HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အိန္ဒိယတွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး လျှိုထဲထိုးကျ၊ ၄၇ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ  

ဒေဒါဒန်၊ ဇူလိုင် ၁

အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ္တရာခန်ပြည်နယ်တွင် ခရီးသွားဘတ်စ်ကားတစ်စီးသည် ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် မီတာ ၆ဝ ခန့် နက်သောလျှိုထဲသို့ အရှိန်လွန်ပြီး ထိုးကျခဲ့ရာ ၄၇ ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ပါတီဘဏ် ငွေသွင်း ငွေထုတ်များအား ပိတ်ပင် တားမြစ်

ကွာလာလမ်ပူ၊ ဇွန် ၃ဝ

မလေးရှားနိုင်ငံသည် ယခင်ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ပါတီ The United Malays National Organisation (UMNO) ၏ ငွေသွင်းငွေထုတ်များအား ဇွန် ၂၉ ရက်တွင် ပိတ်ပင်လိုက်သည်ဟု ဇွန် ၃ဝ ရက်သတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်များအတွက် လောင်စာ ထုတ်လုပ်မှုများ တိုးချဲ့နေဟု အမေရိကန် ထောက်လှမ်းရေး သတင်းများက ဖော်ပြ

ဝါရှင်တန်၊ ဇွန် ၃ဝ

မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီကာလများအတွင်းကပင် နျူကလီးယားလက်နက်များတွင် အသုံးပြုထည့်သွင်းရသော လောင်စာများ အမြောက်အမြား ထုတ်လုပ်နေသည်ဟု ထောက်လှမ်း ရေးသတင်းများအရသိရှိနေရပြီး ယင်းသည် အမေရိကန်နိုင်ငံနှင့် နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးဆွေးနွေးထားပြီးဖြစ် သော်လည်း နျူကလီးယားလက်နက်များ လျှို့ဝှက်ထုတ်လုပ်နေသည်ဟု ယူဆစရာအကြောင်းများရှိကြောင်း အမေရိကန်အရာရှိ များထံမှရရှိသောသတင်းများကို ကိုးကားလျက် NBC သတင်းဌာနက ဇွန် ၃ဝ ရက်က သတင်းထုတ် ပြန်လိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ကုန်တင်ကားနှင့် လူစီးကား တစ်စီး ရင်ဆိုင်တိုက်မိ၊ ၁၈ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

ချန်ရှာ၊ ဇွန် ၃ဝ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှာမြို့တွင် ဇွန် ၂၉ ရက် ည ၈ နာရီ ၄၁ မိနစ်က ကုန်တင်ကားတစ်စီးနှင့် ခရီးသည်တင်ကားတစ်စီးတို့ အမြန်လမ်းမကြီးပေါ်တွင် ရင်ဆိုင်တိုက်မိမှုဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယား ဖျက်အားပြင်း လက်နက်များ ဖျက်သိမ်းရန် အမေရိကန်နှင့် ဂျပန်တို့ အဆုံးစွန်ထိ ကြိုးပမ်းမည်

တိုကျို၊ ဇွန် ၂၉

မြောက်ကိုရီးယား၏ဒုံးလက်နက်များအပါအဝင် ဓာတုလက်နက်များ၊ အဏုမြူလက်နက်များ ဖျက်သိမ်းရေးအတွက် အမေရိကန်နှင့်ဂျပန်နှစ်နိုင်ငံတို့က ဘုံရည်မှန်းချက်အဖြစ် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်တစ်က ဇွန် ၂၉ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆန်နိုရီအိုနိုဒဲရာနှင့် တိုကျိုမြို့၌တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ပြောခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မလေးရှားတွင် အတိုက်အခံကောင်း လိုအပ်သော်လည်း UMNO ပါတီမှာ စည်းလုံးညီညွတ်မှု မရှိဟု မဟာသီယာပြော

ကွာလာလမ်ပူ၊ ဇွန် ၂၉

မလေးရှားအစိုးရသည် အတိုက်အခံကောင်း လိုအပ်သော်လည်း မိမိ၏ ယခင်ပါတီ UMNO သည် စည်းလုံးညီညွတ်မှုမရှိဟု ဝန်ကြီးချုပ်မဟာသီယာက ပြောကြားကြောင်း ဇွန် ၂၉ ရက် CNA သတင်းကဆိုသည်။ မလေးရှားအစိုးရအဖြစ် နှစ်ပေါင်း ၆ဝ ကျော် အုပ်ချုပ်ခဲ့သော Barisan National  ညွန့်ပေါင်းအဖွဲ့တွင် UMNO သည် အကြီးဆုံးပါတီဖြစ်သည်။ သို့သော် မေ ၉ ရက် ရွေး ကောက်ပွဲတွင် မဟာသီယာ၏ Pakatan Harapan  ပါတီကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရသည်။ UMNO သည် ဇွန် ၃ဝ ရက်တွင် ပါတီဥက္ကဋ္ဌအသစ် ရွေးချယ်တင် မြှောက်ရန် စီစဉ်နေသည်။

ဆက်လက်ဖတ်ရှုရန် ...

ထရန့်၏ လူဝင်မှု မူဝါဒအပေါ် ထိုင်သပိတ်ဆန္ဒပြသူ ၆ဝဝ ခန့် ဖမ်းဆီးခံရ

ဝါရှင်တန်၊ ဇွန် ၂၉ 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ နယ်စပ်လူဝင်မှုကြီးကြပ်ရေး မူဝါဒအားမကျေနပ်၍ အမျိုးသမီးအများအ ပြားပါဝင်သော ဆန္ဒပြသူ ၆ဝဝ ခန့်တို့ သည် ဇွန် ၂၈ ရက်က ဝါရှင်တန်ကက်ပီ တော်အဆောက်အအုံအနီးတွင် ထိုင်သပိတ်ဆန္ဒပြခဲ့ကြပြီး ရဲများ၏ဖြိုခွင်းမှု ကြောင့် ဖမ်းဆီးခြင်းခံနေရသည်ဟု ဇွန် ၂၉ ရက် သတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာပေါ်တွင် ကိုကင်းနှင့် ဘိန်းထုတ်လုပ်မှု စံချိန်တင်မြင့်တက်ဟု ကုလသမဂ္ဂ ဆို

ကုလသမဂ္ဂ၊ ဇွန် ၂၈

၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာပေါ် ရှိ ကိုကင်းနှင့်ဘိန်းထုတ်လုပ် မှုမှာစံချိန်တင်မြင့်တက်ခဲ့ကြောင်း အမှောင်ကွန်ရက်ကိုအသုံးပြုကာ မှောင်ခိုရောင်းဝယ်မှုလည်းတိုး ပွားလာခဲ့ကြောင်း၊ အင်တာနက် လျှို့ဝှက်ချက်အားနည်းမှုကြောင့် ဖြစ်ကြောင်း ကုလသမဂ္ဂ၏အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...