M Bwe

M Bwe

ပရီတိုရီးယား၊ ဖေဖော်ဝါရီ ၁၅ 

တောင်အာဖရိကနိုင်ငံ၏ အာဏာရ အာဖရိကအမျိုးသားကွန်ဂရက်ပါတီ(ANC)က ကိုးနှစ်တာအကျင့်ပျက်ခြစားမှုများနှင့် စီးပွားရေးကျဆင်းအောင် လုပ်လာခဲ့သည့်သမ္မတဂျက်ကော့ဇူးမားအား ဆန့်ကျင်ကန့်ကွက်ခဲ့ရာ ဇူးမားသည် သမ္မတရာထူးမှ ဖေဖော်ဝါရီ ၁၄ ရက်က နုတ်ထွက်လိုက် ကြောင်း AFP သတင်းက ဖေဖော်ဝါရီ ၁၅ ရက်က ဖော်ပြလိုက်သည်။

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅

ပြီးခဲ့သည်နှစ်က တိုက်ခိုက်မှုများတွင် အာဖဂန်အရပ်သား တစ် သောင်းကျော်သေဆုံးခဲ့ကြောင်း သို့မဟုတ် ထိခိုက်ဒဏ်ရရှိခဲ့ခြင်းများဖြစ်ပွားခဲ့ပြီး ထိုသေကျေထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းများ၏ အဓိကအ ကြောင်းရင်းမှာ စစ်သွေြး<ွကများ၏ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ကာ အမေရိကန်နှင့် အစိုးရတပ်ဖွဲ့များ၏ လေကြောင်း တိုက်ခိုက်မှုသည် သေကျေဒဏ်ရာရရှိသူအရေအတွက်ကို မြင့်တက် လာစေခဲ့သည်။

ပါ့ခ်လန်း၊ ဖေဖော်ဝါရီ ၁၅

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ အထက်တန်း ကျောင်းတစ်ကျောင်းတွင် ကျောင်းထုတ်ခံရသော အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်းတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်တွင် တိုက်ခိုက်ရေးရိုင်ဖယ်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် လူ ၁၇ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့သည်။ တရားခံဖြစ်သူကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။ အဆိုပါဖြစ်ရပ်သည် မိုင်ယာမီမြို့၏မြောက်ဘက် ၄၅ မိုင်ခန့်အကွာ လူလတ်တန်းစားအများစု နေထိုင်သော ပါ့ခ်လန်းမြို့ရှိ အထက်တန်းကျောင်းတွင် ကျောင်းဆင်းခါနီးအချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လန်ဒန်

ကင်းဘရစ်သိပ္ပံပညာရှင်တို့၏ အဆိုအရ အစားအစာက ကင်ဆာတိုးပွားမှုနှင့် ပျံ့နှံ့မှုကို ပြောင်းလဲစေနိုင်သည်ဟုဆိုသည်။ သုတေသီတို့က ကြွက်များနှင့် စမ်းသပ်ရာ Asparagine ဓာတ်ပါဝင်သော အစာအာဟာရက ရင်သားအဖုအကျိတ်များ တိုးပွားခြင်းကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။Asparagine သည် အမီနိုအက်စစ်ဓာတ် ဖြစ်ပြီး ကညွတ်မှရရှိသောဓာတ်ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်းကင်းဘရစ်ကင်ဆာ သုတေသနအဖွဲ့က ဦးဆောင်ကာ လေ့လာစမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ဘတ်ကင်ရှိုင်းယား

စိတ်ရောဂါဝေဒနာရှင်တို့အား နေ့စဉ် ၁ဝ မိနစ်ခန့် အာလာပသလ္လာပ ပြောဆိုပေး ခြင်းက ၎င်းတို့၏ ဘဝအရည်အသွေးကို တိုး တက်စေကြောင်း လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်။ အင်္ဂလန်နိုင်ငံရှိ စိတ် ရောဂါဝေဒနာရှင် ပြုစုစောင့်ရှောက်ရေးဂေဟာ ၆၉ ခုတွင် ကိုးလကြာမျှ စမ်းသပ်မှုပြုခဲ့သော သုတေသီတို့က စိတ်ရောဂါဝေဒနာရှင်တို့၏ ဘဝအရည်အသွေး တိုးတက်မှုကို တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

တိုရွန်တို

အချိန်မတိုင်မီ မွေးဖွားသောကလေးများအား မိဘများ ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းက ကလေးများ၏ ကျန်းမာရေးနှင့် ချမ်းသာသုခကို အထောက်အကူပြုစေနိုင်သည်ဟု လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်။ အချိန်မတိုင်မီ မွေးဖွားသောကလေးများအား ဆေးရုံဝန်ထမ်းများသာ ပြုစုစောင့်ရှောက်သည် ထက် မိဘများကိုယ်တိုင် ဂရုတစိုက် ပါဝင် စောင့်ရှောက်မှုကို သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့တွင် စမ်းသပ်မှုပြုခဲ့ကြသည်။

တိုရွန်တို

အချိန်မတိုင်မီ မွေးဖွားသောကလေးများအား မိဘများ ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းက ကလေးများ၏ ကျန်းမာရေးနှင့် ချမ်းသာသုခကို အထောက်အကူပြုစေနိုင်သည်ဟု လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်။ အချိန်မတိုင်မီ မွေးဖွားသောကလေးများအား ဆေးရုံဝန်ထမ်းများသာ ပြုစုစောင့်ရှောက်သည် ထက် မိဘများကိုယ်တိုင် ဂရုတစိုက် ပါဝင် စောင့်ရှောက်မှုကို သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့တွင် စမ်းသပ်မှုပြုခဲ့ကြသည်။

ဒမတ်စကတ်

လွန်ခဲ့သည့်ရက်သတ္တပတ်က ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှားတိုက်ခိုက်ရေးသမားနှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။  သေဆုံးသူနှစ်ဦးမှာ ရုရှားလူမျိုးကြေး စားစစ်သားများဖြစ်ပြီး ဆီးရီးယားအစိုးရ လိုလားသောတပ်ဖွဲ့ကို ကျောထောက် နောက်ခံပြုနေသည့် ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာ ကုမ္ပဏီတစ်ခုက ငှားရမ်းခဲ့သူများဖြစ် ကြောင်း သိရသည်။

ဂျေရုဆလင်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် စွပ်စွဲထားသည့် လာဘ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ စွဲချက်တင်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ မစ္စတာနေတန်ယာဟုသည် လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုတို့အတွက် စွဲချက်တင်ခံရလောက်သည့် အထောက်အထားရှိနေသည်ဟု သိရသည်။

ချန်ဒူ

တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ နိုင်ငံ၏ အနောက်တောင်ဘက် ဝေးလံခေါင်သီ သော နေရာဒေသမှ ဆင်းရဲသောမိသားစုများထံ တရုတ်သမ္မတ ရှီကျင့်ပင် သွားရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။ အဆိုပါအရပ် ဒေသမှာ မြေငလျင်ထိခိုက်ခံစားရသောအရပ် ဖြစ်ပြီး သမ္မတရှီက ငလျင်ထိခိုက်ခံစားရမှုကို လေ့လာစစ်ဆေးခြင်းလည်း ဖြစ်သည်။

Page 4 of 79