဆောက် အအုံများပျက်စီးခြင်းနှင့် မိုးသည်း ထန်စွာရွာသွန်းမှုတို့ဖြစ်ပေါ်ခဲ့ပြီး လူပေါင်းများစွာကို ဘေးကင်းလုံ ခြုံရာနေရာသို့ ရွှေ့ပြောင်းပေးထား စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

နာဂျစ်ရာဇတ်ကို လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအဖွဲ့ ထပ်မံခေါ်ယူ၊ စွဲချက်အသစ်တင်ခံရဖွယ်ရှိဟုဆို

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၄ - မလေးရှားလာဘ်ပေးလာဘ် ယူတိုက်ဖျက်ရေးအဖွဲ့ (MACC)က မလေးရှားဝန်ကြီးချုပ်ဟောင်းနာ ဂျစ်ရာဇတ်နှင့်ဘဏ္ဍာရေးဌာနအ ထွေထွေအတွင်းရေးမှူးဟောင်း အာဝမ်ဆီရီဂါတို့အား ပူထရာဂျာ ယာရှိရုံးချုပ်သို့ အောက်တိုဘာ ၂၄ ရက်ကဆင့်ခေါ်လိုက်ကြောင်း ဘာနာမာသတင်းကဖော်ပြသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားနိုင်ငံရှိ ပိတ်ထားသော ကေဆောင်စက်မှုဇုန်သို့ တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များ သွားရောက်လည်ပတ်မည်

ဆိုးလ်၊ အောက်တိုဘာ ၂၄-  မြောက်ကိုရီးယားနယ်စပ်မြို့ တွင်ရှိပြီး ယခုပိတ်ထားသောကေ ဆောင်စက်မှုဇုန်သို့ ယင်းစက်မှု ဇုန်အတွင်း စက်ရုံလုပ်ငန်းများလုပ် ကိုင်ခဲ့သော တောင်ကိုရီးယားစီး ပွားရေးလုပ်ငန်းရှင်များသည် အ စောဆုံးလာမည့်သီတင်းပတ်တွင် သွားရောက်လည်ပတ်မည်ဖြစ် ကြောင်း အစိုးရအရာရှိတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

အလယ်အလတ် ဝင်ငွေရှိသူများကို ဝင်ငွေခွန် ၁ဝ ရာခိုင်နှုန်း ထရန့် လျှော့ပေးမည်

ဝါရှင်တန်၊ အောက်တိုဘာ ၂၃

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်၌သတင်း ထောက်များအား ပြောကြားသည်မှာ တက္ကဆက်ပြည်နယ်၌ မဲဆွယ် စည်းရုံးရန်သွားစဉ် အလယ်အလက်ဝင်ငွေရှိသူများအား ဝင်ငွေခွန် ၁ဝ ရာခိုင်နှုန်းလျှော့ချသွားမည်ကို နှစ်ပတ်အတွင်း ကြေညာသွား မည်ဟု ပြောကြားသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းက အောက်တိုဘာ ၂၃ တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ယူကရိန်းကို ပိတ်ဆို့ အရေးယူရန် ရုရှားသမ္မတ ပူတင် အမိန့်ပေး

မော်စကို၊ အောက်တိုဘာ ၂၃

ရုရှားသမ္မတဗလာဒီမာပူတင်က အမိန့်ဒီကရီတစ်ရပ်ကို လက် မှတ်ရေးထိုးလိုက်သည်။ အဆိုပါ အမိန့်တွင် ယူကရိန်းနိုင်ငံက ရု ရှားအပေါ် ရန်သူကဲ့သို့ဆက်ဆံ သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း များ၏စာရင်းကိုပြုစုရန် ပါဝင် ကြောင်း၊ ဆင်ဟွာအမိန့်သတင်း က အောက်တိုဘာ ၂၃ ရက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံရေးတွင် သက်ဆင် ဝင်ရောက် စွက်ဖက်နေမှုကို စုံစမ်းပေးရန် ထိုင်း ဒုတိယဝန်ကြီးချုပ် တောင်းဆို

ဘန်ကောက်၊ အောက်တိုဘာ ၂၃ 

ထိုင်းဒုတိယဝန်ကြီးချုပ်ပရာ ဝတ်ဝေါင်ဆူဝန်က ဝရမ်းပြေးဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထ ရာအနေဖြင့် နိုင်ငံရပ်ခြားမှ Pheu Thai ပါတီ၏ အရေးကိစ္စများကို လွှမ်းမိုးထိန်းချုပ်နေမှုကိုရွေးကောက် ပွဲကော်မရှင်အနေဖြင့် စုံစမ်းပေးရန် အောက်တိုဘာ ၂၂ ရက်တွင် တိုက် တွန်းလိုက်ပြီး ယင်းအတွက်ကြောင့် နိုင်ငံရေးပါတီများအပေါ်ချမှတ်ထား သည့် ဥပဒေကိုချိုးဖောက်မှုအတွက် ပါတီဖျက်သိမ်းခံရနိုင်ခြေရှိသည် ဟုလည်းဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မလေးရှားတွင် အတိတ်က အကျင့်ပျက်ခြစားမှု ယခုအထိပါလာခဲ့ကြောင်း မဟာသီယာပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၂

မလေးရှား၏ အကျင့်ပျက်ခြစားမှုမှာ အစိုးရ အပြောင်းအလဲ လုပ်ပြီးနောက် အတူပါလာခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ကြောင်း စီအင်န်အေသတင်းက အောက်တိုဘာ ၂၂ ရက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...