HIGHLIGHT NEWS
Main menu

Interview [-- တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍ --]

စက်သုံးဆီဈေးက ဒေါ်လာဈေးနဲ့ တိုက်ရိုက်တော့ အချိုးကျတယ် ဒေါ်လာဈေး တစ်ခုတည်း အပေါ်မှာတော့ မူမတည်ပါဘူး။ နိုင်ငံခြား စက်သုံးဆီဈေးပေါ်မှာပဲ မူတည်တယ်

စက်သုံးဆီဈေးက ဒေါ်လာဈေးနဲ့ တိုက်ရိုက်တော့ အချိုးကျတယ် ဒေါ်လာဈေး တစ်ခုတည်း အပေါ်မှာတော့ မူမတည်ပါဘူး။ နိုင်ငံခြား စက်သုံးဆီဈေးပေါ်မှာပဲ မူတည်တယ်

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့် ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် နှင့် တွေ့ဆုံခြင်း

အာကာထက်

*****************

ပြည်တွင်းဈေးကွက်ရှိ စက်သုံးဆီဈေးနှုန်းများသည် သြဂုတ်လမှစတင်ကာ ဈေးများ တက်လာခဲ့ပြီး

လက်ရှိအချိန်တွင် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ဈေးကွက်အတွင်း ရိုက်ခတ်မှုများ ရှိခဲ့သည်။

ထို့ကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက် အခြေအနေနှင့် ပတ်သက်၍

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း အတွင်း ရေးမှူး ဒေါက်တာဝင်းမြင့်နှင့်တွေ့ဆုံစဉ် မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

အခုလက်ရှိ စက်သုံးဆီဈေးက တက်ပြီးရင် တဖြည်းဖြည်းနဲ့ ပြန်မကျဘူး။ ပြန်ကျလာမယ့် အလားအလာ ရှိပါသလား။

ပစ္စည်းက နိုင်ငံခြားကနေ တင်သွင်းပြီး တော့ ရောင်းရတယ်။ အဲဒါတွေကိုရောင်းရင် ဒေါ်လာနဲ့ရောင်းတာမဟုတ်ဘဲနဲ့ မြန်မာငွေနဲ့ ရောင်းရတယ်။ ရောင်းတဲ့အခါကျတော့ အဲဒီနှစ်ခုစလုံးကို တွက်ချက်ပြီးတော့မှ မြန်မာငွေနဲ့ ဖော်ပြထားတဲ့ ရောင်းကုန်တန်ဖိုးဆိုတာရှိတယ်။ ကျွန်တော်တို့က ဒါတွေဟာ ဖန်တီးထားတဲ့ကိစ္စ မဟုတ်ပါဘူး။ သူ့အလိုလိုပေါ် နေတဲ့ ဈေးနှုန်းပါ။ ဝင်ရောက်ထိန်းကွပ်ခြင်းလည်း မလုပ်ပါဘူး။ တစ်ခုပဲရှိတယ်။ လက်ကားရောင်းတဲ့ဈေးဆိုရင်တော့ ထိန်းကွပ်ထားတာ တစ်ခုပဲရှိတယ်။ အရှုံးခံရောင်းတာမပြောလိုဘူး။ သို့သော် အမြတ်ယူတဲ့ဟာကို နှစ်ရာခိုင်နှုန်းထက်တောင် မကျော်ပါနဲ့။ အများဆုံး ခွင့်ပြုထားတဲ့ ပမာဏရှိပါတယ်။

လက်လီဆိုရင် လေးရာခိုင်နှုန်းပေါ့။ အဲဒီထက် မပိုရဘူး။ လျှော့ရောင်းတာတော့ အရင်းအတိုင်း ရောင်းချင်လည်းရတယ်။ လျှော့ရောင်းချင်လည်းရတယ်ဆိုပြီး ခွင့်ပြုထားတယ်။ အရင်း အောက်ကို လျှော့ရောင်းတဲ့ ကိစ္စရပ်တွေကို ပြန်လည်စိစစ်ဖို့ ညှိနှိုင်းထားပါတယ်။ အခု တော်တော်များများက အရင်းအောက်ကိုလျှော့ ရောင်းနေကြတယ်။ အကြောင်းအမျိုးမျိုးနဲ့ လျှော့ရောင်းတဲ့အခါကျတော့ နိုင်ငံခြားဆီ ဈေးကျနေချိန်၊ နဂိုကတည်းက အရင်းအောက်ကို ရောက်နေတယ်။ နိုင်ငံခြားဆီဈေးကလည်းကျတယ်။ ဒေါ်လာဈေးကလည်းကျတယ်ဆိုပေမယ့် နဂိုကတည်းက အရင်းမရတဲ့ဈေးဆိုတော့ အဲဒီကျသွားတဲ့ ဈေးမှာ အရင်းပဲ ရသေးတဲ့အခါကျတော့ မချနိုင်တော့ဘူး။ မချ နိုင်တဲ့အခါကျရင် ပြင်ပမြင်တဲ့ အမြင်ကကျ တော့ ဒေါ်လာဈေးနဲ့စက်သုံးဆီဈေး ကျသွားတာကိုပဲ တွေ့တာ။ စောစောတုန်းက အရင်း ဈေးအောက်ရောက်နေတာကို အဲလောက်ထိလိုက်ပြီး မတွေးနိုင်ကြတော့ဘူး။

မတွေးနိုင်တဲ့အခါကျတော့ အထင်လွဲမှားစရာတွေဖြစ်တယ်။ အရင်းမှာရှိနေတယ်ဆိုရင် ဒေါ်လာ ဈေးကျတယ်။ နိုင်ငံခြားဆီဈေးကျတယ်ဆိုတာ နဲ့ ချက်ချင်းချတဲ့သူတွေအဖို့က ဈေးထပ်ပြီး တော့ ချရောင်းဖို့ရတာပေါ့။ နဂိုကတည်းကဆို အရင်းဈေးအောက်ကို ရောက်နေတဲ့အခါကျ တော့ ဒေါ်လာဈေးကျတယ်ဆိုတာ တွေ့လိုက်တဲ့အချိန်မှာ ချဖို့လည်း မရတော့ဘူး။ တစ်ဖက်ကလည်း ဒီလုပ်ငန်းတွေ ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်ဖို့ဆိုရင် မှန်ကန်တဲ့လမ်းကြောင်း နဲ့ သွားဖို့လိုတယ်။ ဒါကြောင့် အရင်းကို သုညရာခိုင်နှုန်းပေါ့။ နောက်ဆိုရင် အပတ်စဉ်၊ နေ့ စဉ် အနည်းဆုံး ဒီလောက်ထက် လျှော့မရောင်းသင့်ပါ။ အများဆုံး နှစ်ရာခိုင်နှုန်းထက်ပိုမရောင်း သင့်ပါဆိုတာလေး ထုတ်ပေးပါမယ်။


ဒေါ်လာဈေးကျလည်း စက်သုံးဆီဈေးက ကျဆင်းခြင်း မရှိဘူးပေါ့။ အဲဒီတော့ စက်သုံးဆီဈေးတွက်ချက်မှုက ဘယ် အပေါ် မူတည်ပါသလဲ။

ဆီဈေးက ဒေါ်လာဈေးနဲ့ တိုက်ရိုက်တော့ အချိုးကျတယ်။ ဒေါ်လာဈေးတစ်ခုထဲအပေါ်မှာ မူမတည်ပါဘူး။ နိုင်ငံခြားစက်သုံးဆီဈေး ပေါ်မှာပဲ မူတည်တယ်။ ဒေါ်လာဈေး တက် ပေမယ့် နိုင်ငံခြားစက်သုံးဆီဈေးကျရင်လည်း ဈေးက တက်ချင်မှတက်ပါတယ်။ အဲဒီတော့ ဒေါ်လာဈေးနဲ့ နိုင်ငံခြားစက်သုံးဆီဈေးနဲ့ နှစ်ခုတွက်ချက်ပြီးတော့မှ ရောင်းကုန်တန်ဖိုးတွေ တွက်ချက်တဲ့အပေါ်မှာ မူတည်ပါတယ်။ ဒေါ်လာဈေး အတက်အကျတော့ သက်ရောက်မှု ရှိတယ်။ အဲဒီတော့ ဒေါ်လာဈေးက ၁ဝဝ တက်ရင် စက်သုံးဆီဈေး ၁ဝဝ တက်မယ်လို့ ပြောလို့မရပါဘူး။ ကျန်တဲ့ဟာတွေအားလုံး ကို ပုံသေထားမယ်ဆိုရင်တော့ ပြောလို့ရတာ ပေါ့လေ။


အရင်းဈေး ချရောင်းတာတောင် ဆီဈေးက တစ်ဖက်မှာ တက်နေတယ်။ မချဖို့ပြောပြီးတော့ ဆီဈေးထပ်တက်လာဖို့ အနေအထားရှိလား။

တက်လာခြင်း၊ ကျလာခြင်းဆိုတာထက် စက်သုံးဆီဈေးတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတွေဖြစ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စောစောက ရှင်းပြသွားသလို ပဲ ဒေါ်လာဈေးတွေကျလာပြီးတဲ့နောက်မှာ စက်သုံးဆီဈေးတွေ တောက်လျှောက်မြင့်တက် လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါက အခုအရင်းဈေးအောက်ကိုချရောင်းဖို့ မရောင်းဖို့တို့ မပါသေးဘူး။ ဈေးနှုန်းကတော့ သူ့ဘာသာသူပဲ ဖြစ်နေမှာပါ။ သူ့သဘောသဘာဝ အလျောက် ဖြစ်နေမယ်။ ဒါပေမဲ့ ဘာကွာခြားလဲဆိုတော့ ကျွန်တော်တို့က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတစ်ခုကို ပုံမှန်အားဖြင့် ရောင်းထားပြီဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ တုံ့ပြန်မှုတွေကိုလည်း ပိုပြီးတော့ ဆောင်ရွက်နိုင်မယ်။ ဆုံး ဖြတ်ချက်ချတာ အပိုင်းနှစ်ပိုင်းပါ တစ်ပိုင်းက တော့ လုပ်ငန်းနယ်ပယ်မှာ လုပ်နေတဲ့သူတွေ ဒီလိုပဲ ပြိုင်ကြဆိုင်ကြရင်းနဲ့ အားလုံးကို ဒုက္ခ ရောက်သွားတဲ့ပုံစံမျိုးတွေ မဖြစ်စေလိုဘူး။

ဒါဟာ ကြုံလို့မေးမြန်းမယ်ဆိုရင် နယ်တွေမှာရှိတဲ့ ဆီဆိုင်လေးတွေ အင်တာသွားဗျူးကြည့်လို့ ရပါတယ်။ တော်တော်များများ ဆီဆိုင်လေး တွေက အရင်းပြုတ်ပြီးတော့ နာကျည်းမှုလည်း ဖြစ်ပါတယ်။ ဒါလေးတွေကိုလည်း ကျွန်တော်တို့ ကာကွယ်တားဆီးနိုင်အောင် မလိုအပ်ဘဲနဲ့ အရင်းဈေးအောက်ကို ရောက်နေတာတွေ ပျောက်သွားဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဲဒီအခါကျရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းမှာ နေထားတယ်ဆိုရင် ဒေါ်လာ ဈေးကျလာသော်လည်းကောင်း၊ နိုင်ငံခြား ဆီဈေးကျလာသော်လည်းကောင်း ဖြစ်တယ် ဆိုရင်တော့ ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် အရင်းဈေးက အောက်ရောက်သွားပြီ။ မနေ့က ဈေးက အရင်းဈေးနဲ့ ရောင်းထားတယ်ဆိုရင် ဒီနေ့ ဒေါ်လာဈေးကျပြီဆိုရင် အရင်းဈေးက အောက်ကိုရောက်သွားပြီ။ ရောက်သွားပြီဆို ရင် ဈေးကို ကျွန်တော်တို့က ချနိုင်စွမ်းရှိတယ်။ ဖြစ်နေတဲ့ပြဿနာက မနေ့က ကျွန်တော်ရှိတဲ့ ဈေးကိုက အရင်ဈေးအောက်ကို ရောက်နေတယ်။

တစ်ဖက်က နိုင်ငံခြားဆီဈေးကျလာတဲ့ အချိန်ကျမှ ကျွန်တော်တို့ အရင်းဈေးအောက်ကိုကျလို့ မခံနိုင်တော့ဘူးဆိုပြီး တက်တာလေး တွေ တွေ့ရပါတယ်။ ကြည့်ရတာ အပြင်က အမြင်ကျတော့ ကျွန်တော်တို့လို လုပ်ငန်းလုပ်တဲ့သူ မဟုတ်တော့ဘူးလေ။ သုံးစွဲသူမြင်တဲ့ အမြင်ကျတော့ ကမ္ဘာ့ဆီဈေးပဲ တွေ့လိုက်တယ်။ အရင်နေ့ဈေးတွေပါ မတွေ့တော့ဘူး။ အဲဒီတော့ စိတ်ထဲမှာ လက်မခံနိုင်စရာတွေ ဖြစ်တာပေါ့။ အဲဒီတော့ ဒီအရင်းဈေးအောက်ကို ချမရောင်းဖို့ဆိုတာသည် ရည်ရွယ်ချက် နှစ်ခုပါ။ တစ်ခုက လုပ်ငန်းရှင်တွေ ပျက်သုန်းသွားမယ့် ကိစ္စရပ်တွေကို ကာကွယ်ထိန်းသိမ်းဖို့ အကြောင်းအရာတစ်ခုရယ်၊ နောက်တစ်ခုကတော့ ပုံမှန်အရင်းဈေးအောက် အနည်းဆုံး နဲ့ ရောင်းခြင်းအားဖြင့် ဈေးကျမယ့်အခါမှာချမယ်ဆိုရင်လည်း ချလို့ရတယ်။ မချဘဲနေမယ်ဆိုရင်တောင်မှလည်းပဲ ဒါကတော့ စော စောကပြောတဲ့ margin အတွင်းမှာပဲ ရှိရပါ မယ်။ အဲဒါဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးတစ်ခု။


နောက်တစ်ခု ပြည်ပစက်သုံးဆီကုမ္ပဏီတွေဝင်လာရင် ဈေးကွက်အခြေအနေ ဘယ်လိုဖြစ်လာနိုင်ပါလဲ။

အဲဒါဆိုရင်တော့ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရအောင်ဆိုတာကို အလေးထားပြီးတော့မှ ကျွန်တော် တို့တွေကတော့ တစ်ချိန်က မေတ္တာရပ်ခံပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေတော့ မခေါ်လာ ပါနဲ့ ကျွန်တော်တို့က အခုမှစပြီးတော့လုပ်ကြ ကိုင်ကြပေါ့။ တစ်ချက်ပေါ့။ သူတို့နဲ့ အင်အားချင်းတော့ မတူပါဘူး။ ရှိတဲ့ဓနအင်အားချင်းလည်း အခက်အခဲရှိပါတယ်။ နောက်တစ်ချက်ကတော့ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားကလည်းပဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စက်သုံးဆီဈေးတွေက ယှဉ်ပြိုင်နိုင်တဲ့ အနေအထားရှိပါတယ်။ စားသုံးသူ တွေက နစ်နာနေခြင်းမရှိပါဘူးဆိုတာ မေတ္တာ ရပ်ခံခဲ့ပါတယ်။ သို့သော်လည်းပဲ လက်ရှိအစိုးရက စားသုံးသူတွေရဲ့အကျိုး၊ ပြည်သူလူထုရဲ့အကျိုးကို ရှေးရှုပြီးတော့ နိုင်ငံခြားကုမ္ပဏီတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဆုံးဖြတ်ပြီး ခွင့်လည်းပြုထားပါတယ်။ ဖိတ်လည်းခေါ်ထားပါတယ်။ လက်ရှိလည်းပဲ နိုင်ငံခြားကုမ္ပဏီတစ်ခုက နှစ်နှစ်လောက်ရှိပါပြီ။ သူတို့လည်း လက်ရှိဈေးကွက်ထဲမှာ ဝင်ရောက်ပြီးလုပ်ကိုင် နေပါတယ်။ သူတို့ရောက်လာခဲ့ရင် ဒီထက် ပိုပြီး ဈေးကျသွားမလားဆိုတာ ပြောစရာတော့ မလိုတော့ဘူးထင်ပါတယ်။ 

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top