M Bwe

M Bwe

ဆိုးလ်၊ ဖေဖော်ဝါရီ ၉

မြောက်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်ကကျင်းပခဲ့ သော စစ်ရေးပြပွဲတွင် ယခင်နှစ်ကစမ်းသပ်ခဲ့သည့် တိုက်ချင်းပစ် ဒုံးကျည်အသစ်များ၊ တာတိုဒုံးကျည် အမျိုးအစားအသစ်များပါဝင်သည်ဟု သုတေသီများက ဖေဖော် ဝါရီ ၉ ရက်တွင် ပြောသည်။ မြောက်ကိုရီးယားစစ်တပ် တည်ထောင်ခြင်း နှစ်(၇ဝ)ပြည့် အခမ်းအနားအဖြစ်ကျင်းပသည့် အဆိုပါစစ်ရေးပြပွဲသို့ ခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်တန်းအာဏာပိုင်များ တက်ရောက်ခဲ့သည်။ ပုံမှန်အားဖြင့် ဧပြီလတွင်ကျင်းပလေ့ ရှိသော်လည်း ယခုမူအိုလံပစ်ပွဲ မတိုင်မီတစ်ရက်အလိုတွင် ကျင်းပလိုက်ခြင်းဖြစ်သည်။

အင်ချွန်း(တောင်ကိုရီးယား) ဖေဖော်ဝါရီ ၉

အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံကို အရေးယူပိတ်ဆို့မှုအသစ်များ လုပ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် ဖေဖော်ဝါရီ ၉ရက် ပြုံချန်ဆောင်း ရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ညီမ ကင်ယိုဂျုံပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိလာသည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၈

တောင်ကိုရီးယားမင်းသမီး ဂိုယောင်းဂျောင်းသည် ထုတ်လုပ်ရေးအဖွဲ့နှင့် ပဋိပက္ခဖြစ်ခဲ့ပြီးနောက် SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသနေသော "Return" ရုပ်သံဇာတ်လမ်းတွဲမှ ၎င်းကို ဖယ်ရှားလိုက်လိုက်ကြောင်း ၏ အေဂျင်စီက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြား လိုက်သည်။ IOK Co. က ''သူဟာ ထုတ်လုပ်ရေးအဖွဲ့နဲ့ မတူကွဲပြားတဲ့အမြင် ထပ်ခါတလဲလဲ ရှိလာခဲ့ပါတယ်။ ပြီးတော့ ဆက်လက်စေ့စပ်ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် သဘောထားကွာဟမှုက မကျဉ်းမြောင်းနိုင်တော့ပါဘူး။ ဆက်လက်ရိုက်ကူးဖို့ ခက်ခဲနိုင်တယ်ဆိုတာကို အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလိုကျွန်တော်တို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၈

မင်းသမီး အလိဆီယာဗီကန်ဒါသည် 'Tomb Raider'  အမည်ရှိ အက်ရှင်ရုပ်ရှင်ကို ရိုက်ကူးနေစဉ်အတွင်း ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းခဲ့သည်အထိ အအေးမိခဲ့သည့်အတွက် ရိုက်ကွင်းကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။ အသက် (၂၉)နှစ်အရွယ် မင်းသမီးသည် ယင်းရုပ်ရှင်တွင် အက်ရှင်ဟီးရိုးလာရာကရော့ဖ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရိုက်ကွင်းတွင် အအေးမိခဲ့ပြီးနောက် ခန္ဓာကိုယ်ပြာနှမ်းသည်အထိ ဖြစ်ခဲ့ရသည်အတွက် နွေးထွေး စေရန် ခေတ္တမျှ ရိုက်ကွင်းမှ အနားယူခဲ့ရခြင်းဖြစ်သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ပုလဲ မြို့ နယ်၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ၂၀၁၇ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလကုန်အထိ ၁၅၂ ဒဿမ ၂၈၆၅ တန် ၊ ဆက်စပ် မော်တော်ယာဉ် ၁၅ စီးနှင့် တရားခံ ၁၄ ဦးကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန် ၊ဖေဖော်ဝါရီ ၈

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်ကာ နှစ်နိုင်ငံ စီးပွားရေးရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အစိုးရတာဝန်ရှိသူများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီးနောက်တရုတ်- မြန်မာစီးပွားရေး စင်္ကြံလမ်း တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဟွာလီယန်၊ ဖေဖော်ဝါရီ ၈

ငလျင်ကြီးလှုပ်ခတ်ခဲ့သော ထိုင်ဝမ်တွင် နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်လျက် ရှိပြီး ဖေဖော်ဝါရီ ၈ ရက်တွင် အ လောင်းနှစ်လောင်း ထပ်တွေ့ရသ ဖြင့် သေဆုံးသူ ၁ဝဦးအထိရှိလာကာ ၅၈ ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ ထိုင်ဝမ်ကျွန်းအရှေ့ပိုင်းရှိ ထင်ရှားသော ကမ္ဘာလှည့်ခရီးသွားမြို့ ဟွာလီယန်တွင် ဖေဖော်ဝါရီ ၆ ရက်ညပိုင်းက ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျုရှိသော ဇောက်တိမ်ငလျင် လှုပ်ခတ်ခဲ့ရာ အဆောက်အအုံအချို့ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရသည်။ လမ်းများပျက်စီးခဲ့ရသည်။ ရာနှင့်ချီသော ဒေသခံများသည် ကျောင်းများနှင့် အားကစားကွင်းတစ်ခုတွင် ယာယီခိုလှုံနေထိုင်ကြရသည်။

ရဝါပင်ဒီ၊ ဖေဖော်ဝါရီ ၈

ပါကစ္စတန်ရေတပ်က ကာရစ်ဘီယံပင်လယ် ပါကစ္စတန်နိုင်ငံကမ်း ခြေ၌ မူးယစ်ဆေးဝါး ကီလိုဂရမ် ၅ဝဝဝနှင့် အခြားမှောင်ခို မူးယစ် ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ ကြောင်း ဆင်ဟွာသတင်းက ဖေ ဖော်ဝါရီ ၈ ရက်တွင် ဖော်ပြလိုက် သည်။ စစ်ဆင်ရေးတွင် ပါကစ္စတန် အထူးစီးပွားရေးဇုန်အတွင်း ASLAT သင်္ဘောက တွေ့ရှိခဲ့ကြောင်း ပါကစ္စတန်ရေတပ် လူထုဆက်သွယ် ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မနီလာ၊ ဖေဖော်ဝါရီ ၈ 

နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သည် သမ္မတဒူတာတေကို လူသားမျိုးနွယ်အပေါ် ကျူးလွန် သောရာဇဝတ်မှု စွပ်စွဲချက်များဖြင့် ကနဦးအဆင့် စုံစမ်းစစ်ဆေးမှု စတင်နေပြီဟု ဖိလစ်ပိုင်အစိုးရကို အကြောင်းကြားလာသည်ဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၈ ရက်တွင် ပြောသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲတွင် ထောင်နှင့်ချီသော ဖိလစ်ပိုင်ပြည်သူများ တရားမဝင်သတ် ဖြတ်ခံခဲ့ရကာ ထို့အတွက် သမ္မတဒူတာတေတွင် တာဝန်ရှိသည်ဟု ICC ထံ ရောက်ရှိလာသော တိုင်ကြားချက်ကဆိုသည်။ အဆိုပါ တိုင်ကြားချက်ကို ICC က အရေးတယူလုပ်ပြီး စုံစမ်းစစ်ဆေးမှုမှာ အချိန်ကုန်လူပန်းလုပ်ရပ်သာဖြစ် သည်ဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရီရော့က ပြောသည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၇

Backstreet Boys အဖွဲ့သည် မကြာမီအဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော့မည် ဟုဆိုသော Spice Girls အဖွဲ့နှင့် ပူးတွဲသီချင်းဆိုချင် ကြောင်း ပြောကြားလိုက်သည်။ 'I Want It That Way' သီချင်းဖြင့်နာမည်ကျော် ကြားခဲ့သော အဆိုတော်အဖွဲ့က ဗစ်တိုးရီးယားဘက်ခမ်း၊ ဂယ်ရီဟော်နာ၊ မယ်လ်ဘီ၊ မယ်လ်စီနှင့် အမ်မာ ဘွန်တန်တို့ပါဝင်သော မိန်းကလေးအဖွဲ့နှင့် သီချင်းတစ်ပုဒ်ဖြန့်ချိရန် စိတ်ဝင်စားကြောင်း ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

Page 6 of 77