HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

အကူအညီများ ဝင်မလာစေရန် ဘရာဇီးနယ်စပ်ကို ဗင်နီဇွဲလားသမ္မတ မာဒူရိုပိတ်ပစ်

ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၂၂ - ဗင်နီဇွဲလားနိုင်ငံသို့ ပြင်ပမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဝင် မလာစေရန် လုပ်ဆောင်ချက်အ နေဖြင့် သမ္မတနီကိုးလပ်စ်မာဒူ ရိုက ဘရာဇီးနှင့် ထိစပ်နေသည့် နယ်စပ်ကို ပိတ်ပစ်ခဲ့ကြောင်းသိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

အစ္စရေးနိုင်ငံ၏ ပထမဦးဆုံးသော လဆင်းယာဉ်ကို Space X ဒုံးယာဉ်ဖြင့် သယ်ဆောင်လွှတ်တင်

ကာနေဗရယ်အငူ၊ ဖေဖော်ဝါရီ ၂၂ - Space X Falcon 9 ဒုံးယာဉ်သည် အစ္စရေးနိုင်ငံ၏ ပထမဦးဆုံး သော လဆင်းယာဉ်ကို သယ်ဆောင်လျက် ဖလော်ရီဒါလွှတ်တင်ရေး စခန်းမှ ဖေဖော်ဝါရီ ၂၁ရက်က လကမ္ဘာဆီသို့ လွှတ်တင်လိုက်သည် ဟု ဖေဖော်ဝါရီ ၂၁ရက် သတင်း များအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆီးရီးယားတွင် အမေရိကန်စစ်သား ၂ဝဝ ဆက်ထားမည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ - ဒီဇင်ဘာလတွင် ဆီးရီးယား ရှိ အမေရိကန်စစ်တပ်ကို ရုပ်သိမ်း သွားမည်ဟု ကြေညာခဲ့သည့် ထရန့်အစိုးရက ယခုအခါ အမေရိ ကန်စစ်သား ၂ဝဝ ကို ဆီးရီးယား နိုင်ငံတွင် ဆက်လက်ထားရှိသွား မည်ဟု ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် မီးလောင်မှုဖြစ်ပွား၊ ၆၉ ဦးသေဆုံး

ဒါကာ၊ ဖေဖော်ဝါရီ ၂၁ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့ တော်ဒါကာ၏ မြို့ဟောင်းအရပ်၌ လူနေအဆောက်အအုံနှင့် ဓာတုဗေဒပစ္စည်းများ သိုလှောင်သည့် တိုက်ခန်းမီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံးလူ ၆၉ ဦး သေဆုံးခဲ့ ကြောင်း မီးသတ်ဌာနမှ တာဝန် ရှိသူများက ပြောကြားလိုက် ကြောင်း AFP သတင်းက ဖေ ဖော်ဝါရီ ၂၁ ရက်တွင် ဖော်ပြလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဖိလစ်ပိုင်သမ္မတ ဒူတာတေက အမျိုးသမီး လုပ်သားများအတွက် မီးဖွားခွင့် နှစ်ဆတိုးပေး

မနီလာ၊ ဖေဖော်ဝါရီ ၂၁

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူ တာတေက ကလေးမီးဖွားမည့် အမျိုးသမီးလုပ်သားများအတွက်ခွင့်ခံစားခွင့်ကို တိုးပေးလိုက်ပြီး အရှေ့တောင်အာရှရှိ အမျိုးသမီးလုပ်အား အချိုးအစားအနည်းဆုံး နိုင်ငံတွင် လုပ်ငန်းခွင်များ၌ အမျိုး သမီးများ ပိုမိုပါဝင်လာစေရေးအတွက် လုပ်ဆောင်မှုဖြစ်ကြောင်းသိရသည်။ ဥပဒေသစ်အရ က လေးမီးဖွားခွင့်ကို ရက်ပေါင်း ၆ဝ မှ ၁ဝ၅ ရက်အထိ တိုးပေးလိုက်ပြီး အမျိုးသားလုပ်သားများအတွက် ဖခင်ဖြစ်ခွင့်ရက်ကို ၇ ရက်သာ ပေးထားကြောင်း လွှတ်တော်အ မတ် ရီဆာဟွန်တီဗာရို့စ်က ဖေ ဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန်က ဥရောပတွင် ဒုံးပျံများ ချထားခဲ့ပါက အမေရိကန်မြို့ကြီးများအထိ ရုရှားဒုံးပျံများဖြင့် ပစ်ခတ်နိုင်ဟု ပူတင် သတိပေး

မော်စကို၊ ဖေဖော်ဝါရီ ၂၁

အမေရိကန်က ဥရောပတိုက်တွင် တာတိုနှင့်တာလတ် ပစ်ဒုံးပျံများကိုချထားခဲ့ပါက အဆိုပါဒုံးပျံချထားမည့်နိုင်ငံနှင့် အမေရိကန်ရှိ ပစ်မှတ်များကိုပါ ပစ်ခတ်နိုင်စွမ်းရှိကြောင်း ရုရှားသမ္မတပူတင်က ဒူးမားလွှတ်တော်၌ ပါလီမန်အမတ်များနှင့် အစိုးရအာဏာပိုင်များအား ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

သမ္မတထရန့်၏ မီယာမီမိန့် ခွန်းသည် ရန်လိုရိုင်းစိုင်းမှုများ ရှိနေသည်ဟု ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဆို

ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၂ဝ

ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုလိုပက်ဇ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ တောင်အမေရိက နိုင်ငံတစ်နိုင်ငံနှင့်ပတ်သက်၍ မီယာမီတွင် ပြောကြားသောမိန့်ခွန်းသည် ရန်လို ရိုင်းစိုင်းသောမိန့်ခွန်းဖြစ်သည်ဟု ဖေဖော်ဝါ ရီ ၂ဝ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ''ထရန့်၏ ပြောဆိုချက်များသည် ဘိုလီဗီးယားတော်လှန်ရေးအပေါ်တွင် သိက္ခာချသောမိန့်ခွန်းဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသည် အင်ပီးရီးရယ်လစ် ဆန့်ကျင်သည့်အင်စတီကျူးရှင်းဖြစ်သည်ကို ထရန့်က သိက္ခာချသော ပြောဆိုချက်ဖြစ်သည်ဟူ၍ ဘိုလီးဗီးယားလက်နက်ကိုင်များ သေနာပတိချုပ် ကိုယ်စားထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြင်သစ်နိုင်ငံတွင် လူပေါင်းထောင်သောင်းချီ၍ ဂျူးလူမျိုးရေးဝါဒ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ကန့်ကွက်ဆန္ဒပြ

ပါရီ

ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က လူပေါင်းထောင်သောင်းချီ၍ ဂျူးလူမျိုးရေးဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြောင်းသိရသည်။  ပါရီမြို့တွင် အင်အားနှစ်သောင်းခန့်ရှိ သော လူစုလူဝေးကြီးက dela Republique နန်းတော်ရှေ့တွင် စုရုံးကာ ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...