မောင်တော၊ ဇန်နဝါရီ ၁၈

ရခိုင်ပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် အထူးစီးပွားရေးဇုန်များတည်ထောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာအကူအညီများပေးရန် ရခိုင်ပြည်နယ်လူသားချင်း စာနာထောက်ထားမှု ကူညီထောက်ပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)က ဖိတ်ခေါ်ထားကြောင်း သိရသည်။  လက်ရှိတွင်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်နေရာချထားရေးကိစ္စများ၊ လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်များလုပ် ဆောင်နေသော်လည်း နောက်ပိုင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ပြီး ယင်းအတွက်အတွေ့အကြုံရှိပြီး လုပ်ငန်းရှင်များ၏ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၈

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးခွဲခြားလို့မရ၊ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိမှလည်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကပြောကြားခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ပြုလုပ်သည့် တိုင်းရင်း သားလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်မှုဖိုရမ်ဖွင့်ပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက် ရောက်အဖွင့်မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မင်းဘူး၊ ဇန်နဝါရီ ၁၈

ကိုင်းတောထဲတွင် ပုန်းအောင်းနေသည့် ခိုးဝင်ဘင်္ဂါလီလူမျိုး ၁၂ ဦးကို မင်းဘူးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီး မင်းဘူး မြို့ရှိ ဆားဗွတ်ချောင်းတံတား အောက် ချောင်းစပ်ကိုင်းတောထဲတွင်ပုန်းခိုနေသည့် အဆိုပါဘင်္ဂါလီလူမျိုး ၁၁ ဦးကို ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီကျော်က တွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု မင်းဘူး မြို့မရဲ စခန်းထံမှ သိရသည်။ ယင်းဘင်္ဂါလီ ၁၁ ဦးမှာ အမျိုးသားများဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း မင်းဘူးမြို့မ ရဲစခန်းထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကို လူမှုကွန်ရက်စာမျက် နှာပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် မိုက်ကယ်ကျော်မြင့်အား အလုပ်နှင့် ထောင်ဒဏ်ကိုးလကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်တွင် ဒဂုံမြို့ နယ်တရားရုံး၌ မိုက်ကယ်ကျော်မြင့်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆ (ဃ)အရ အလုပ်နှင့် ထောင်ဒဏ် ခြောက်လ၊ ရာဇသတ်ကြီး ပုဒ်မ- ၂၁၁ အရ အလုပ်နှင့် ထောင်ဒဏ် သုံးလကျခံစေရန် ဒဂုံမြို့နယ်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ် သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မူပိုင်ခွင့်လ ဥပဒေကြမ်းလေးခုကို အမျိုးသားလွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ် ကြောင်းသိရသည်။ ဇန်နဝါရီ ၁၈ ရက်ဒုတိယအ ကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကြမ်း၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေ ကြမ်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကြမ်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကြမ်းတို့ကို တစ်ခုချင်းစီတင်သွင်းခဲ့ခြင်းဖြစ်သည်။

စစ်တွေ၊ ဇန်နဝါရီ ၁၈

ရခိုင် ပြည်နယ် မြောက်ဦးမြို့၌ ဖြစ် ပေါ်ခဲ့သော လူစုလူဝေးဖြစ်စဉ်တွင် သေဆုံးသွားသူခုနစ်ဦး၏ ရုပ်အလောင်းများအား ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက မြောက်ဦး မြို့ရှိ မင်းသားကျွန်းသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်လိုက်ကြောင်း ဒေ သခံများထံမှသိရသည်။ ''အားလုံးတော့ ပူဆွေးသောကတွေနဲ့ပေါ့ဗျာ။ စိတ်တော့ မ ကောင်းကြဘူး။ မိသားစုဝင်တွေဆို ရူးမတတ် ငိုနေကြတာတွေ့ရတယ်''ဟု သင်္ဂြိုဟ်ရာသို့ သွား ရောက်ခဲ့သည့် မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈

နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်ခံထားရသူ ဒေါက်တာအေးမောင်ကို ရဲတပ်ဖွဲ့မှဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်းသိရသည်။ ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က စစ်တွေ မြို့၊ အိုးတန်းရပ်ကွက်၊ ရွှေဗန်းလမ်းရှိ ¤င်း၏နေအိမ်သို့ ရဲတပ်ဖွဲ့မှလာရောက် ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''ဖမ်းဆီးထိန်း သိမ်းထားပါတယ်။ ဥပဒေအရ ဆက်လုပ်သွားမှာပါ''ဟု ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁၈ ရက်က ပြောသည်။

စစ်ကိုင်း၊ ဇန်နဝါရီ ၁၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏လူထုဗဟိုပြု (CDD)  စီမံကိန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ မြို့ နယ်နှစ်မြို့နယ်အတွင်း ကျေးလက်လမ်းများ အဆင့်မြှင့်တင် ပေးနေကြောင်းသိရသည်။ ''ကျေးလက်ဦးစီးဌာန လူထုဗဟိုပြု (CDD) စီမံကိန်းနဲ့ ကသာခရိုင်အတွင်းက ပင်လည် ဘူးမြို့နယ်နဲ့ ဗန်းမောက်မြို့နယ် တွေမှာ ကျေးလက်လမ်းတွေကို အဆင့်မြှင့်တင်ပေးမှာဖြစ်ပါတယ်'' ဟု ကသာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတိုးကြည်ကပြောကြားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇

သစ်တောဦးစီးဌာနပိုင်မြေများထဲမှ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်ရန် ခွင့်ပြုထားသည့်မြေဧကခြောက်သိန်း ကျော်ကိုပြန်လည်သိမ်းယူထား ပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီ ၁၇ ရက်တွင် ပြောသည်။ 

ရန်ကုန်၊ ဇန်နဝါရီ ၁၇

 

Yangon Water Bus ခရီးစဉ်သစ် နှစ်ခုဖြစ် သော ဗိုလ်တထောင် -မြောက်ဒဂုံနှင့် ဗိုလ်တထောင်-စတားစီးတီး သန်လျင်ခရီးစဉ်သစ်များကို ယခုနှစ်မိုးဦးရာသီတွင် စတင်ပြေးဆွဲ မည်ဖြစ်ကြောင်းသိရသည်။ ငမိုးရိပ်မြစ်ကြောင်းတစ် လျှောက်ပြေးဆွဲမည့် ဗိုလ်တထောင်- မြောက်ဒဂုံခရီးစဉ်အတွက် ခရီးသည် ၆ဝ မှ ၉ဝ အကြား စီးနင်းနိုင်မည့် သင်္ဘောခြောက်စင်းနှင့် ဗိုလ်တထောင်-စတားစီးတီး သန်လျင် ခရီးစဉ်အတွက် ခရီးသည် ၁၈ဝ ဆန့် သင်္ဘောလေးစင်းဖြင့် စတင် ပြေးဆွဲမည်ဖြစ်ကြောင်း Tint Tint Myanmar  ကုမ္ပဏီမှ CEO  ဒေါ်တင့်တင့်လွင်က ပြောသည်။

Page 3 of 285