M Bwe

M Bwe

ဆိုးလ်၊ ဇန်နဝါရီ ၁၅

တောင်ကိုရီးယားနာမည်ကျော် အဆိုတော် BoA သည် မိုက်ကယ်ဂျက်ဆင်၏ Man in the Mirror သီချင်းဖြန့်ချိခဲ့ခြင်း နှစ် ၃ဝပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုရန် SM STATION ဒုတိယမြောက်ရာသီအတွက် စုံတွဲတေးတစ်ပုဒ်ကို ပြင်ဆင်နေကြောင်းသိရသည်။  BoA သည် ယင်းသီချင်းကို ပူးတွဲရေးသားခဲ့သူ အမေရိကန်အဆိုတော်-တေးရေးဆရာ ဆီဒါဂါးရက်နှင့်အတူ ပူးတွဲသီဆိုမည်ဖြစ်ပြီး အဆိုပါသီချင်း Live ဗားရှင်းကို  SM STATION မှတစ်ဆင့် ဇန်နဝါရီ ၁၆ရက်တွင် ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

လန်ဒန်၊ ဇန်နဝါရီ ၁၅

အီးယူမှ ဗြိတိန်နုတ်ထွက်ရေးကို ဦးဆောင် စည်းရုံးလှုံ့ဆော်သူ နစ်ဂျဲလ်ဖာရက်ဂ်ျက ဗြိတိန်အီးယူမှ ထွက်ရေးမဲပေးပွဲ ပြုလုပ်ခဲ့ပါက ရှုံးမည်ကို စိုးရိမ်ကြောင်း။ ယခုအခါ ဗြိတိန်တွင် အီးယူမှ ထွက်ရေးမှာ မထွက်လိုသူအင်အားများလာ၍ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။ ဗြိတိန်Observer သတင်းစာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ယူ ကေအင်ဒီပင်းဒင်း ပါတီခေါင်း ဆောင်ဟောင်း ဖာရက်ဂ်ျက အီးယူက မထွက်လိုသော အုပ်စုက ထွက်လိုသည့် အုပ်စုကို လုံးဝအနိုင်ရသွားလိမ့်မည်ဟု ပြောကြားလိုက်သည်။

စန်တိုဒိုမင်ဂို၊ ဇန်နဝါရီ ၁၅ 

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံကိုယ်စားလှယ်များသည် ဒိုမီနီကန်ရီပတ်ဗလစ်နိုင်ငံတွင် တွေ့ ဆုံလျက်ရှိပြီး ဗင်နီဇွဲလားနိုင်ငံတွင် ရင်ဆိုင်နေရသော အကျပ်အတည်းများကို ဖြေရှင်းရန် ဇန်နဝါ ရီ ၁၈ ရက်တွင် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ရေနံဈေးနှုန်းကျဆင်းမှု၊ ငွေ ကြေးဖောင်းပွမှုနှင့် အကျင့်ပျက်ခြစားမှုအခြေအနေများ ဆိုးရွားလာခဲ့ သောကြောင့် ဗင်နီဇွဲလားနိုင်ငံစီးပွားရေးအခြေအနေပျက်စီးလာခဲ့ပြီး ဗင်းနီဇွဲလားနိုင်ငံ၏ အကျပ်အတည်းများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ သမ္မတနီကိုလပ်စ်မာဒူရိုသည် အာဏာကိုဆက်လက်ချုပ်ကိုင်ထား ပြီး အတိုက်အခံများမှာမူ မစုစည်းနိုင်သေး ဖြစ်နေသည်။

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၅

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဇန်နဝါရီ ၁၅ရက်က အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၅ ဦး သေဆုံးကာ ၁ဝ၅ ဦး ဒဏ်ရာများရရှိသွားခဲ့သည်ဟု အီရတ်နိုင်ငံမှ အရာရှိများက ပြောကြားခဲ့သည်။

ရန်ကုန် ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံ အာမခံအသင်းရုံးဖွင့်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင် ဦးဝင်းမြင့်ဟန်၊ မြန်မာနိုင်ငံ အာမခံအသင်းဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

စစ်တွေ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန် မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ကော်မတီဝင်များဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်တွင် National Verification Card (NVC) ကိုင် ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည်သူများသိရှိရန် ကျယ်ကျယ် ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ်ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသော အထောက်အထား ပြသနိုင်မည်ဖြစ်သည်။

ရွာသစ် ဇန်နဝါရီ ၁၅

ကယားပြည်နယ် ဘောလခဲခရိုင် ရွာသစ်မြို့တွင် ကျင်းပပြုလုပ်သည့် (၆၆)နှစ်မြောက် ကယားပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော် ဇန်နဝါရီ ၁၅

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းများတွင် စနစ်တကျ စိစစ်လက်ခံပြီးသူများအား ယာယီထားရှိမည့် လှဖိုးခေါင် ကြားစခန်းစခန်းပြင်ဆင်နေမှု အခြေအနေအား ဇန်နဝါရီ ၁၄ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှုစဉ် လှဖိုးခေါင်စခန်း ပြင်ဆင်နေမှု အခြေအနေ၊UEHRD ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများက သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြသည်များကို ဖော်ပြလိုက်ပါသည်။

နေပြည်တော် ၊ ဇန်န၀ါရီ ၁၅

မြန်မာနိုင်ငံ၏ အနာဂတ်အတွက်များစွာ အကျိုးဖြစ်ထွန်းစေမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာကို ရေးဆွဲသွားမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က  ပြောခဲ့သည်။ “ နောင်နှစ်ပေါင်းများစွာအတွက် ကျွန်တော်တို့တိုင်းပြည်မှာ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားမူဝါဒတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်ဖို့ မဟာဗျူဟာကို ဒီနေ့ ရေးဆွဲကြမှာ ဖြစ်ပါတယ်၊ မဟာဗျူဟာဟာ ဒီတိုင်းပြည်ကြီးရဲ့ အနာဂတ်မျိုးဆက်သစ်အတွက် တိုးတက်ကြီးပွားမှု သာယာဝပြောမှု ရရှိစေဖို့အတွက် အရေးကြီးတဲ့အချက်ကို အကောင်အထည်ဖော် ရေးဆွဲကြမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့  နံနက် ပြုလုပ်ခဲ့သော ပညာရပ်ဆိုင်ရာ Sensitization Workshop တွင် ကော်မရှင် ဥက္ကဌက ပြောခဲ့ခြင်း ဖြစ်သည်။

ပေကျင်း၊ ဇန်နဝါရီ ၁၄

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွား ရေးနယ်ပယ်တွင် အရှိန်အဟုန်မြှင့် တိုးတက်နေပြီး၊ အိမ်နီးနားချင်းအ ခြားမဲခေါင်နိုင်ငံများထက် ကုန်ထုတ်လုပ်မှု သာလွန်နေသည်ဟု ဇန်နဝါ ရီ ၁၄ ရက် သတင်းများအရသိရှိရသည်။ တရုတ်နိုင်ငံစီးပွားရေးသည် လန်ချန်းမဲခေါင်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအရ ယမန်နှစ်က ၆ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ရသည်ဟု တရုတ်ဝန်ကြီးချုပ်လီကာ ရှန်းက ကမ္ဘောဒီးယားနိုင်ငံဖနွမ်း ပင်မြို့တွင် ပြုလုပ်သောလန်ချန်း မဲ ခေါင်နိုင်ငံနိုင်ငံများ အစည်းအဝေး၌ ထုတ်ဖော်ပြောဆိုလိုက်သည်။

Page 2 of 59