ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၅

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဇန်နဝါရီ ၁၅ရက်က အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၅ ဦး သေဆုံးကာ ၁ဝ၅ ဦး ဒဏ်ရာများရရှိသွားခဲ့သည်ဟု အီရတ်နိုင်ငံမှ အရာရှိများက ပြောကြားခဲ့သည်။

Perth ဇန်နဝါရီ ၁၅ ၊ တနင်္ဂနွေနေ့တွင် Perth တောင်ကုန်းပေါ်ရှိ မူဒါလင်အရပ်တွင် တော မီးလောင် ကျွမ်းမှုတစ်ခု ဖြစ်ပွားပြီးနောက် Perth မြို့ကောင်းကင်ယံ တွင် လိမ္မော်ရောင် မီးခိုးလုံးများဖုံးလွှမ်းသွားခဲ့ကြောင်းသိရသည်။

မနီလာ ဇန်နဝါရီ ၁၅ ၊ ဖိလစ်ပိုင်နိုင်ငံရှိ မာယွန် မီးတောင်မှ ပြာမှုများ မှုတ်ထုတ်ခြင်းနှင့် ကျောက်ရည်ပူ များ ပေါက်ကွထွက်လာတော့မည့် လှုပ်ရှားမှု အရိပ်အယောင် များ ပြနေသည့်အတွက် တနင်္ဂနွေ (ဇန်နဝါရီ ၁၄) တွင် အဆင့် ၃ သတိပေးချက်ထုတ်ပြန်ထားရကြောင်း သိရသည်။

အန်ကာရာ ဇန်နဝါရီ ၁၅ ၊ ခရီးသည် ၁၆၈ ဦးကို တက်ဆောင်လာသော လေယာဉ်တစ်စင်းသည် ယခုသီတင်းပတ်ကုန်ပိုင်း၌ တူရကီနိုင်ငံမြောက်ပိုင်းရှိ လေဆိပ်တစ်ခုသို့ ဆင်းသက်ပြီး ပင်လယ်အနီးရှိ ကမ်းပါးသို့ ချော်ကျခဲ့သော်လည်း ခရီးသည်တစ်ဦးမှ ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ - အမေရိကန်အနေဖြင့် အီရန် နျူကလီးယားသဘောတူညီချက်ကို နောက်ထပ် ရက်ပေါင်း ၁၂ဝ သာ အတည်ပြုထောက်ခံတော့မည်ဟု သမ္မတဒေါ်နယ်ထရန့်က ပြောကြား လိုက်ကြောင်း ဇန်နဝါရီ ၁၃ ရက် AFP သတင်းကဆိုသည်။

နယူးယောက်၊ ဇန်နဝါရီ ၁၃ -  အမေရိကန်နိုင်ငံတွင် ဟာဝိုင် ယီပြည်နယ်မှလွဲ၍ ကျန်ပြည်နယ် တိုင်းတွင် တုပ်ကွေးရောဂါများဖြစ် ပွားနေသည်ဟု ဇန်နဝါရီ ၁၃ ရက် သတင်းများအရ သိရှိရသည်။

ဆိုးလ်၊ ဇန်နဝါရီ ၁၃ ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သိပ္ပံပညာရှင်များ အား နိုင်ငံ၏စီးပွားရေးတိုးတက်မှု ရရှိအောင် အောင်မြင်စွာလုပ် ဆောင်နိုင်ခဲ့ခြင်းနှင့် ပြည်သူများ ၏ လူနေမှုအဆင့်မြင့်မားအောင် လုပ်ဆောင်ပေးခဲ့ခြင်းအတွက် ချီး ကျူးဂုဏ်ပြုလိုက်ကြောင်း တရား ဝင်သတင်းများ၏ ဖော်ပြချက်ကို ဆင်ဟွာသတင်းက ဇန်နဝါရီ ၁၃ ရက်တွင် ရေးသားခဲ့သည်။

ဖူးခက်၊ ဇန်နဝါရီ ၁၂

ထိုင်းနိုင်ငံ သာလန်ခရိုင် ဝတ်ဖရာနန်ဆန်၌ ရှေးဟောင်းဘုရား၏ ရှုမျှော်ခင်းကို ကောင်းမွန် စေရန် ဘုရားနှင့်မလိုက်ဖက်သော အဆောက်အအုံ ၁၇ ခုကို ဖျက်ပစ်မည်ဖြစ်သည်။ ဇန်နဝါရီ ၁၁ ရက်တွင် ဖူးခက်ရှိ အုပ်ချုပ်ရေးမှူး နိုရာဖတ်ပလော့ဒ်သောင်သည် ဘုရားနှင့် မလိုက်ဖက်သည့် ဘာသာရေး အဆောက်အအုံများကို စတင်ဖျက်ဆီးသည့် အခမ်းအနားတွင် ဦးဆောင်ခဲ့သည်။

Page 1 of 44