ရန်ကုန်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အထွက် ငါးမိုင်ခန့်အကွာ ပြည်-ရန်ကုန် ကားလမ်းဘေး ခုတင် ၁ဝဝ စစ်ဆေးရုံရှေ့ နတ်မှော်စခန်းတွင် ဆင်စီး၍ အပန်းဖြေနိုင်ရန် ဆောင်ရွက် ထားရှိရာ လက်ရှိတွင် ဆင်စီးရန်အတွက် လာရောက်အပန်းဖြေသူ ပိုမိုများပြားလာကြောင်း သိရသည်။ နတ်မှော်စခန်းကို နံနက်ပိုင်းတွင် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖွင့်လှစ်ထား ပြီး နံနက်ပိုင်း ဆင်စီးချိန်ကို ၁ဝ နာရီခွဲမှ ၁၁ နာရီခွဲအထိ၊ ညနေပိုင်းတွင် ၃ နာရီမှ ၅ နာရီခွဲအထိ ဖွင့်လှစ်ကာ ညနေဆင်စီးချိန်ကို ၄ နာရီမှ ၅ နာရီခွဲအထိ သတ်မှတ်ထား ကြောင်း သိရသည်။

ရန်ကုန်

မန္တလေးမြို့အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများအား မိုတယ်၊ အင်း၊ အအေးခန်း စသည့်နာမည်အမျိုးမျိုးပေးထားခြင်းများကို အမည်သတ်မှတ်ချက် ပြောင်းလဲရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လန်ဒန်

မတ်လအတွင်း ယူနိုက်တက်ကင်းဒမ်း မော်တော်ကား မှတ်ပုံတင်မှုများစွာကျဆင်းခဲ့ကြောင်း SMMT မှ ဖော်ပြသည့် ကိန်းဂဏန်းများအရသိရသည်။ လွန်ခဲ့သည့်လက ဖော်ပြသည့် ကနဦးအချက်အလက်များအရ UK မော်တော်ကားသစ်ဈေးကွက်မှာ ၁၅ ဒသမ ၆ ရာခိုင်နှုန်း သေးကျုံ့သွားခဲ့သည်ဟု ဆိုသည်။ အလားတူပင် ဒီဇယ်သုံးမော်တော်ကား အမှာစာများမှာ ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။ သို့ရာတွင် ဓာတ်ဆီသုံးမော်တော်ကားများမှာမူ ၁ ရာခိုင်နှုန်း အမှာစာမြင့်တက်လာ ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်

မြန်မာနိုင်ငံ၏ လက်ရှိကားဈေးကွက် အနေအထားအရ သင်္ကြန်မတိုင်မီကပင် ကား ဈေးကွက်သည် တည်ငြိမ်လျက်ရှိပြီး စလစ် ဈေးနှုန်း အနည်းငယ်ကျခဲ့သော်လည်း သင်္ကြန်အပြီးနောက်ပိုင်းကာလတွင် လက်ရှိကားတင်သွင်းမှုမူဝါဒနှင့် စီးပွားရေးကျဆင်းမှုကြောင့် သင်္ကြန်ကာလအပြီး ကားဈေးအတက်အကျ မရှိနိုင်ကြောင်း ကားဈေးကွက်လေ့လာသူများက သုံးသပ်သည်။

တိုကျို

ဂျပန်နိုင်ငံအနောက်ပိုင်းတွင် အကာအရံမရှိသောအကျဉ်းထောင်မှ ထွက်ပြေးမှုဖြစ်ပွားပြီးနောက် ခိုးမှုကျူးလွန်သူအမျိုးသားတစ်ဦးမှာ နှစ်ရက်ကြာအထိ ပျောက်ဆုံးနေဆဲရှိကြောင်း သိရသည်။  ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ မတ်ဆုယာမအကျဉ်းထောင်မှာ ပတ်လည်ကာရံထားသောနံရံများမရှိသည့် အကျဉ်းထောင် ဖြစ်ပြီး ထွက်ပြေးသွားသူများအနက်မှ လွတ် မြောက်နေဆဲရှိသည့် တက်ဆုမဟီရာအို ဆိုသူကို ရဲတပ်ဖွဲ့က ဝရမ်းပြေးစာရင်း သွင်းထားကြောင်း သိရသည်။

ဝါရှင်တန်

မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်း ဆွယ်တွင် နျူကလီးယား ကင်းစင်ရေး ဆွေးနွေးရန် အသင့်ရှိကြောင်း အမေရိကန်ပြည်ထောင်စုကို ပြောကြားခဲ့သည်ဟု သိရသည်။ မြောက် ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုမှ ခေါင်း ဆောင်တို့က နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန်အရာရှိတို့၏ ပြောကြားမှုကို ကိုးကား၍ သတင်းမီဒီယာတို့ က ရေးသားဖော်ပြခဲ့ကြသည်။

ဒေလီ

အိန္ဒိယနိုင်ငံ၏ ခေါင်းတွဲမပါသောရထား တွဲများသည် အရှိန်အဟုန်ဖြင့် ၇ မိုင်ခန့် နောက် ပြန်ဆုတ်သွားခဲ့ကြောင်းသိရသည်။ ခရီးသည် ပေါင်း ၁ဝဝဝ ကို သယ်ဆောင်လာသော ရထားတွဲ ၂၂ တွဲသည် ခေါင်းတွဲမှ ပြုတ်ထွက်၍ အရှိန်အဟုန်နှင့် မိုင်ပေါင်း ခုနစ်မိုင်ခန့် နောက်ပြန် ဆုတ်သွားခဲ့သည့်အတွက် ရထားအမှုထမ်း ခုနစ်ဦးကို တာဝန်မှ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ပေကျင်း

တရုတ် e-commerce  ဧရာမကုမ္ပဏီကြီးဖြစ်သည့် Alibaba က ၂ဝ၁၇ ခုနှစ်အတွင်း အလုပ်အကိုင်နေရာ ၃၆ ဒသမ ၈ သန်းကျော် ဖန်တီးပေးခဲ့ကြောင်းသိရသည်။ ယင်းသည် ၎င်း၏လက်လီရောင်းချမှု ဂေဟစနစ် တိုးချဲ့မှုမှတစ်ဆင့် ဖန်တီးပေးခဲ့ခြင်းလည်း ဖြစ်သည်။ အဝတ်အထည်၊ ပိတ်စ၊ နေ့စဉ်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများမှာ အလီဘာဘာ၏ ထိပ်တန်းလက်လီရောင်းချမှုပစ္စည်းများဖြစ်ပြီး အဆိုပါပစ္စည်းများ ရောင်းချ ရမှုလုပ်ငန်းမှ အလုပ်အကိုင်နေရာများကို ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လီဗာပူး တိုက်စစ်မှုး မိုဟာမက်ဆာလက်ဟာ တစ်ရာသီအတွင်း ကလပ်အသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့တဲ့ အီရန်ရပ်ရဲ့ သွင်းဂိုး စံချိန်ကို အမှီလိုက်ကာ လီဗာပူးအသင်းရဲ့ သမိုင်းမှတ်တမ်းထဲကို ၀င်ရောက်သွားဖို့အတွက် ပစ်မှတ်ထားနေပါတယ်။ အီဂျစ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ မြောက်ကို သွင်းယူပေးနိုင်ခဲ့ပြီး ၁၉၈၃-၈၄ ဘောလုံးရာသီက ကလပ်အသင်းမှာ ဂိုးသွင်းစံချိန်တင်ထားခဲ့တဲ့ အီရန်ရပ်ရဲ့ သွင်းဂိုး မှတ်တမ်းကို အမှီလိုက်ဖို့ ၇ ဂိုးသားလိုပါတော့တယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမည့် စနေနေ့မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ၀င်ဘာလေကွင်းမှာ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တ၀င် ပေါလ်စခိုးကတော့ အဆိုပါပွဲစဉ်မှာ နည်းပြဟိုဆေးမော်ရင်ညိုအနေနဲ့ အလက်ဆစ်ဆန်းချက်ထက်စာရင် အန်သိုနီမာရှယ် နဲ့ မားကပ်ရပ်ဖို့ဒ်တို့ကို သာ ဦးစားပေးပွဲထုတ်သွားသင့်တယ်လို့ ဆိုလိုက်ပေမယ့်လည်း ချီလီလက်ရွေးစင်သာ ပွဲထွက်ခွင့်ရမယ်လို့ မျှော်လင့်ထားပါတယ်။

Page 4 of 494