လန်ဒန်

ကင်းဘရစ်သိပ္ပံပညာရှင်တို့၏ အဆိုအရ အစားအစာက ကင်ဆာတိုးပွားမှုနှင့် ပျံ့နှံ့မှုကို ပြောင်းလဲစေနိုင်သည်ဟုဆိုသည်။ သုတေသီတို့က ကြွက်များနှင့် စမ်းသပ်ရာ Asparagine ဓာတ်ပါဝင်သော အစာအာဟာရက ရင်သားအဖုအကျိတ်များ တိုးပွားခြင်းကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။Asparagine သည် အမီနိုအက်စစ်ဓာတ် ဖြစ်ပြီး ကညွတ်မှရရှိသောဓာတ်ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်းကင်းဘရစ်ကင်ဆာ သုတေသနအဖွဲ့က ဦးဆောင်ကာ လေ့လာစမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ဘတ်ကင်ရှိုင်းယား

စိတ်ရောဂါဝေဒနာရှင်တို့အား နေ့စဉ် ၁ဝ မိနစ်ခန့် အာလာပသလ္လာပ ပြောဆိုပေး ခြင်းက ၎င်းတို့၏ ဘဝအရည်အသွေးကို တိုး တက်စေကြောင်း လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်။ အင်္ဂလန်နိုင်ငံရှိ စိတ် ရောဂါဝေဒနာရှင် ပြုစုစောင့်ရှောက်ရေးဂေဟာ ၆၉ ခုတွင် ကိုးလကြာမျှ စမ်းသပ်မှုပြုခဲ့သော သုတေသီတို့က စိတ်ရောဂါဝေဒနာရှင်တို့၏ ဘဝအရည်အသွေး တိုးတက်မှုကို တွေ့ရှိခဲ့ ခြင်းဖြစ်သည်။

တိုရွန်တို

အချိန်မတိုင်မီ မွေးဖွားသောကလေးများအား မိဘများ ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းက ကလေးများ၏ ကျန်းမာရေးနှင့် ချမ်းသာသုခကို အထောက်အကူပြုစေနိုင်သည်ဟု လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်။ အချိန်မတိုင်မီ မွေးဖွားသောကလေးများအား ဆေးရုံဝန်ထမ်းများသာ ပြုစုစောင့်ရှောက်သည် ထက် မိဘများကိုယ်တိုင် ဂရုတစိုက် ပါဝင် စောင့်ရှောက်မှုကို သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့တွင် စမ်းသပ်မှုပြုခဲ့ကြသည်။

တိုရွန်တို

အချိန်မတိုင်မီ မွေးဖွားသောကလေးများအား မိဘများ ဂရုတစိုက်ပြုစုစောင့်ရှောက်ခြင်းက ကလေးများ၏ ကျန်းမာရေးနှင့် ချမ်းသာသုခကို အထောက်အကူပြုစေနိုင်သည်ဟု လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်။ အချိန်မတိုင်မီ မွေးဖွားသောကလေးများအား ဆေးရုံဝန်ထမ်းများသာ ပြုစုစောင့်ရှောက်သည် ထက် မိဘများကိုယ်တိုင် ဂရုတစိုက် ပါဝင် စောင့်ရှောက်မှုကို သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့တွင် စမ်းသပ်မှုပြုခဲ့ကြသည်။

ဇူးရစ်

ဖီဖာတာဝန်ရှိသူများသည် ၂ဝ၁၈ ဇွန်လအတွင်း ကျင်းပမည့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် မလိုလားအပ်သည့် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ဓာတ်ပုံရိုက်ရာတွင် အသုံး ပြုသည့် ဆဲလ်ဖီရိုက်တံများ(selfie sticks) ယူဆောင်လာခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

မီလန်

အီတလီ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းသည် ဂျာစီစပွန်ဆာအတွက် ဂျာမနီအားကစား ကုမ္ပဏီ adidas နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေမှုများ ရှိလာခဲ့ခြင်းကြောင့် အခြားဂျာမနီအားကစားပစ္စည်းကုမ္ပဏီ တစ်ခုဖြစ်သည့် ပူးမားကုမ္ပဏီနှင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

လွန်ခဲ့တဲ့ခြောက်လလောက် ကတည်းက ဗီဒီယိုဇာတ်ကား တွေ မရိုက်ဖြစ်တော့ဘူးလို့ ပြောလာတဲ့ သရုပ်ဆောင် မင်းသွေးနဲ့ တွေ့ဆုံခြင်း

 

သီချင်း MTV ခွေထွက်ဖို့အတွက် ပြင်ဆင်နေတဲ့အပိုင်းကိုလည်း ပြောပြပေးပါဦး။

MTV ထွက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကျွန်တော် သီချင်းခွေရိုက်ဖို့ အပ်ထားတဲ့ ဒါရိုက်တာတွေကများတယ်။ အဲဒီအခါကျတော့ အခုမှ Story Book ရေးနေတုန်း။ ပြီးတော့ ကျွန်တော်က ဒီလထဲမှာပဲ ဇာတ်ကားရိုက်ကူးမှုဝင်သွားတဲ့အခါကျတော့ နောက်ဆုတ်ထားရတယ်။ ရိုက်ကူးတဲ့ အခါကျရင်တော့ ကျွန်တော်ရိုက်ချင်တဲ့ပုံစံတွေလည်းပါမယ်။ ဒါရိုက်တာရိုက်ချင်တဲ့ပုံစံလည်းပါမယ်။ ကျွန်တော့်ဘက်ကတော့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ ပိုက်ဆံကတော့ကုန်တယ်။

ပထမဦးဆုံးအကြိမ်အနေဖြင့် Miss Grand International 2018 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ အိမ်ရှင်အနေဖြင့် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ နိုင်ငံတကာမှ အလှမယ်များ လာရောက်ယှဉ်ပြိုင်မည့် အလှမယ်ပြိုင်ပွဲဖြစ်သော ကမ္ဘာ့အဆင့်အလှမယ်ပြိုင်ပွဲကို ပထမဦးဆုံးအနေဖြင့် လက်ခံ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင်ပြီးသား သင်္ကြန်တေးသီချင်းများကို ပြန်လည်စုစည်းသီဆိုထားသည့် တေးသံရှင် ဖြိုးပြည့်စုံ၏ 'သင်္ကြန်လေညင်းလုလင်' တေးသီချင်းခွေကို စတင်ဖြန့်ချိလိုက်ပြီဖြစ် ကြောင်း သိရသည်။

ရန်ကုန်

ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ အဖွဲ့အစည်း အသီးသီး၏ လိုအင်ဆန္ဒများအား ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းများဖြင့် ဖွင့်လှစ်ပေးထားသော်လည်း လျစ်လျူရှု သွေဖည် ကြမည်ဆိုပါက ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းရာတွင် ကြန့်ကြာနေဦးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောဆိုခဲ့သည်။

Page 12 of 363