M Bwe

M Bwe

ချီကာဂို

အမေရိကန်ပြည်ထောင်စု လက်လီရောင်းချသည့်ကုမ္ပဏီကြီးဖြစ်သည့် Walgreens  က ရက်လွန်နေသည့် ကလေးအစားအစာ၊ နို့မှုန့်နှင့် ဆေးဝါးများ ရောင်းချခဲ့သည်ဟူ သော တရားစွဲပြေငြိမ်းရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း လျော်ကြေး ပေးသွားမည်ဖြစ်ကြောင်း ဒေသခံသတင်းမီဒီယာတို့က ရေးသားဖော်ပြခဲ့ကြသည်။

ဝူဟန်

တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် ဥရောပတို့အကြားရှိ ချိတ်ဆက်ထားသော မီးရထားလမ်း လုပ်ငန်းလည်ပတ်မှုသည် ၂ဝ၁၈ ခုနှစ်အတွင်း မီးရထားဖြင့် ကုန်စည်တင်ပို့မှုအရေအတွက် ရာခိုင်နှုန်း ၃ဝ တိုးတက်လာမည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ပေကျင်း

မန်ချက်စတာယူနိုက်တက်ဘောလုံး အသင်းသည် တရုတ်နိုင်ငံရှိ အွန်လိုင်းတွင် လူကြိုက်အများဆုံးအသင်းအဖြစ် ထိပ်ဆုံး နေရာကို ထိန်းသိမ်းထားနိုင်ဆဲရှိကြောင်း အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြခဲ့သည်။ မန်ချက်စတာယူနိုက်တက်၏နောက်တွင် စပိန်နိုင်ငံ၏ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ က အသီးသီးနေရာယူထားကြောင်း သိရသည်။

လန်ဒန်

အစိုးရ၏ လေထုညစ်ညမ်းမှု တိုးတက် ရေးဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် ဗြိတိန်နိုင်ငံရှိ လူများ၏အိမ်များတွင် ထင်းနှင့် ကျောက်မီးသွေးကို လောင်စာအဖြစ် မီးရှို့သုံးစွဲနေမှုကို အသေးစိတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံအတွင်းရှိမြို့များတွင် လေ အရည်အသွေးတိုးတက်စေရေး အထောက် အကူပြုရန် အာဏာပိုင်တို့က တောင်းဆိုလျက်ရှိသည်။

ဆန်ဖရန်စစ္စကို

သိပ္ပံပညာရှင်တို့က ကျူးကျော်ဝင်ရောက်လာသည့် ဗိုင်းရပ်စ်များကို ချေမှုန်းမည့် ကာကွယ်ရေးဗက်တီးရီးယားများနှင့် ပတ်သက်၍ စမ်းသပ်လုပ်ဆောင်လျက်ရှိရာ ဗက်တီးရီးယားမျိုးဗီဇ ၁ဝ မျိုးကို အသစ်တွေ့ရှိကြောင်း ဖော်ပြခဲ့ကြသည်။ လက်ရှိတွေ့ရှိမှုသည် ကိုယ်ခံအားစနစ်ကို နှစ်ဆကျော် ပိုမိုခံနိုင်ရည်ရှိစေမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အဏုဇီဝဗေဒပညာရှင် ဂျိုးဆက်ဘွန်ဒီဒီနိုမီက ပြောကြားခဲ့သည်။

ယော့ရှိုင်းယား

ထင်ရှားကျော်ကြားသော စည်းရုံးလှုံ့ဆော်သူတို့က ကျောက်ပုစွန်နှင့် ကဏန်းများကို အရှင်လတ်လတ်ချက်ပြုတ်ခြင်းမှ အကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့က ပတ်ဝန်းကျင်ရေးရာဝန်ကြီးထံ ပုစွန်၊ ကဏန်းများနှင့်ပတ်သက်၍ တိရစ္ဆာန်ချမ်းသာသုခ ဥပဒေကြမ်းတွင် အမျိုးအစားခွဲပေးရန် တိုက်တွန်းသည့်စာကို လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ကြသည်။

ပေကျင်း

သိုးကိုယ်ပွားများကို ဖန်တီးထုတ်လုပ်သည့် နည်းပညာကို အသုံးပြု၍ မျောက်ကလုန်းများကို ဖန်တီးနိုင်ခဲ့ကြောင်းသိရသည်။ မျောက်ကလုန်းများကို လွန်ခဲ့သည့်ရက်သတ္တပတ်အတန်ကြာက တရုတ်နိုင်ငံရှိ ဓာတ်ခွဲခန်းတွင် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပြီး မျောက်ကလုန်းများကို ကျုန်းကျုန်းနှင့် ဟွာဟွာဟူ၍ အမည်ပေးထားသည်။

နယူးယောက်

မိခင်၏ ဝမ်းကြာတိုက်အတွင်းရှိ ကလေးများ ကန်ကျောက်လှုပ်ရှားခြင်းသည် နာ့ဗ်ကြောစနစ်၊ အရိုးစုနှင့် ကြွက်သားများ အလုပ်လုပ် ဆောင်မှုကို တွန်းအားပေးခြင်းဖြစ်သည်ဟုဆိုသည်။ ဝမ်းကြာတိုက်အတွင်း ရက်သတ္တ ၁ဝ ပတ်ကြာ သန္ဓေသားကလေးငယ်သည် သူ၏ ဦးခေါင်းနှင့် လည်ပင်းကို ကွေးညွတ်ထားပြီး ရက်သတ္တ ၁၅ ပတ်အကြာတွင် အသက်ရှူ ခြင်းနှင့် တစ်ကိုယ်လုံး လှုပ်ရှားခြင်းကို ပြုမူ ကြသည်ဟုဆိုသည်။

မော်စကို

လွန်ခဲ့သောရက်သတ္တပတ်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် စံချိန်တင်လောက်သည့် အထူထပ်ဆုံးနှင်းကျဆင်းမှုနှင့် တွေ့ကြုံခဲ့ရကြောင်း သိရသည်။

ဗာတီကန်

တူရကီသမ္မတနှင့် ပုပ်ရဟန်းမင်းကြီးတို့က ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ရန် သဘောတူညီခဲ့ကြသည်။  ဗာတီကန်မြို့တော်သို့ တူရကီနိုင်ငံအကြီးအကဲအဖြစ် ပထမဦးဆုံးအကြိမ် လာရောက်သည့် သမ္မတ ရီဆက်တေယစ်အာဒိုဂန်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံခဲ့သည်။

Page 7 of 77