နယူးဒေလီ၊ ဇန်နဝါရီ ၅ 

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ် ပြည် နယ်တွင် အအေးလှိုင်းကျ ရောက်ခဲ့၍ လူလေးဦးသေ ဆုံးခဲ့ရသည်ဟု အရာရှိများက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြောကြား လိုက်သည်။

ကရွန်စတတ် ဇန်နဝါရီ ၅ ၊တောင်အာဖရိကနိုင်ငံတွင် ကြာသပတေးနေ့က ဖြတ်လမ်းတစ်ခု၌ ခရီးသည်တင်ရထားတစ်စင်းက ထရပ်ကား တစ်စင်းကို ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ပြီး ၂၅၄ ဦး ဒဏ်ရာရရှိခဲ့ကာ ရထားတွဲများစွာမှာလည်း ရထားသံလမ်းမှ တိမ်းချော်ခဲ့ရသည်။

ရှန်ဟိုင်း ဇန်နဝါရီ ၅ ၊တရုတ်ရာသီဥတုဗျူရိုက သောကြာနေ့တွင် နှင်းထူထပ်စွာ ကျဆင်းမှုနှင့် ကြုံတွေ့ရမည့် ဒေသအနည်းငယ်သာရှိပြီး နှင်းမုန်းတိုင်း လိမ္မော်ရောင်သတိပေးချက်ကို ရုပ်သိမ်းပေးခဲ့သော်လည်း နိုင်ငံ ဒေသတော်တော်များများတွင် မိုးသည်းထန်စွာရွာသွန်းလိမ့်မည်ဟု သတိပေးထားသည်။

ဆိုးလ် ဇန်နဝါရီ ၅ ၊လာမည့်သီတင်းပတ်တွင်ဆွေးနွေးပွဲများကျင်းပရန် တောင်ကိုရီးယားနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံသော ကြေညာချက်တစ်ခုကို ပြုံးယမ်းအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် တောင်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် တရားဝင်ဆွေးနွေးပွဲများကို ဇန်န​ဝါရီ ၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

ဝါရှင်တန်၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၄င်းထံတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထက် ပိုမိုကြီးမားသောနျူကလီးအင်အားကို ပိုင်ဆိုင်ကြောင်း အင်္ဂါနေ့တွင် သတိပေးပြောကြားလိုက်ပြီး ယင်းသည် ပြုံးယမ်းနှင့် ဆိုးလ်အကြား အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ အလားအလာကို ဝါရှင်တန်က ပယ်ချလိုက်ခြင်းလည်း ဖြစ်သည်။

အာမန် ၊ ရုရှားဂျက်လေယာဉ်များက ကျောထောက်နောက်ခံပေးထားသောဆီးရီးယားစစ်တပ်သည် မြို့တော် ဒမတ်စကတ် အရှေ့ဘက်ရှိ သူပုန်တို့၏ နောက်ဆုံး အခြေစိုက်စခန်းကို ဗုံးကြဲရန် ပြင်ဆင်နေပြီး အတိုက်အခံတပ်ဖွဲ့များက ဝန်းရံထားသော စစ်တပ်အခြေစိုက်စခန်းကို ပြန်လည်ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း ဒေသခံများနှင့် မျက်မြင်သက်သေများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဘက်နင် ဗီယက်နမ် ၊ ဗီယက်နမ်နိုင်ငံ မြို့တော်၊ ဟိုချီမင်းမြို့အရှေ့ဘက်တွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့် အတွက် အိမ်အများအပြားပျက်စီးခဲ့ရပြီး အနည်းဆုံး လူ ၆ ဦးဒဏ်ရာရရှိခဲ့ရသည့် အပြင် ကလေးငယ်တစ်ဦးနှင့် အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ကိုင်ရို၊ ဇန်နဝါရီ ၂

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၁ ရက် နံနက်အစောပိုင်းက နှစ်သစ်ကူးပွဲ ဆင်နွှဲနေစဉ် သေနတ်သမားတစ်ဦး၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရဲဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရသည်ဟု တရားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ဇန်နဝါရီ ၂ ရက် သတင်းများအရသိရသည်။ ယင်းသည် လူနည်းစု ခရစ်ယာန်ဘာသာဝင်များ အကြမ်းဖက်ခံရမှုတွင် လူအသေအပျောက်ရှိခဲ့ သော နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပြီး ကိုင်ရိုမြို့ တောင်ဘက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် သုံးရက်မျှသာရှိသေးစဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Page 5 of 44