HIGHLIGHT NEWS
Main menu

World News ကမ္ဘာ့ သတင်းများ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးနှစ်ပါး သတ်ဖြတ်ခံရ

နာရာသီဝတ်၊ ဇန်န၀ါရီ ၁၉


ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝတ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် ဘုန်းကြီးနှစ်ပါးအား အမည်မသိသေနတ် သမားများက သေနတ်ဖြင့် သတ်ဖြတ်ခဲ့ပြီး၊ အခြားနှစ်ပါးမှာ ဒဏ် ရာရရှိသွားခဲ့ကြောင်း၊ ထိုဒေသတွင် မူဆလင်ဘာသာဝင် အများစု နေထိုင်ကြောင်း ရိုက်တာသတင်းက ဇန်န၀ါရီ ၁၉ ရက်တွင် ဖော်ပြလိုက်သည်။ ဤပစ်ခတ်မှုတွင် လူ ခြောက်ဦးပါဝင်ကြောင်း၊ ၎င်းင်းတို့မှာ လွတ်နေသေးကြောင်း ဆူနိုင်ပါဒီခရိုင်ရဲ တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် က ရိုက်တာသတင်းသို့ ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အင်ဒိုနီးရှား သမ္မတလောင်းများ မဲဆွယ်မှုများ ပြုလုပ်ဟုဆို

ဂျကာတာ၊ ဇန်နဝါရီ ၁၈

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ၎င်း၏ပြိုင်ဘက်သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုအား မခံချိမခံသာစကားလုံးများဖြင့် တိုက်စစ်ဆင်ပြောကြားခဲ့ကြောင်း၊ ပထမအကြိမ် အပြိုင်အဆိုင်ဟောပြောရာတွင် ဂျိုကိုဝီဒိုဒိုက လာဘ်ပေးလာဘ်ယူကိစ္စနှင့် ဥပဒေစိုးမိုးရေး ကိစ္စများကို ပစ်မှတ်ထားကာ ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့တတိယ အကြီးဆုံးဒီမိုကရေစီနိုင်ငံတွင် သမ္မတရွေးပွဲမတိုင်မီ သုံးလအလိုတွင် အချေအတင်မဲဆွယ်မှုများ ကို စတင်ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

လစာမရသည့် အမေရိကန်အစိုးရ လုပ်သားအချို့ ရိက္ခာထောက်ပံ့မှုရရန် အလုပ်လက်မဲ့အဖြစ် လျှောက်ထားကြ

ပရိုဗိုက်ဒင့်စ်၊ ဇန်နဝါရီ ၁၈

အမေရိကန် ဗဟိုအစိုးရအလုပ်သမားများနှင့် ¤င်းတို့၏မိသားစုများက ၎င်းတို့မှာ အလုပ်လက်မဲ့များဖြစ်သည်ဟု လျှောက်ထားခဲ့ကြကြောင်း၊ ရိက္ခာထောက်ပံ့မှုများရရှိရန်အတွက်ဖြစ်ကြောင်း AP သတင်းက ဖော်ပြလိုက်သည်။ အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးအစိုးရလုပ်ငန်းများ ပိတ်ထားခဲ့ရသဖြင့် လစာမရဘဲဖြစ်နေကြရသည့် အလုပ်သမားများက ဤအစိုးရဌာနများ ပိတ်သိမ်းထားခြင်းမှာ အတော်နှင့်ပြီးဆုံးဟန်မတူဟု ပြောကြားခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ကိုလံဘီယာ မြို့တော်ရှိ ရဲသင်တန်းကျောင်းတွင် ကားဗုံးပေါက်၊ ၂၁ ဦးသေဆုံး

ဘိုဂိုတာ၊ ဇန်နဝါရီ ၁၈

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ လုံခြုံရေးတင်းကျပ်စွာချထားသည့် ရဲအကယ်ဒမီသင်တန်းကျောင်း၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၂၁ ဦးသေဆုံးပြီး လူဒါဇင်ပေါင်းများစွာဒဏ်ရာရရှိသွားခဲ့ကြောင်း AP သတင်းက ဇန်နဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။ မူးယစ်ဆေးဝါးအခြေခံပြောက်ကျားများ ပဋိပက္ခတွင် သွေးထွက်သံယိုမှုများ ထပ်မံဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗြိတိန်လွှတ်တော်တွင် တင်သွင်းသည့် ဝန်ကြီးချုပ် ထရီဇာမေကို အယုံအကြည် မရှိအဆို ရှုံးနိမ့်

လန်ဒန်၊ ဇန်နဝါရီ ၁၇ 

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင် လွှတ်တော်တွင်း၌ အယုံအ ကြည်မရှိ အဆိုတင်သွင်းခံရသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူများပြားပြီး အနိုင်ရရှိခဲ့သော ကြောင်း ရာထူးနေရာ ဆက်လက်တည်မြဲခဲ့ကြောင်းသိရသည်။ သို့ သော် လွှတ်တော်အမတ်များက ဥရောပသမဂ္ဂနှင့် လမ်းခွဲမည့် သ ဘောတူညီချက်ကိုကန့်ကွက်ခဲ့ကြ ပြီးနောက် Brexit  အတွက် လမ်း ကြောင်းတွင် အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်ရမည်ကို တွေ့ မြင်ခဲ့ကြရသည်။ ဝန်ကြီးချုပ်မေသည် အယုံအကြည်မရှိအဆိုကို ကန့်ကွက်မဲ ၃၂၅ မဲ၊ ထောက်ခံမဲ ၃ဝ၆ မဲနှင့် ပွက်ကာသီကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး အတိုက်အခံဘက်ကလည်း အစိုးရကို ပြုတ်ကျစေပြီး အထွေထွေရွေးကောက်ပွဲကို ကျင်း ပစေချင်နေသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ကိုရီးယား၏ ကမ္ဘာ့အဆင့်မီ အပန်းဖြေကမ်းခြေစခန်း ပြီးစီးလုနီးပါးဖြစ်နေ

ဆိုးလ်၊ ဇန်နဝါရီ ၁၇

မြောက်ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်နေသည့် ကမ္ဘာ့အဆင့်မီ အပန်းဖြေကမ်းခြေစခန်းကြီးမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်စောင့်ကြည့် လေ့လာ ရေးအဖွဲ့တစ်ခုက ဇန်နဝါရီ ၁၇ ရက်တွင်ပြောကြားခဲ့ပြီး ရေလွှာ လျှောစီးနှင့် ရုပ်ရှင်ရုံတို့လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။ ယင်းပင်လယ်ကမ်းခြေ အပန်းဖြေစခန်း သည် နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းနှင့် လေဆိပ်သစ်တို့ နှစ်ခု ကြားတွင်တည်ရှိပြီး ယင်းနေရာကို ယခင်ကစစ်ရေး လေ့ကျင့်မှုနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတို့ အတွက် အသုံးပြုခဲ့သည်။ 

ဆက်လက်ဖတ်ရှုရန် ...

ဝါရှင်တန်တွင် အမေရိကန်နှင့် ဆွေးနွေးပွဲလုပ်ဆောင်ရန် မြောက်ကိုရီးယား ထိပ်တန်းသံတမန် ပေကျင်းသို့ ရောက်ရှိလာ

ဆိုးလ်၊ ဇန်နဝါရီ ၁၇

အမေရိကန်နှင့်ပြုလုပ်နေသည့် ဆွေးနွေးပွဲများတွင် ပါဝင်သော မြောက်ကိုရီးယား၏ ထိပ်တန်းသံတမန်တစ်ဦးသည် ဇန်နဝါရီ ၁၇ ရက်တွင် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ ပြီး ဝါရှင်တန်ဒီစီမြို့ သို့ ဆက်လက်ထွက်ခွာမည်ဟု မျှော်လင့်ရကြောင်း တောင်ကိုရီးယားသတင်းအေဂျင်စီယွန်ဟတ်က ဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဓားထိုးခံရသည့် ဒန့်စ်မြို့တော်ဝန် သေဆုံး  

ဒန့်စ်

ပိုလန်နိုင်ငံ ဒန့်စ်မြို့တော်ဝန်သည် ဓားထိုးခံရပြီးနောက် ဆေးရုံတွင် ကုသမှု ခံယူနေစဉ် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ဒန့်စ်မြို့တော်ဝန်သည် အလှူ ဒါနပွဲတစ်ခုတွင် ဓားထိုးခံရပြီး နောက်တစ် နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ အသက် ၅၃ နှစ်အရွယ်ရှိ ဒန့်စ်မြို့ တော်ဝန် ပါဝယ်အဒါမိုဝစ်သည် အလှူ ဒါနပွဲအတွင်း လူရာပေါင်းများစွာရှေ့တွင် ဓားထိုးခံရခြင်းဖြစ်သည်။ ဓားထိုးခံရပြီး နောက် မစ္စတာအဒါမိုဝစ်ကို ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီးနောက် ငါးနာရီကြာမျှ ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...