တီဟီရန်၊ ဇန်နဝါရီ ၁

အီရန်အစိုးရအား ဆန့်ကျင်ဆန္ဒပြသူများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စာနာထောက်ထားသည်ဟု ပြောကြား၍ ကြားဝင် နှောင့်ယှက်ခြင်းအပေါ် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဝေဖန်ပြစ်တင် ပြောကြားလိုက်ကြောင်း ဒေသသတင်းများက ဖော်ပြခဲ့ကြသည်။ မိမိတို့လူထုကို စာနာထောက် ထားသည်ဟုပြောသောပုဂ္ဂိုလ်(ဒေါ် နယ်ထရန့်) မှာ လအနည်းငယ်က အီရန်လူမျိုးများသည် ''အကြမ်းဖက်သမားများ''ဖြစ်ကြသည်ဟု ပြောကြားခဲ့သည်ကို မေ့နေပုံပေါ် ကြောင်း၊ ရိုဟာနီက ၎င်း၏အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားလိုက် ကြောင်း ဆင်ဟွာသတင်းက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြလိုက်သည်။

ဘန်ကောက်၊ ဇန်နဝါရီ ၁

ထိုင်း ငြိမ်ဝပ်ပိပြားရေးနှင့် ငြိမ်းချမ်းရေး အမျိုးသားကောင်စီသည် ပေးထားသော ရွေးကောက်ပွဲကတိကဝတ်များကို ဖြည့်ဆည်းပေးရန် အချိန်တန်နေပြီဖြစ်ကြောင်း ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ်ဗီဂျာလီဗာက ပြောဆိုလိုက်သည်ဟု ဇန်နဝါရီ ၁ ရက်သတင်းများအရ သိရှိရသည်။

ဆိုးလ်၊ ဇန်နဝါရီ ၁

တောင်ကိုရီးယားနိုင်ငံ သမ္မတရုံးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏နှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုကြောင်း ပြောကြားလိုက်သည်။ ကင်ဂျုံအန်၏ မိန့်ခွန်းတွင် လာမည့်ဆောင်းရာသီအိုလံပစ် ပွဲ တော်သို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ဖော်ပြခဲ့ကြောင်း၊ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို တောင်ကိုရီးယား ပြုံချန်၌ကျင်းပသွားမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဖနွမ်ပင်၊ ကမ္ဘောဒီးယားတရားရုံးတစ်ခုက ပြည်ပြေးဘဝရောက်နေသည့် အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟွန်ဆန်အား ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် အသရေဖျက်မှုဖြင့် ဒေါ်လာတစ်သန်းဒဏ်ရိုက်လိုက် ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဒီဇင်ဘာ ၃ဝ ရက်တွင်ဖော်ပြ ခဲ့သည်။

ဘန်ကောက်၊ ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လတ် လန်ဒန်မြို့တွင် ဈေးဝယ်နေ သည်ဟု ယူဆရသော ဓာတ်ပုံတစ်ပုံ ထွက်နေကြောင်း ဒီဇင်ဘာ ၃ဝ ရက် ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။ ပုံကို ဒစ်ဂျစ်တယ်သတင်း ရုပ်သံလိုင်းတစ်ခုဖြစ်သော new 18 က စတင်ဖော်ထုတ်ပြသခဲ့သည်။

ဆိုးလ်၊ ကုလသမဂ္ဂ ဆန်ရှင်များကို ချိုးဖောက်ကာ မြောက်ကိုရီးယား သင်္ဘောတစ်စင်းအား ရေနံများ လွှဲပေးခဲ့သော ဟောင်ကောင်မှတ်ပုံ တင်သင်္ဘောမှ သင်္ဘောသားများကို တောင်ကိုရီးယားတွင် ထိန်း သိမ်းကာ စစ်ဆေးမေးမြန်းနေကြောင်း အကောက်ခွန် အာဏာပိုင် များက ဒီဇင်ဘာ ၃ဝ ရက်တွင် ပြောကြားသည်။

အယ်လ်တာမာနာ၊ ဒီဇင်ဘာ ၃ဝ ၊ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အစ်ဒလစ်ပြည်နယ်နှင့် ဟားမားပြည်နယ်ကြားတွင် ဂျီဟတ်လက်နက်ကိုင်များကို အစိုးရတပ်များက ရုရှား၏ လေကြောင်းပစ်ကူများနှင့်အတူ တိုက်ခိုက်ခဲ့ရာ လူ ပေါင်း ဒါဇင်နှင့်ချီသေဆုံးခဲ့ရကြောင်း ဒီဇင်ဘာ ၃ဝ ရက် AFP သတင်း ကဆိုသည်။

ကိုင်ရို၊ ဒီဇင်ဘာ ၃ဝ - အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမြို့၏ တောင်ဘက်ရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းကို သေနတ်သမားတစ်ဦးက ဝင် ရောက်ပစ်ခတ်ရာ ကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၃ဝ ရက် င်္ဗဏ သတင်းကဆိုသည်။ အိုင်အက်စ် အဖွဲ့က မိမိတို့၏လက်ချက်ဟု ကြေညာသည်။

Page 6 of 44