ရန်ကုန်၊ ဖေဖော်ဝါရီ ၈ 

မြောက်ဒဂုံမြို့နယ်တရားရုံးအနီး မုဒိမ်းမှုမှန်သမျှ သေဒဏ်ပေးရေးဆန္ဒထုတ်ဖော်မှု လူ ၁ဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက မြန်မာအမျိုးသမီးများစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ ငှားရမ်းလုပ်ကိုင်ရာတွင် ပဋိညာဉ်ဖောက်ဖျက်မှုရှိက ပဋိညာဉ်ဖောက်ဖျက်မှုဥပဒေအတိုင်း ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။ ဖေဖော်ဝါရီ ၈ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်ချိုချိုကနိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အခကြေးငွေနှင့် နှစ်ရှည်စာချုပ်ချုပ်ပြီး ငှားရမ်းရာတွင် ငှားရမ်းလုပ်ကိုင်သူအနေဖြင့် မူလငှားရမ်းစဉ် လုပ်ကိုင်သော လုပ်ငန်းမှာ အဆင်မပြေတော့သောကြောင့် အခြားလုပ်ငန်းတစ်ခုကို ပြောင်းလဲ လုပ်ဆောင်ရာတွင် နိုင်ငံတော်သို့ ပေးဆောင်ရသော အခကြေးငွေကို နှုန်းထားပြောင်းလဲပြီး စာချုပ်ချုပ်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုနှင့် သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားမှုအပြီး ယင်းသို့ပြောခြင်း ဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ 

မြန်မာ-အိန္ဒိယ နယ်စပ်စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ နန်းဖာလုံဈေးအတွင်း၌ ပစ္စည်းများသိုလှောင်ထားရာ ဂိုဒေါင်အတွင်းမှ ပေါက်ကွဲစေတတ် သော မီးရှူးမီးပန်းဗြောက်အိုးများ အပူရှိန် ကြောင့်မီးလောင်ကျွမ်းမှုဖြစ်ပွားရာ ဈေးဆိုင်ခန်း ၅၃ ခန်းနှင့် လူနေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ရန်ကုန်

နိုင်ငံတကာမှာကဲ့သို့ မြန်မာနိုင်ငံမှ ချစ်သူစုံတွဲများအကြားတွင် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ဟုဆိုကာ ကြည်နူးဖွယ်နေ့တစ်နေ့အဖြစ် ရေပန်းစားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကို ကျော်လာပြီဖြစ်သည်။ HAPPY VALENTINE'S DAY ဆိုပြီး ချစ်သူနှစ်ဦးတူညီသည့် ဖက်ရှင်ဒီဇိုင်းများ ဝတ်ဆင်ခြင်း၊ မြတ်နိုး ယုယစွာဖြင့် ချစ်လက်ဆောင်များပေးခြင်းနှင့် နှင်းဆီနီ၊ အသည်းပုံ၊ ချောကလက်ထုပ်လေးများသည် ချစ်သူများနေ့၏ အမှတ်အသားများ ဖြစ်နေသည်။ ထို့ကြောင့် ယခုနောက်ပိုင်းများတွင် ချစ်သူနှစ်ဦးစလုံး တူညီစွာဝတ်ဆင်နိုင်မည့်ဝတ်စုံများ၊ မိမိတို့ချစ်သူကို ချစ် လက်ဆောင်ပေးရန် ချစ်သူအကြိုက်တွေ့စေနိုင်မည့် အမှတ်တရ လက်ဆောင်များကို အရောင်းစင်တာများတွင် ရောင်းချလာကြပြီး အွန်လိုင်းပေ့ခ်ျမှတစ်ဆင့်လည်း ကြော်ငြာရောင်းချလာကြသည်ကို တွေ့ရသည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၇

Backstreet Boys အဖွဲ့သည် မကြာမီအဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော့မည် ဟုဆိုသော Spice Girls အဖွဲ့နှင့် ပူးတွဲသီချင်းဆိုချင် ကြောင်း ပြောကြားလိုက်သည်။ 'I Want It That Way' သီချင်းဖြင့်နာမည်ကျော် ကြားခဲ့သော အဆိုတော်အဖွဲ့က ဗစ်တိုးရီးယားဘက်ခမ်း၊ ဂယ်ရီဟော်နာ၊ မယ်လ်ဘီ၊ မယ်လ်စီနှင့် အမ်မာ ဘွန်တန်တို့ပါဝင်သော မိန်းကလေးအဖွဲ့နှင့် သီချင်းတစ်ပုဒ်ဖြန့်ချိရန် စိတ်ဝင်စားကြောင်း ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကိုယ့်အတွက် လုပ်ကွက်ရခဲ့တဲ့ဇာတ်ကားတွေရှိပေမယ့်လည်း အကယ်ဒမီကိုတော့ မမျှော်မှန်းရဲပါဘူးလို့ သရုပ်ဆောင်ဆုမြတ်နိုးဦးက ပြောပါတယ်။ ''ကိုယ်တိုင်ကတော့ ရိုက်ခဲ့ဖူးတဲ့ဇာတ်ကားတွေမှာ လုပ်ကွက်ရခဲ့တဲ့ဇာတ်ကားတွေအများကြီးရှိပေမယ့် အကယ်ဒမီကို ရင်ခုန်ရလောက်အောင်မရှိပါဘူး။ မျှော်လည်း မမျှော်ရဲသေးပါဘူး။ အကယ်ဒမီက အရမ်းလည်းနတ်ကြီးတယ်။ ကိုယ်တွေကအများကြီးကြိုးစားဖို့ လိုပါသေးတယ်''လို့ပြောပါတယ်။ အကယ်ဒမီရစေချင်တဲ့ မင်းသမီးတစ်လက်ရှိတယ်လို့လည်း ဆုမြတ်နိုးဦးက အခုလိုဆက်ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားဖြစ်သော'အောင်ဆန်း'ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နေရာတွင်ပါဝင်သရုပ်ဆောင်ရမည့် သရုပ်ဆောင်ဇာ ခြည်လင်းနှင့် ခဏတာတွေ့ဆုံခြင်း ..။

 

မေး-ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားကိုပြန်ရိုက်တော့မယ်ဆိုတော့ စိတ်ခံစားချက်က ဘယ်လိုဖြစ်နေလဲ။

ဖြေ-အခုဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားလည်း ပြန်ပြီးတော့ရိုက်ကူးတော့မယ်ဆိုတော့ ကျွန်မဘက်က ဝမ်းသာတာပေါ့နော်။ နှစ်တွေအများကြီး စောင့်လိုက်ရတဲ့အတွက် အားလုံးကိုတောင်းပန်ချင်ပါတယ်။ အားလည်းအားနာပါတယ်။ ဒါပေမဲ့အခုလိုမျိုးပြန်ရိုက်မယ်ဆိုတဲ့အချိန်မှာလည်း အားတက်သရောရှိ တာကိုတွေ့ရလို့ ပိုပြီးတော့ဝမ်းသာရပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ရုရှားနိုင်ငံမှ ဝယ်ယူထားသော Yak-130  အမျိုးအစား တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်ရေးလေယာဉ် ခြောက်စင်းကို ထပ်ဆောင်းတစ်သုတ် အဖြစ် မြန်မာနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၇ ရက်က ရုရှားစစ်တပ်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖက်ဒရယ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Mikhail Petukhovu Spuntnik က မီဒီယာသို့ ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ချီကာဂို

အမေရိကန်ပြည်ထောင်စု လက်လီရောင်းချသည့်ကုမ္ပဏီကြီးဖြစ်သည့် Walgreens  က ရက်လွန်နေသည့် ကလေးအစားအစာ၊ နို့မှုန့်နှင့် ဆေးဝါးများ ရောင်းချခဲ့သည်ဟူ သော တရားစွဲပြေငြိမ်းရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း လျော်ကြေး ပေးသွားမည်ဖြစ်ကြောင်း ဒေသခံသတင်းမီဒီယာတို့က ရေးသားဖော်ပြခဲ့ကြသည်။

ဝူဟန်

တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် ဥရောပတို့အကြားရှိ ချိတ်ဆက်ထားသော မီးရထားလမ်း လုပ်ငန်းလည်ပတ်မှုသည် ၂ဝ၁၈ ခုနှစ်အတွင်း မီးရထားဖြင့် ကုန်စည်တင်ပို့မှုအရေအတွက် ရာခိုင်နှုန်း ၃ဝ တိုးတက်လာမည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Page 36 of 371