HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဥရောပသမဂ္ဂ၌ ရာထူးကြီးများ ခန့်ထားနိုင်ရေးတွင် လွှမ်းမိုးခြယ်လှယ်မှုများရှိနေ

ဘရပ်ဆဲလ်၊ မေ ၂၉

ဥရောပသမဂ္ဂသည် သမဂ္ဂ ဝင်နိုင်ငံများရှိထိပ်တန်းအဆင့်ရာ ထူးကြီးများတွင် ခန့်ထားနိုင်ရေး၌ ဝင်ရောက်လွှမ်းမိုးခြယ်လှယ်နေ ကြသည်ဟု လူဇင်ဘတ်နိုင်ငံဝန် ကြီးချုပ်ဟောင်း ဂျင်ကလောက်က မေ ၂၉ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။  လွန်ခဲ့သောရက်သတ္တပတ် အတွင်းက ဥရောပပါလီမန်ရွေး ကောက်ပွဲပြီးဆုံးပြီးနောက် အနာဂတ်ဥရောပစီမံကိန်းများရေးဆွဲ ရာတွင်လစ်လပ်ရာထူးနေရာများ နှင့်စပ်လျဉ်း၍ ပြောဆိုခဲ့ခြင်းဖြစ် သည်။ ဥရောပသမဂ္ဂတွင် လစ်လပ်လာသော ထိပ်တန်းရာထူးနေရာ များမှာ ဥရောပသမဂ္ဂမဟာမင်းကြီး၊ ဥရောပကောင်စီဥက္ကဋ္ဌ၊ ဥရောပ သမဂ္ဂနိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲနှင့် ဥရောပဗဟိုဘဏ် ဥက္ကဋ္ဌရာထူးလေးနေရာတို့ ဖြစ်သည်။ ယင်းတို့အားဇွန် ၂၁ ရက် နှင့် ၂၂ ရက်များတွင် ရွေးချယ်ခန့် ထားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

စင်ကာပူကုမ္ပဏီတစ်ခု ဖခင်လောင်း ဝန်ထမ်းဖြစ်သူအား မီးဖွားခွင့်ကဲ့သို့ လစာပြည့်ဖြင့် 'ဖခင်ခွင့်' ၂၆ ပတ် ခံစားခွင့်ပေး

စင်ကာပူ၊ မေ ၂၉

ဗြိတိန်အခြေစိုက် Diageo အဖျော်ယမကာ စင်ကာပူကုမ္ပဏီသည် မိမိတို့ဝန်ထမ်းများအား ''က လေးမိဘဖြစ်ကြောင်းဆိုင်ရာ ခံစား ခွင့်'' သတ်မှတ်ကာ ဇူလိုင် ၁ရက် မှစတင်ကာ လစာပြည့်ခံစားခွင့်ပြု ရန် ဆောင်ရွက်နေပြီဟု မေ ၂၉ ရက်သတင်းများအရ သိရှိရသည်။ ကုမ္ပဏီသည် မိမိကုမ္ပဏီရှိ အိမ်ထောင်သည်ဝန်ထမ်းများအား အမျိုးသမီးသားဖွားခွင့် ခံစားရယူ သကဲ့သို့ ဖခင်ဖြစ်သူအမျိုးသား ဝန်ထမ်းကိုလည်း ''ဖခင်ခွင့်''ပေး မည်ဖြစ်သည်။ အမျိုးသမီးမီးဖွား ခွင့်သည် လစာပြည့် ၁၆ ပတ်ဖြစ် ပြီး ''ဖခင်ခွင့်''သည်လည်း လစာ ပြည့်ဖြင့် ရက်သတ္တနှစ်ပတ် ခံစား ခွင့်ရရှိမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် အရက်ပုန်းသောက်ခဲ့သူ ၁ဝ ဦး သေဆုံး  

နယူးဒေလီ၊ မေ ၂၈

အိန္ဒိယနိုင်ငံ ဥတ္တာပရာ ဒေ့ရှ်ပြည်နယ်ရှိ ဘာရာဘန်ကီခရိုင်တွင် မေ ၂၇ ရက်နှောင်းပိုင်းက အရည်အသွေးမမီသော အရက်ပုန်းများ သောက်ခဲ့ပြီးနောက် မိသားစုဝင် လေးဦးအပါအဝင် အနည်းဆုံးလူ ၁ဝ ဦးသေဆုံး ခဲ့ကြောင်း ဒေသဆိုင်ရာအရာရှိနှင့် ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းတွင် အနိုင်ရပါတီ ပလန်းပရာချာရတ်ပါတီ ဦးဆောင်၍ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းမည်

ဘန်ကောက်၊ မေ ၂၈

ထိုင်းနိုင်ငံတွင် မတ်လအ ထွေထွေရွေးကောက်ပွဲတွင် စစ်တပ်လိုလားသော Bhum Jai Thai  ပါတီနှင့်အနိုင်ရပလန်းပရာ ချာရတ်ပါတီ ပူးပေါင်းကာ ညွန့် ပေါင်းအစိုးရဖွဲ့စည်းရန် ဖိတ်ခေါ်ခဲ့သည်ဟု Bhum Jai Thai ပါတီ ခေါင်းဆောင် Anutin Charnvirakul က မေလ ၂၈ ရက်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။ နှစ်ပါတီစလုံးပင် အစိုးရဖွဲ့စည်းရေး၌ တည်တည် ငြိမ်ငြိမ်ပင် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်ဟုလည်း ဆက်လက်ပြော ကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

အစ္စရေးတွင် အစိုးရသစ် အမြန်ဖွဲ့စည်းမည်ဟု ဝန်ကြီးချုပ်နေတန်ယာဟုပြော  

ဂျေရုဆလင်၊ မေ ၂၈

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အစိုးရသစ်တစ်ရပ်ကို ၄၈ နာရီအတွင်းဖွဲ့စည်းသွားနိုင် ရန် မိမိကြိုးပမ်းနေသည်ဟု ပြော ကြားလိုက်ကြောင်း မေ ၂၈ ရက် သတင်းများအရသိရှိရသည်။ ''ရွေးကောက်ပွဲအောင်မြင်စွာ ပြီးဆုံးခဲ့ပြီမို့ အစိုးရသစ်တစ်ရပ်ကို အမြန်ဖွဲ့မှာပါ'' ဟုလည်းဆက်လက် ပြောကြားလိုက်သည်။ ဧပြီ ၉ ရက် က ကျင်းပပြီးစီးခဲ့သော အစ္စရေး ရွေးကောက်ပွဲပြီးဆုံးပြီးနောက် အစ္စရေးအစိုးရသစ်ဖွဲ့စည်းနိုင်ရေး အား ပါလီမန်နှင့်ညှိနှိုင်းနေဆဲဖြစ် ပြီး တစ်စုံတစ်ရာသဘောတူညီ ချက် မရရှိခဲ့သေးချေ။

ဆက်လက်ဖတ်ရှုရန် ...

ကွန်ဂိုနိုင်ငံတွင် လှေမှောက်၊ လူ ၃ဝ သေဆုံး၊ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ  

ကင်ရှာဆာ၊ မေ ၂၇

ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအနောက်ပိုင်းရှိ ရေကန်တစ်ခုတွင် လှေမှောက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နောက် မေ ၂၇ ရက်တွင် အနည်း ဆုံးလူ ၃ဝ သေဆုံးခဲ့ပြီး ဒါဇင်နှင့် ချီ၍ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာ မြို့တော်ဝန်က ပြော ကြားခဲ့သည်။ အင်နိုဂိုမြို့တော်ဝန် မစ္စတာဆိုင်မွန်ဘိုဝမ်ဘာက 'ကျွန်တော်တို့ ဟာ အမျိုးသမီး ၁၂ ဦး၊ ကလေးငယ် ၁၁ ဦးနှင့် အမျိုးသားခုနစ်ဦးအ ပါအဝင် အလောင်း ၃ဝ ကို တွေ့ ရှိထားပါတယ်'ဟု ပြောကြားခဲ့သည်။ ထို့ပြင် လှေပေါ်တွင် ခရီးသည် ၃၅ဝ ကျော်ပါရှိခဲ့ပြီး ၁၈၃ ဦး အသက် ရှင်ကျန်ခဲ့သည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းဘုရင့်အကြံပေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပရင်တင်ဆူလာနွန်ဒါ အသက် (၉၈)နှစ်တွင် ကွယ်လွန်

ဘန်ကောက်၊ မေ ၂၇

ထိုင်းနိုင်ငံ ဘုရင့်အကြံပေးအဖွဲ့ ပရီဗီးလ်ကောင်စီဥက္ကဋ္ဌနှင့် ထင်ရှားကျော်ကြားသော ထိုင်းနိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးပရင်တင်ဆူလာနွန်ဒါ(အသက် ၉၈ နှစ်)သည် ပရန်မွန်ကွတ်လောင် ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်ဟု မေ ၂၇ ရက် ထိုင်းမီဒီယာသတင်းများအရ သိရှိရသည်။ နှလုံးရောဂါ ရုတ်တရက်ဖောက်လာသော¤င်း အားယင်းနံနက် ၅ နာရီအချိန်က ဆီဆောင်သီဝက်စ်နေအိမ်မှ စစ် ဆေးရုံသို့ အရေးပေါ်တင်ပို့ကုသခဲ့သော်လည်း ယင်းနေ့နံနက်ပိုင်း အချိန်ကပင် သေဆုံးသွားခဲ့သည် ဟု နံနက် ၉ နာရီ ၉ မိနစ်အချိန်က သတင်းထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပိုလန်နိုင်ငံ၏ အာဏာရဥပဒေနှင့် တရားမျှတရေးပါတီက ဥရောပ ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရရှိ

ဝါဆော၊ မေ ၂၇

ပိုလန်နိုင်ငံ၏အာဏာရဥပဒေနှင့်တရားမျှတရေးပါတီ(Pis)သည် ဥရောပပါလီမန်ရွေးကောက်ပွဲတွင် မဲ ၄၂ ဒသမ ၄ ရာခိုင်နှုန်းကိုအနိုင်ရရှိခဲ့ကြောင်း။ ဥရောပမဟာ မိတ်ပါတီ (KE)မှာ မဲ ၃၉ ဒသမ ၁ ရာခိုင်နှုန်းရရှိခဲ့ကြောင်း မဲရေတွက်ပြီးနောက်စာရင်းက ဖော်ပြလိုက်ကြောင်း ဆင်ဟွာသတင်းက မေ ၂၇ ရက်တွင်ရေးသားခဲ့သည်။ Pis ပါတီသည် အမတ်နေရာ ၂၄ နေရာရရှိခဲ့ပြီး Pis ပါတီသည် အမတ် ၂၂ နေရာရရှိခဲ့ကြောင်း သတင်းကဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...