ရန်ကုန်၊ ဖေဖော်ဝါရီ ၎

တနိုင်း ဒေသတိုက်ပွဲများကြောင့် ပိတ်မိ နေသောပြည်သူ ၃၃ဝဝ ခန့် နေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာနိုင်ခဲ့ပြီးဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ၎င်း၏တရားဝင် လူမှုကွန်ရက်စာမျက်နှာမှထုတ် ပြန်ခဲ့သည်။

မောင်တော၊ ဖေဖော်ဝါရီ ၎

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား လွှတ်ပေးရေးနှင့် မြောက်ဦးကိစ္စ အမှုမှန်ပေါ်ပေါက်ရေး မောင်တောတွင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက မြို့ခံအင်အား ၅ဝဝ ကျော်က မြို့ပေါ်တွင် လမ်းလျှောက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ကဘူးလ်၊ ဖေဖော်ဝါရီ ၎

အာဖဂန်နစ္စတန်နိုင်ငံသမ္မတ အက်ရှ်ရက်ဖ်ဂါနီသည် ငြိမ်းချမ်း ရေးကိုလိုလားသော စစ်သွေးကြွများအား ဆွေးနွေးပွဲတံခါးဖွင့်ထားမည်ဖြစ်ပြီး ကဘူးလ်မြို့အား မကြာ သေးမီက အကြမ်းဖက်တိုက်ခိုက်ခဲ့သော စစ်သွေးကြွများနှင့် တွေ့ ဆုံဆွေးနွေးမည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက် သမ္မတရုံးသတင်းများအရသိရသည်။

ဘာလင်၊ ဖေဖော်ဝါရီ ၎

မြောက်ကိုရီးယားသည် ဒုံးကျည်အစိတ်အပိုင်းများရရှိရန် ဘာလင်မြို့ရှိ ၎င်းတို့၏သံရုံးကို အသုံးချလျက်ရှိသည်ဟု ဂျာမနီ ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ (BfV) အကြီးအကဲက စွပ်စွဲ ပြောကြားကြောင်း ဖေဖော်ဝါရီ ၄ ရက်ရိုက်တာသတင်းကဆိုသည်။ ဂျာမနီအခြေစိုက် NDR ရုပ်သံတွင် ဖေဖော်ဝါရီ ၅ ရက်၌ ထုတ်လွှင့်မည့်အင်တာဗျူး၌ BfV အကြီးအကဲ ဟန်းစ်ဂျော့မာအက်ဆင်က ''အဲဒီသံရုံးကနေပြီး အစိတ်အပိုင်းတွေရဖို့လုပ်ဆောင်နေတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချထားတယ်။ အဓိကကတော့ ဒုံးကျည်အစိတ်အပိုင်းတွေပါ။ တစ်ခါတလေမှာတော့ နျူကလီးယား ပစ္စည်းတွေလည်းပါတယ်''ဟု ပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ဝေဖန်မှုမရှိလျှင် စာပေရေးသားမှုများ မပြည့်စုံနိုင်သဖြင့် လူငယ်များဝေဖန်ရေးစာများ ရေးသားဖို့လိုအပ် ကြောင်း ဝေဖန်ရေးစာပေပညာရှင် ဆရာကြီးမောင်စွမ်းရည်က ပြောကြားလိုက်သည်။ အဆိုပါပြောကြားချက်ကို ဖေဖော်ဝါရီ ၄ ရက်တွင် Yangon Book Plaza ၌ ပြုလုပ်သော ဆရာကြီး၏ 'မြန်မာစာပေဝေဖန် ရေးသမိုင်းစာအုပ်'ထွက်ရှိခြင်းအထိမ်းအမှတ်အဖြစ် ကျင်းပသည့် ''မြန်မာစာပေဝေဖန်ရေးသမိုင်း ဆွေးနွေးပွဲ''တွင် မီဒီယာများသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဒါကာ၊ ဖေဖော်ဝါရီ ၄ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် လေထုညစ်ညမ်းမှု များပြားနေပြီး ကမ္ဘာ ပေါ်၌ အဆိုးရွားဆုံး လေထုညစ်ညမ်းမှု မြို့ဖြစ်နေသည်ဟု ဖေဖော်ဝါရီ ၄ ရက် သတင်းများအရသိရှိရသည်။ အမေရိကန်လေထု အညွှန်းကိန်း တိုင်းတာရေးအဖွဲ့က ဖေဖော်ဝါရီ ၄ ရက် နံနက် ၉ နာရီအချိန်က သတင်းထုတ် ပြန်ခဲ့ပြီး ဒါကာမြို့သည် အမှတ် ၂၄၂ မှတ်ရရှိပြီး လေထုညစ်ညမ်းမှု အဆိုးရွား ဆုံးအဖြစ် တွေ့ရှိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ရုရှားနိုင်ငံမှ ဝယ်ယူမည့် SU-30SME တိုက်လေယာဉ်များအတွက် ငွေကြေးကုန်ကျမှုများသည်မှာမှန်သော်လည်း တိုင်းပြည်ကာ ကွယ်ရေးစွမ်းပကားနှင့်ပတ်သက်လျှင် ငွေကြေးကုန်ကျမှုကိုတွက်ချက်ရန်မသင့်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ဖေဖော်ဝါရီ ၃ရက်ကပြုလုပ်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်းတွင် မိန့်ခွန်း ပြောကြားပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ ရုရှားနိုင်ငံမှဝယ်ယူမည့် SU-30- SME(4th Generation) တိုက်လေယာဉ်များဝယ်ယူရန်အတွက် ငွေကြေးကုန်ကျမှုများအပေါ် ပြည်သူများက ဝေဖန်မှုများပြုလုပ်လျက်ရှိသည်ကို မှတ်ချက်ပြုပြောကြားပေးပါရန် သတင်းမီဒီယာများကမေးမြန်းခဲ့ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်ကယင်းကဲ့သို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

တပ်မတော်ကို ပုတ်ခတ်ပြောဆို ဝေဖန်မှုများအား ရှုတ်ချကန့်ကွက်ပွဲကို ဖေ ဖော်ဝါရီ ၄ ရက်က ဒဂုံမြို့နယ် မိုင်ဒါကွင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါထောက်ခံပွဲကို အမျိုးသားလွှတ်တော်အမတ်ဟောင်းဘူးလက်လှဆွေနှင့် အမျိုးသားရေးလှုပ်ရှားသူ ဆရာတော်များ ဟောပြောခဲ့ကြကြောင်းသိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

သင်္ဘောသားသစ်များ အလုပ်အကိုင်ရရှိရန် ကျပ် ၂၅ သိန်းမှ သိန်း ၄ဝ အထိ တောင်းခံနေသော လိုင်စင်မဲ့ကုမ္ပဏီများရှိနေကြောင်း သိရသည်။ မည်သည့်သင်္ဘောသား အကျိုးဆောင်ကုမ္ပဏီမှ ငွေကြေးကောက်ခံခြင်းမပြုရဟု ရေကြောင်းပို့ဆောင်မှုညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားထားသော်လည်း တရားဝင် လိုင်စင်မရှိဘဲ လူစုဆောင်းနေသည့် ကုမ္ပဏီများကြောင့် ထိုသို့ပမာဏအထိ ပေးနေရ ခြင်းဖြစ်ကြောင်း မြန်မာရေကြောင်းအလုပ်သမားများအဖွဲ့ချုပ်မှ ဖေဖော်ဝါရီ ၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၎


မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မှုခင်းကျဆင်းရေး၊ မှုခင်းမဖြစ်ပွားစေရေးနှင့် ပြည်သူများ စိတ်ချမ်းမြေ့စွာနေထိုင်သွားလာနိုင်ရေးတို့အတွက် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့သည် ညစဉ်ပိတ်ဆို့ရှာဖွေ စစ်ဆေးရေးများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Page 38 of 363