HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ဘင်္ဂလားဒေ့ရှ်တွင် လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ပွား၊ ပြန်ပေးသမားကို အသေပစ်သတ်

စစ်တကောင်း၊ ဖေဖော်ဝါရီ ၂၅ 

ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း ဘီမန် BG 147 လေယာဉ်ခရီးစဉ်တွင် ပျံသန်းသည့် ဘိုးရင်း ၇၃၇-၈ဝဝ လေယာဉ်ဖြစ်ပြီး၊ ခရီးသည် ၁၃၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၄ ဦးပါဝင်သည်။ အဆိုပါလေယာဉ်မှာ ဒါကာမြို့မှ ဒူဘိုင်းသို့ ပျံသန်းသော လေယာဉ်ဖြစ်သည်။ ပြန်ပေးဆွဲသူက လေယာဉ်ကို နိုင်ငံအရှေ့တောင်ပိုင်း စစ်တကောင်းလေဆိပ်သို့ ဆင်းစေခဲ့သည်။ စစ်တကောင်းလေဆိပ်တွင် ဘင်္ဂလားဒေ့ရှ်ကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါခရီးသည်တင်လေယာဉ်အား အဓမ္မဝင်ရောက်စီးနင်းကာ ပြန်ပေးသမားကို ပစ်သတ်ခဲ့ ကြောင်း AFP သတင်းက ဖေ ဖော်ဝါရီ ၂၅ ရက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကက်ရှ်မီးယားဒေသတွင် အသေခံဗုံးပေါက်ကွဲမှုအတွက် အိန္ဒိယအစိုးရက လူရာပေါင်း များစွာကို ဖမ်းဆီး

ဆရီနာဂါ၊ ဖေဖော်ဝါရီ ၂၅

အိန္ဒိယပိုင် ကက်ရှ်မီးယားပြည်နယ်တွင် ဖေဖော်ဝါရီ ၁၄ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် မူဆလင်တက်ကြွလှုပ်ရှားသူများနှင့် ခွဲထွက်ရေးသမားများအား အိန္ဒိယအစိုးရက ဖမ်းဆီးခဲ့ရာတွင် ရက်သတ္တပတ်အတွင်း လူ ၄ဝဝ ခန့် အား ဖမ်းဆီးထားခဲ့သည်ဟု အိန္ဒိယအာ ဏာပိုင်များက ဖေဖော်ဝါရီ ၂၅ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဥရောပသမဂ္ဂဝင် မဟုတ်သော နိုင်ငံများသို့ ဂျာမနီ၏ လက်နက်ရောင်းချရေး စည်းမျဉ်းအချို့ ပြင်ဆင် သတ်မှတ်ပေး

ဘာလင်၊ ဖေဖော်ဝါရီ ၂၄

ပြင်သစ်စီးပွားရေးဝန်ကြီး ဘရူနိုလီမိုင်ရာသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသို့ ဂျာမနီနိုင်ငံမှ စစ်လက်နက်ပစ္စည်း များတင်ပို့ရာတွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းအချို့ ချမှတ်ထားရာမှ အချို့တို့ကို ဖြေလျှော့ ပေးခဲ့သည်ဟု ဖေဖော်ဝါရီ ၂၄ က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုလံဘီယာ နယ်စပ်မှ ကူညီထောက်ပံ့ရေး အစားအသောက်နှင့် ဆေးဝါးသယ်ယူသူများကို ဗင်နီဇွဲလားလုံခြုံရေးများက ဟန့်တားပစ်ခတ်၊ နှစ်ဦး သေဆုံး၊ ၃ဝဝ ဦး ဒဏ်ရာရရှိ

ကူကတ္တာ၊ ဖေဖော်ဝါရီ ၂၄

ဗင်နီဇွဲလားနိုင်ငံအတွက် အ မေရိကန်ကပေးပို့သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ကိုလံဘီယာနှင့် ဘရာဇီးနယ်စပ်များမှ တစ်ဆင့်ဗင် နီဇွဲလားနိုင်ငံတွင်းသို့ ဖေဖော်ဝါရီ ၂၃ ရက်က သွင်းယူလာရာတွင် သမ္မတမာဒူရို၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက တားဆီးပိတ်ပင်ခဲ့ပြီး လူစုလူဝေးများအား မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များဖြင့် ပစ်ခတ်လူစု ခွဲခဲ့ရာ လူနှစ်ဦးသေဆုံးပြီး လူ ၃ဝဝ ကျော် ဒဏ်ရာများရရှိခဲ့သည်ဟု ဖေ ဖော်ဝါရီ ၂၄ ရက် သတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အီရန်သမ္မတ ရာထူးမှ ဆင်းပေးရန် အီရန်ဘုန်းတော်ကြီးတစ်ပါး စာရေးတောင်းဆို

တီဟီရန်၊ ဖေဖော်ဝါရီ ၂၄

အစ္စလာမ္မစ်တော်လှန်ရေး အနှစ်(၄ဝ)မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့ပြီးနောက် အမည်ဖော်ပြမထားသော အီရန် ရှီးယိုက်ဘုန်းတော်ကြီးတစ်ပါးက သမ္မတဟတ်ဆန်ရိုဟာနီအား ''နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုများဖြစ် နေတဲ့ အီရန်နိုင်ငံမှာ သင့်အုပ်စိုးမှုဟာ နွေဦးရာသီအထိတောင် သက်ဆိုးရှည်မည်မဟုတ်ပါ''ဟူသော စာတစ်စောင်ကို ရေးသားပေးပို့လိုက်သည်ဟု ဖေဖော်ဝါရီ ၂၄ ရက် သတင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျယ်ဂျူးကျွန်းမှလွဲ၍ နိုင်ငံတစ်ဝန်းတွင် ဖုန်မှုန့်အန္တရာယ် အရေးပေါ်ကြေညာချက် တောင်ကိုရီးယားထုတ်ပြန်

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၂  - တောင်ကိုရီးယားနိုင်ငံတစ်ဝန်း တွင် ဖုန်မှုန့်များ သုံးရက်ဆက်တိုက် ဖုံးလွှမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် အစိုးရက ဂျယ်ဂျူးကျွန်းမှ လွဲ၍ နိုင်ငံတစ်ဝန်းလုံးတွင် ဖုန်မှုန့် အန္တရာယ်အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယားက နျူကလီးယားခြိမ်းခြောက်မှုကို လျှော့ချခဲ့ပါက  အမေရိကန်က ပိတ်ဆို့မှုများကို လျှော့ပေးမည်ဟုဆို

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂  - မြောက်ကိုရီးယား၏ နျူက လီးယားခြိမ်းခြောက်မှုကို ထိထိ ရောက်ရောက် လျှော့ချသည်ဟု ယုံကြည်စိတ်ချရမှု မရှိသေးသမျှ၊ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် ချမှတ် ထားသော စီးပွားရေးပိတ်ဆို့မှု များကို ဖယ်ရှားပေးသွားမည်မ ဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားလိုက်ကြောင်း AP သတင်းက ဖေဖော်ဝါရီ ၂၂ ရက် တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲတွင် ထရန့်နှင့်ကင် တစ်ဦးချင်းထိပ်တိုက်ဆွေးနွေးကြမည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ - လာမည့်အပတ် ဗီယက်နမ် ၌ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သော အချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကို ရီးယား ခေါင်းဆောင်ကင်ဂျုံအန် နှင့် တစ်ဦးချင်းမျက်နှာချင်းဆိုင် ထိပ်တိုက်ဆွေးနွေးသွားမည်ဖြစ် ကြောင်း အမေရိကန်အရာရှိ တစ် ဦး၏ ပြောကြားချက်ကို AFP သတင်းက ဖေဖော်ဝါရီ ၂၂ရက် တွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...