လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၁

အဆိုတော် Kesha သည် ဒူးအရွတ်စုတ်ပြဲမှုကိုကုသရန် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ပြန်လည် သက်သာစေရေး အချိန်ပေးနိုင်ရန် ဖျော်ဖြေပွဲအချို့ကို ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။ အသက် (၃၁)နှစ်အရွယ်အဆိုတော်သည် ဖေဖော်ဝါရီ ၉ ရက်တွင် ဒူဘိုင်းမြို့ ၌ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတစ်ခု၌ စင်ပေါ်မှပြုတ်ကျခဲ့ပြီးနောက် ဖေ ဖော်ဝါရီ ၂ဝ ရက်တွင် ခွဲစိတ်ကုသ မှုခံယူခဲ့ရကြောင်း ထုတ်ဖော်ပြော ကြားလိုက်ခြင်းဖြစ်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၁

တောင်ကိုရီးယားမင်းသမီး လီယောင်အေးသည် ၁၁ နှစ်ကြာပြီးနောက် ပထမဆုံးပြန်လည်ရိုက်ကူး သော ရုပ်ရှင်အနေဖြင့် "Find Me" အမည်ရှိရုပ်ရှင် တစ်ခုတွင်ပါဝင်မည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီနှင့် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတို့က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ၎င်း၏အေဂျင်စီဖြစ် သွောသသိ Good People Entertainment နှင့် ထုတ်လုပ်ရေးကုမ္ပဏီ 26 Company တို့၏အဆိုအရ ဝါရင့်သရုပ်ဆောင်မင်းသမီးလီသည် စိတ်ပိုင်းဆိုင်ရာချို့တဲ့နေသောသားဖြစ်သူ၏ မိခင်ဂျောင်ဆွန်းအဖြစ် ပါဝင်မည်ဟုဆိုသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ဖေဖော်ဝါရီ ၂၁ရက် နံနက်ပိုင်းတွင် ကမာရွတ် မြို့နယ်တရားရုံး၌ ဦးပါမောက္ခကို ၁၄ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ပြစ်မှုထင်ရှားကြောင်း ပေါ်ပေါက်သဖြင့် တရားစွဲဆိုထားသည့် နိုင်ငံ တော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် ထောင်ဒဏ်သုံးလကျခံ စေရန် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။ ဦးပါမောက္ခကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅ဝ၅ (ခ)ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ခြင်းအပေါ် မကျေနပ်သည့်အတွက် အထက်တရားရုံးသို့ အယူခံတက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၂၁

မန္တ လေးမြို့ အိမ်ခြံမြေဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း မြို့တွင် (Down Town)ထက် မြို့သစ်ဘက်ရှိ တန်ဖိုးသင့်တင့်နေရာများ၌ အ ရောင်းအဝယ် ပိုမိုဖြစ်လျက်ရှိပြီး စီမံကိန်းဝန်းကျင်ရှိ မြေကွက်နေ ရာများမှာမူ ဝယ်သူစိတ်ဝင်စားမှု နည်းပါးသောကြောင့် ဈေးနှုန်းများ ၁ဝ ရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်း အထိ ကျဆင်းလာကြောင်း သိရသည်။

မြဝတီ၊ ဖေဖော်ဝါရီ ၂၁

ဗြိတိန်နိုင်ငံသားခရီးသွားများသည် မြန်မာ ပြည်တွင်းသို့ မော်တော်ယာဉ်များ ဖြင့် လည်ပတ်ရန် ထိုင်းနိုင်ငံ မဲ ဆောက်မြို့မှတစ်ဆင့် ကရင်ပြည်နယ် မြဝတီနယ်စပ်ဂိတ်ဝသို့ ဖေ ဖော်ဝါရီ ၂ဝ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ က ရောက်ရှိလာခဲ့ပြီး ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံသားများပိုင် KYAIKTIYO Great Green Company Ltd.(KGG) သည် ဆံတော် ရှင်ကျိုက်ထီးရိုးစေတီတောင် တော်၏ အခြားတစ်ဖက်မှ အမေရိကန်ဒေါ်လာ ၆၂ သန်းအကုန် အကျခံ၍ ကေဘယ်ကားလမ်း ကြောင်းအသစ်တစ်ခု ထပ်မံပြေးဆွဲရေးလုပ်ငန်းစီမံကိန်းအဆိုပြုချက်ကို ဖေဖော်ဝါရီ ၂ဝ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်တင်ပြခဲ့ကြောင်း သိရသည်။

အာဆင်နယ်ကွင်းလယ်လူဟောင်း ပီရက်စ်က အမှတ်ပေးဇယားရပ်တည်မှုအရ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန်မလွယ်ကူသည့်အတွက် အသင်းအနေဖြင့် ယူရိုပါလိဂ်တွင် ဗိုလ်စွဲရန်ကြိုးစားသင့်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်။ အာဆင်နယ်သည် ယမန်နှစ်က ပရီးမီးယားလိဂ်တွင် အဆင့်-၅နေရာ သာရရှိခဲ့ခြင်းကြောင့် ယူရိုပါလိဂ်ဝင်ခွင့်သာရခဲ့ပြီး ယခုနှစ်ရာသီတွင်လည်း လက်ရှိတွင် အဆင့်-၆ နေရာအထိ ရောက်ရှိနေသဖြင့် ယမန်နှစ်ရာသီက ယူရိုပါလိဂ်တွင်ဗိုလ်စွဲပြီး ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရခဲ့သော မန်ယူကဲ့သို့ လုပ်ဆောင်သင့်ကြောင်း ပီရက်စ်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

မန်စီးတီးတိုက်စစ်မှူးအဂူရိုသည် ဝီဂန်ကိုအရေးနိမ့်ခဲ့ရသော အက်ဖ်အေဖလားပွဲအပြီးတွင် ပရိသတ်တစ်ဦးနှင့် အချင်းများခဲ့ သော်လည်း ယင်းဖြစ်စဉ်အတွက် တစ်စုံတစ်ရာ အရေးယူခံရမည် မဟုတ်ကြောင်း အက်ဖ်အေ ကထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

တောင်သူ လယ်သမားများ လယ်ယာရိတ်သိမ်းရန် စက်ကိရိယာငှားရမ်းရာတွင် စက်မှုလယ်ယာဦးစီးဌာန၌ စက်ကိရိယာအရေအတွက်နည်းပါးပြီး ပျက်နေတာ တွေများနေကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုး ကြည်က ပြောသည်။ ဖေဖော်ဝါရီ ၂၁ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါက်တာခင်စိုးစိုးကြည်က စက်မှုလယ်ယာစနစ်ဖြင့် တောင်သူဦးကြီးများ အဆင်ပြေချောမွေ့စွာ လယ်ယာလုပ်ငန်းများလုပ်ကိုင်နိုင်ရန် စက်မှုလယ်ယာဦးစီးဌာနတွင် ခေတ်မီလယ်ယာသုံး ကိရိယာများ တိုးချဲ့ ဖြည့်တင်းရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူမျိုးများစာရင်းမှာ အငြင်းပွားဖွယ်ရာများရှိသဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် ပြည် ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး အဆင့်ဆင့်ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ ထုတ်ပြန်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

Page 1 of 371