M Bwe

M Bwe

မော်စကို

ရုရှားနိုင်ငံက ၎င်း၏ ဘော်လတစ်ပင် လယ်နယ်မြေတွင် နျူကလီးယားသယ်ဆောင်နိုင်သော တာတိုပစ်ဒုံးကျည်များကို ဖြန့်ကြက်ထားခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မတီအကြီးအကဲ ဗလာဒီမာရှာမာနော့ဗ်က ဒုံးကျည်များကို ကာလင်နင်ဂရက်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်

အမေရိကန်ပြည်ထောင်စု ငွေကြေးရန်ပုံ ငွေအဖွဲ့ ဥက္ကဋ္ဌရာထူးနေရာအတွက် ဂျာရုန်းပါဝယ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ မစ္စတာပါဝယ်သည် ဝါရှင်တန်မြို့ရှိ ဗဟိုဘဏ်ရှိ ၎င်းရာထူးနေရာကို မစ္စတာဂျာနယ်ယဲလင်နေရာတွင် ဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ မစ္စတာပါဝယ်က ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် နိုင်ငံအတွင်း အလုပ်နေရာ တိုးပွားခန့်ထားရေးနှင့် ထိရောက်သော လုပ်ခ လစာတိုးပွားရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

ထိုင်ဝမ်

ထိုင်ဝမ်တွင် ပြင်းအားကြီး မြေငလျင်လှုပ်ခတ်မှုကြောင့် လူလေးဦး သေဆုံး၍ ၂ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ပြင်းအား ၆ ဒသမ ၄ အဆင့် ရှိသော မြေငလျင်သည် ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂ဝ(၁၂မိုင်)အကွာတွင် ဗဟို ပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဘေရွတ်၊ ဖေဖော်ဝါရီ ၆

ဆီးရီးယားအစိုးရတပ်များသည်မဟာမိတ်ရုရှားလေတပ်၏ အကူအညီဖြင့် ဒမတ်စကတ်မြို့ အရှေ့ပိုင်း၊ ဂိုတာဆင်ခြေဖုံးရပ် ကွက်နှင့်အနောက်မြောက်ဘက်ရှိ အစ်ဒလစ်ပြည်နယ်တို့မှ သူပုန်တပ် ဖွဲ့ ခြေကုပ်စခန်းများကို ဖေဖော်ဝါရီ ၅ ရက်က တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး အရပ်သား ၂၈ ဦး ထိမှန် သေဆုံးခဲ့ရသည်ဟု ဖေဖော်ဝါရီ ၆ ရက်သတင်းများအရ သိရသည်။

မနီလာ၊ ဖေဖော်ဝါရီ ၆

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက ဖိလစ်ပိုင်နိုင်ငံ၏ ပစိဖိတ်ကမ်းခြေ၌ သိပ္ပံသုတေသနပြုလုပ်နေသည့် နိုင်ငံခြားသင်္ဘော အားလုံးကိုတားမြစ်ရန် အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းက ဖေဖော်ဝါရီ ၆ ရက်တွင် ဖော်ပြလိုက်သည်။ ဒူတာတေက ရေတပ်အား တရားမဝင်သင်္ဘောများကို ဖိလစ်ပိုင်ရေပြင်မှနှင်ထုတ်ရန် အမိန့်ပေးခဲ့သည်။ စောစောပိုင်းကမူ ဖိလစ်ပိုင်က တရုတ်၏ သမုဒ္ဒရာလေ့လာရေးလုပ်ငန်းများကို ခွင့်ပြုထားခဲ့သည်ဟုဆိုသည်။

ဂျကာတာ၊ ဖေဖော်ဝါရီ ၆

အင်ဒိုနီးရှားနိုင်ငံ၏ ဆင်းရဲသော ပြည်နယ်တစ်ခုဖြစ်သည့် ပါပူဝါပြည်နယ်တွင် လွန်ခဲ့သောလများက ဖြစ်ပွားခဲ့သော ဝက်သက်ရောဂါနှင့် အာဟာရချို့တဲ့မှုများကြောင့် ကလေးသူငယ်များ သေဆုံးခဲ့ရမှုအား ထိန်းချုပ်နိုင်ခဲ့ပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ဖေ ဖော်ဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန် ကြေညာလိုက်သည်။

ကေစီ၊ ဖေဖော်ဝါရီ ၅


ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းအချိန် နံနက် ၂ နာရီ ၄၅ မိနစ်က ခရီးသည် ၁၅ဝ ဖြင့် နယူးယောက်မှ မီယာမီသို့ ပြေးဆွဲနေသော တစ်နာရီ ၅၉ မိုင်နှုန်း ဖြင့် ခုတ်မောင်းနေသော အမ်ထရက်ခရီးသည်တင်ရထားသည် သံလမ်းချော်ကာ တိမ်းမှောက်ခဲ့ရပြီး ရထားဝန်ထမ်းနှစ်ဦးသေဆုံးကာ ခရီးသည် ၁၁၆ ဦး ဒဏ်ရာများရရှိသွားခဲ့သည်ဟု အုပ်ချုပ်ရေးမှူး ဟင်နရီမက်မာ စတာက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောဆိုလိုက်သည်။ ယင်းသည်နှစ်လအတွင်း အမ်ထရက်ရထားတိမ်းမှောက်ကာ တတိယလူအသေအပျောက်အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ယင်းသည်ကိုလံဘီယာတောင်ပိုင်း ၁ဝ မိုင် (၁၆ ကီလို မီတာ) အကွာတွင် ဖြစ်ပွားခဲ့ပြီး ခရီးသည်များ အိပ်မောကျစွာ လိုက်ပါလာချိန်တွင် တိမ်းမှောက်ခဲ့ရခြင်းဖြစ်သည်။

မီလန်၊ ဖေဖော်ဝါရီ ၅ 

အီတလီနိုင်ငံအလယ်ပိုင်းတွင် လူမည်းခြောက်ဦးကို ပစ်ခတ်သတ်ဖြတ်သည့် သံသယရှိသူလယ်ယာ စွန်းဝါဒီတစ်ဦးသည် စိတ်ဓာတ်တည်ငြိမ်မှုရှိပြီး ဆုံးဖြတ်ချက်ခိုင်မာကာ သူ၏အလုပ်ကိုသူ ကောင်းကောင်းသိရှိပြီး သူ့လုပ်ရပ်အတွက် နောင်တရကြောင်း မပြသခဲ့ဟု အီတလီနိုင်ငံတရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦးက ဖေ ဖော်ဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

တိုကျို၊ ဖေဖော်ဝါရီ ၅

အိုကီနာဝါတွင် အာဏာရပါတီထောက်ခံသည့် မြို့တော်ဝန်အနိုင်ရရှိလိုက်သဖြင့် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဖေဖော်ဝါရီ ၅ ရက်တွင် ကြိဆိုလိုက်ကြောင်း ပြော ကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ အာဘေးသည် မြို့တော်ဝန်ရွေးကောက်ပွဲအနိုင်ရရှိလိုက်သဖြင့် အိုကီနာဝါရှိ အမေရိကန် မရိန်းလေတပ်စခန်းကို နေရာရွှေ့ပြောင်းမှုကို ဆက် လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် NCA လက်မှတ်ရေးထိုးသွား မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ NCA  လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော် MICC–II  တွင် ကျင်းပသွားမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက ''နိုင်ငံတော်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အကြား NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နေပြည်တော် MICC–II မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။

Page 8 of 77