One Direction  အဖွဲ့ဝင်ဟောင်း လီယန်ပိန်းက ပထမဆုံးအကြိမ် သားလေးကို ချီမြှောက်ခွင့်ရခဲ့သည့်အချိန်အား မေ့ဖျောက်၍ရနိုင်မည်မဟုတ်ကြောင်းနှင့် ယခုနှစ် အစောပိုင်းတွင်မွေးဖွားခဲ့သည့် သားဖြစ်သူကို ဂုဏ် ပြုခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော နှစ်တစ်နှစ်ကို ကျော်လွန်ဖြတ်သန်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၆ရက်တွင် အသက်(၂၄)နှစ်အရွယ်အဆိုတော် လီယန်က အင်တာဂရမ်တွင် ယခုနှစ်အစောပိုင်း၌ တင်ခဲ့သည့် ဓာတ်ပုံတစ်ခုကို ပြန်တင်ခဲ့သည်။

နိုင်ငံရေး ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီမှ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း

 

ပါတီလိုဂိုအသုံးပြုထားတာနဲ့ ပတ်သက်ပြီးတော့ အရောင် ရွေးချယ်တာကအစ အခြားပါတီတွေနဲ့မတူဘဲ ကိန်းဂဏန်း တွေပဲ ရွေးချယ်ခဲ့တဲ့အပေါ် ပြောပြပေးပါဦးဆရာ။

အဓိကကတော့ အရောင်ကို အခြေခံ အရောင်အဖြစ်နဲ့ အဝါကိုသုံးမယ်လို့ဆုံးဖြတ် ဖြစ်ခဲ့ကြတယ်။ လက်ရှိမှာလည်း ပါတီတွေ ထဲမှာ ထင်ရှားတဲ့အရောင်တွေ ပြောပါဆိုရင် အနီတို့ အစိမ်းတို့ပေါ့ရှိနေတယ်။ ကျွန်တော် တို့ကိုယ်တိုင်က အဝါကိုရွေးချယ်တာြ<ွကယ်ဝ ခြင်း၊ ဂုဏ်ကြီးမြင့်ခြင်းအပါအဝင် ဒီမိုကရေစီ ရဲ့ အရောင်အနေနဲ့လည်း အသုံးပြုတာပါ။ အနီကတော့ ရဲရင့်ခြင်း သူရသတ္တိရှိခြင်းစတဲ့ လေးနက်တဲ့ အဓိပ္ပာယ်တွေဆောင်ပါတယ်။ တံဆိပ်သုံးဖို့ကျတော့ ကျွန်တော်တို့ အင်မတန် မြတ်နိုးတဲ့ ဒေါင်းကိုမသုံးဘူး။ ဘာကြောင့်လဲ ဆိုတော့ တခြားပါတီတွေမှာလည်း တော်တော် များများ သုံးနေကြတာတွေရှိတယ်။ နောက် တစ်ခုကလည်း တစ်ချိန်တုန်းက ကဒေါင်းဟာ မြန်မာနိုင်ငံရဲ့ အမှတ်သရုပ်။ အဲ့လိုသတ်မှတ် ကြတယ်။

နယူးယောက်

၂၄ နှစ်နီးပါးကြာ အေးခဲထားသော သန္ဓေသားမှ ကလေးငယ် မွေးဖွားလာခဲ့ကြောင်းသိရသည်။ အဆိုပါသန္ဓေသားကို အမေရိကန်ပြည်ထောင်စုရှိ မိသားစုတစ်စုက လှူဒါန်းခဲ့ကြောင်း၊ အဆိုပါကလေးငယ်မှာ ပထမဦးဆုံး မွေးဖွားလာသော ကလေးငယ်ဖြစ်သည်။

နော်ဖော့ခ်

အုပ်စုလိုက် စုပေါင်းသီချင်းသီဆိုခြင်းက စိတ်နာမကျန်းဖြစ်မှုမှ ပြန်လည်နာလန်ထူစေရေးကို အထောက်အကူပြုစေနိုင်သကဲ့သို့ လူနာ၏ ယုံကြည်မှုကို တိုးတက်စေကြောင်း သုတေသီတို့က ပြောကြားခဲ့သည်။ အရှေ့ အင်ဂျလီယာတက္ကသိုလ်မှ သီချင်းသီဆိုသူတို့ က လေ့လာစမ်းသပ်မှုတွင် ပါဝင်ခဲ့ရာ အကျိုး ကျေးဇူးကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ပါရီ

လူအများအနေနှင့် အသက်ရှည်ရှည် နေထိုင်ချင်ကြသူများဖြစ်ပြီး အသက်ရှည်ရှည် နေရသည်ထက် အသက်အရွယ်အိုမင်းလာချိန်တွင် ကျန်းမာစွာရှိရန် ပိုမိုအရေးပါသည်ဟုဆိုသည်။ ယနေ့ခေတ်တွင် အသက်အရှည်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပြင်သစ်လူမျိုး ဂျင်းနီကော်မင့်သည် ၁၉၉၇ ခုနှစ် အသက် ၁၂၂ နှစ်အရွယ် တွင် ကွယ်လွန်ခဲ့သည်။

မော်စကို

ရုရှားနိုင်ငံ၏ အတိုက်အခံခေါင်း ဆောင်အား လာမည့်မတ်လတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ဗလာဒီမာပူတင်အား စိန်ခေါ်မှုပြုခြင်းမှ တားမြစ်ခံခဲ့ရကြောင်းသိရသည်။ အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာနီသည် ဖေဖော်ဝါရီလအတွင်းက အလွဲသုံးစားပြုသည့် ပြစ်မှုကျူးလွန်ခဲ့သည့်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီခြင်းမရှိကြောင်း ဗဟိုရွေးကောက် ပွဲကော်မရှင်ကဆုံးဖြတ်ခဲ့သည်။

တိုင်ပေ ဒီဇင်ဘာ ၂၈
 

တရုတ်နိုင်ငံ၏ မကြာခဏစစ်ရေးလေ့ကျင့်နေမှုများသည် ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး ထိုင်ဝမ်စစ်တပ်ကလည်း ၄င်းတို့လုပ်ဆောင်နေသည့်အရာများကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားလိုက်သည်။ 

စိန့်ပီတာစဘတ်စ် ဒီဇင်ဘာ ၂၈

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်စ်မြို့ရှိ စူပါမားကတ်တစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက်၌ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ယင်းအမှုကိုလူသတ်ရန်ကြိုးပမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ပြောခွင့်ရအမျိုးသမီး စဗီတလာ ပီထရန်ကိုက "ကနဦး သတင်းအချက်အလက်တွေအရ စတိုးဆိုင်တစ်ခု ထဲမှာ အမျိုးအမည်မသိတဲ့ ပစ္စည်းတစ်ခု ပေါက်ကွဲခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရုံတင်ပြသတော့မည် ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်သော 'ဂယ်ဘဲသရဲနှင့်သူငယ်ရွာ' ရုပ်ရှင်ဇာတ်ကားကြီးတွင် ယခင်ကနှင့်မတူညီသော ကာရိုက်တာနေရာတွင် ပါဝင်သရုပ်ဆောင် ထားခြင်းနှင့်ပတ်သက်ပြီး သရုပ်ဆောင်ရွှေသမီးကို အခုလိုပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည် . . . . .

 

မေး- ဂယ်ဘဲသရဲနှင့်သူငယ်ရွာ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ ကာရိုက် တာနဲ့ပတ်သက်ပြီးတော့ မိတ်ဆက်ပေး ပါဦး။

ဖြေ- ဒီဇာတ်ကားထဲမှာက နှင်းနုဆိုတဲ့ ကောင်မလေး။ တစ်ရွာလုံးမှာ သမီး မိန်းကလေးဆိုလို ညီမတစ်ယောက်တည်းရှိတယ်။ ပြီးတော့ ဦးခင်လှိုင်ရဲ့ ဝိညာဉ်ကလည်း သမီးကို ဝင်ဝင်ပူးရင်း ကနေပြီးတော့ အလွဲလေးတွေဖြစ်နေ တဲ့ပုံစံကို ရိုက်ထားတာပါ။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကိုယ်အဆိုတော် မဖြစ်ခင်တည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော်ကြီးတွေနဲ့ သီချင်းတွေ တွဲဆိုချင်ပါတယ်လို့ တေးသံရှင် အောင်ထက်က ပြောပါတယ်။