HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

တရုတ်က ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်လိုက်ကြောင်း ကြေညာ ၊ ၂ဝ၁၈ ခုနှစ်ကထက် နည်းသွားသည်ဟုဆို

ပေကျင်း၊ မတ် ၅ - တရုတ်က ၂ဝ၁၉ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်လိုက် ကြောင်း မတ် ၅ ရက်တွင် ကြေ ညာလိုက်သည်။ သို့ရာတွင် ၂ဝ၁၈ ခုနှစ်ကထက်လျော့သွားကြောင်း အကြောင်းမှာ စီးပွားရေးနှေးကွေး မှုနှင့် ရင်ဆိုင်နေရ၍ဖြစ်ကြောင်း AFP သတင်းကဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

၁၉၈၇ နျူးကလီးယားစာချုပ်မှ ရုရှားနုတ်ထွက်ကြောင်း သမ္မတပူတင် ကြေညာ

မော်စကို၊ မတ် ၅  - ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံသည် ၁၉၈၇ ခုနှစ်ကချုပ်ဆို ခဲ့သော နျူကလီးယားလက်နက်ထိန်း ချုပ်ရေးစာချုပ်မှ နုတ်ထွက်ကြောင်း၊ အဆိုပါစာချုပ်ကို အမေရိကန်က ချိုး ဖောက်ခဲ့ကြောင်းပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးပွဲ ပျက်ရခြင်းမှာ ကိုဟင်အား ဒီမိုကရက်တို့က စစ်ဆေးမေးမြန်းခဲ့၍ဖြစ်ရကြောင်း ထရန့်ပြောကြား

ဆိုးလ်၊ မတ် ၎

အမေရိကန်သမ္မတဒေါ်နယ် ထရန့်က မတ် ၄ ရက်တွင် ပြောကြားလိုက်သည်မှာ ဒီမိုကရက်တစ် အမတ်များက  ၎င်း၏ကြာရှည်စွာ ပေါင်းသင်းလာသည့် ပြန်ဖြေသူ ရှေ့နေမိုက်ကယ်ကိုဟင်အား မေးခွန်းများမေးရန် ဆုံးဖြတ်ခဲ့၍ဖြစ် ကြောင်း၊ အဆိုပါမေးမြန်းသည့် နေ့၌ ကင်ဂျုံအန်နှင့် ၎င်းတို့ထိပ်သီးဆွေးနွေးသည့်နေ့မှာ တစ်ရက် တည်းဖြစ်နေကြောင်း၊ ထို့ကြောင့် ကင်နှင့် ထိပ်သီးဆွေးနွေးပွဲပျက်သွားခဲ့ရကြောင်း ထရန့်က ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းက မတ် ၄ရက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

အက်စ်တိုးနီးယား နိုင်ငံတွင် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပ၊ ဗဟိုလက်ယာဝါဒီများ အနိုင်ရရှိနေ

အက်စ်တိုးနီးယား၊ မတ် ၎

ဘော်လတစ်ဒေသ အက်စ်တိုးနီးယားနိုင်ငံတွင် ပါလီမန်ရွေး ကောက်ပွဲများ ကျင်းပနေပြီဖြစ်ပြီး လက်ယာယိမ်းဝါဒီများ ပဏာမစာရင်းများအရ အနိုင်ရရှိနေသည်ဟု မတ် ၄ ရက်သတင်းများအရ သိရှိရသည်။ နိုင်ငံတွင်း မဲရုံ ၄၅၁ ရုံ ဖွင့်လှစ်ကာ လက်ရှိဝန်ကြီးချုပ် ဂျူရီရာသာ၏ ဗဟိုပါတီမှ မဲများစွာ အသာရရှိနေသည်ဟု သတင်းများအရလည်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကင်ညာ အနောက်မြောက်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျ၍ ပိုင်းလော့ အပါအဝင် ငါးဦးသေဆုံး

လော့ဝါ(ကင်ညာ)၊ မတ် ၎

ကင်ညာနိုင်ငံ အနောက်မြောက်ဘက် တာကန်နာစီရင်စုတွင် မတ် ၄ ရက် ည ၈ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၇းဝဝ နာရီ)အချိန်တွင် အပေါ့စားလေယာဉ်တစ်စင်းပျက်ကျခဲ့သောကြောင့် လေယာဉ်ပေါ်ပါ လူငါးဦးတို့ သေဆုံးခဲ့ရသည်။ သေဆုံးသွားသူများထဲတွင် ကင်ညာနိုင်ငံ ဒုတိယ သမ္မတဝီလျံရူတို၏ လေယာဉ်မှူးဖြစ်သော ကက်ပတိန်မာရီယိုမာဂွန်နာ ပါဝင်သွားပြီး ကျန်လေးဦးမှာ အမေရိကန် လူမျိုးများဖြစ်ကြသည်ဟု ကင်ညာအစိုးရသတင်းထုတ်ပြန် ချက်တွင်ပါဝင်ခဲ့သည်။ လေယာဉ်နှစ်စင်းပျံသန်းခဲ့ခြင်းဖြစ် ပြီး တစ်စင်းပျက်ကျခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗီယက်နမ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ်များ အပြန်အလှန် လည်ပတ်ကြမည်

ဟနွိုင်း၊ မတ် ၃

ဗီယက်နမ်နိုင်ငံနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအဆင့်မြင့်အရာရှိများအပြန်အလှန်လည်ပတ်မှုများပြုလုပ်နိုင်ခြင်းအား ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဗီယက်နမ်သမ္မတ ငုယင်ဖူထရောင်းတို့ သဘောတူညီခဲ့ကြသည်ဟု မတ် ၃ ရက် ဆင်ဟွာသတင်းဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မည်သည့် ပြည်ပကျူးကျော်မှုများကိုမဆို ဗင်နီဇွဲလားနိုင်ငံက တွန်းလှန် တိုက်ခိုက်သွားမည်

တီဟီရန်၊ မတ် ၃

ဗင်နီဇွဲလားနိုင်ငံသည် မည်သည့်ပြည်ပကျူးကျော်တိုက်ခိုက် မှုများကိုမဆို မိမိနိုင်ငံစွမ်းအား ဖြင့်သာ ပြန်လည်တိုက်ခိုက်သွားမည်ဟု အီရန်သို့ရောက်ရှိနေသော ဗင်နီဇွဲလား ဒုတိယနိုင်ငံခြားရေး ဝန်ကြီးကမတ် ၃ ရက်က ထုတ် ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဟမ်ဇာဘင်လာဒင်၏ နိုင်ငံသားဖြစ်မှုကို ဆော်ဒီအာရေဗီးယား အစိုးရက ရုပ်သိမ်းထားကြောင်း ကြေညာ  

ဒူဘိုင်း၊ မတ် ၃

ဆော်ဒီအာရေဗီးယားနိုင်ငံသည် အကြမ်းဖက်ခေါင်းဆောင် သေဆုံးသူ အိုစမာဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင်၏ နိုင်ငံသားဖြစ်မှုကိုရုပ်သိမ်းလိုက်ပြီဟု မတ် ၁ ရက်က ပြောကြားလိုက်ကြောင်း မတ် ၃ ရက်နေ့ သတင်းများအရသိရှိရသည်။ ဟမ်ဇာဘင်လာဒင်သည် အယ်လ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့ကြီး၏ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားလာခြင်းကြောင့် နိုင်ငံသားဖြစ်မှုအခွင့်အရေးကို ၎င်းထံမှသိမ်းယူခဲ့ခြင်းဖြစ်သည် ဟုအစိုးရကြေညာချက်တွင် ဖော်ပြခဲ့သည်။ အိုစမာဘင်လာဒင်၏သား ဟမ်ဇာဘင်လာဒင်အား အမေရိကန်အစိုးရက ၎င်းရှိရာနေရာကို သတင်း ပေးနိုင်သူအား ဒေါ်လာတစ်သန်း ဆုချီးမြှင့်မည်ဟု ကြေညာခဲ့ပြီးနောက် ဆော်ဒီအာ ရေဗီးယားနိုင်ငံအစိုးရ၏ ယခုကြေ ညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းအား အမေရိကန်နိုင်ငံအား အန္တရာယ်ပေးနိုင်သူအဖြစ်လည်း သတ်မှတ်ထားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...