ရန်ကုန်

ဗေဒင်ဆရာအောင်ချစ်ပိုအား အရေးယူပေးရန် သရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်၏ တိုင်ကြားမှုကို စမ်းချောင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၅၄ (အမျိုးသမီးအပေါ် ကာယိနြေ္ဒပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှုကျူးလွန်ခြင်း)ပုဒ်မ ၅ဝ၆ (ခြိမ်းခြောက်မှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုင်ဝမ်

ထိုင်ဝမ်တွင် ပြင်းအားကြီး မြေငလျင်လှုပ်ခတ်မှုကြောင့် လူလေးဦး သေဆုံး၍ ၂ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ပြင်းအား ၆ ဒသမ ၄ အဆင့် ရှိသော မြေငလျင်သည် ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂ဝ(၁၂မိုင်)အကွာတွင် ဗဟို ပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၆

BIGBANG အဖွဲ့ဝင် ထယ်ယန်းနှင့် မင်းသမီး မင်ဟိုရင်တို့ ဇနီးမောင်နှံသည် ၎င်းတို့၏ လက်ထပ်ပွဲသို့ တက်ရောက်ချီးမြှင့်ကြသူများထံမှ လက်ဖွဲ့ငွေ လက်မခံခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက်တွင် TV Report က ထယ်ယန်းနှင့် မင်ဟိုရင်တို့သည် ဧည့်သည်များထံမှ ငွေကြေးလက်ဖွဲ့ လက်မခံခဲ့ကြောင်း သတင်းဖော် ပြလိုက်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၆

တောင်ကိုရီးယား တက်သစ်စလူငယ်အဖွဲ့  NCT သည် အဖွဲ့ဝင် ၁၈ ဦးပါဝင်လာမည့် အနုပညာခြေလှမ်းသစ် တစ်ခုအဖြစ်  'NCT 2018' အမည်ရှိ ပရောဂျက်မှတစ်ဆင့် ၎င်းတို့၏ အကြီးမားဆုံး အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ SM အင်တာတိန်းမန့်၏ အဆိုအရ 'NCT 2018' တွင် NCTU, NCT 127, NCT Dream တို့ကဲ့သို့သော အဖွဲ့ခွဲများနှင့် အခြား ထပ်ပေါင်းထားသော အဖွဲ့ဝင်သစ်များ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦး ပါဝင်ကြမည်ဟု သိရသည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၆

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ လူကြိုက်များလျက်ရှိသည့် "My Golden Life" ဇာတ်လမ်းတွဲကို အပိုင်းနှစ်ပိုင်း ထပ်တိုးပြသမည်ဖြစ်ကြောင်း KBS ရုပ်သံလိုင်းက ကြေညာခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက်တွင် KBS ရုပ်သံလိုင်း ဒရာမာဌာနမှ သတင်းအရင်းအမြစ်တစ်ခုက ယင်းသတင်းကို အတည်ပြုခဲ့သည်။

တာချီလိတ်၊ ဖေဖော်ဝါရီ ၆

ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် မြို့ ဝမ်ကောင်းရပ်ကွက် ဝမ်ကောင်း ဈေးအနီး၌ ဖုန်းများခိုးယူလာသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း မြို့မ ရဲစခန်းမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြဝတီ ဒေသတွင် မြန်မာ့အလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ်(MACCS)အသုံးပြုမည့်သူများအတွက် User Registration များကို ဖေဖော်ဝါရီ ၁၉ ရက်တွင်စတင် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။ MACCS System အသုံးပြု ရန်လိုအပ်သော E- Token များကို ပုဂ္ဂလိကကဏ္ဍမှ သွင်းကုန်/ထုတ်ကုန်လုပ်ငန်းရှင်များနှင့်ဆက်စပ် လုပ်ငန်းဆောင်ရွက်နေသူလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများအတွက် MOSS CA(Myanmar Online Security Service Certificate Authority) မှ မြဝတီကုန်သွယ်ရေး ဇုန်တွင် ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂ ရက်အထိနေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာနမှသိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ဘိုကလေးမြို့ ပေါ်ရှိ တရားမဝင် စက်သုံးဆီဆိုင် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ဆီဆိုင်ပိုင်ရှင်အနေဖြင့် အကူအညီ ပေးရန် သက်ဆိုင်ရာအာဏာပိုင်များက ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရသည်။  ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက်က ဘိုကလေးမြို့ ရွှေငါးဆိပ် ဗိုလ်တေ ဇလမ်းလူနေရပ်ကွက်အတွင်း ဦးသံ ချောင်းလေးဆိုသူ တရားမဝင်ဖွင့်ထား သော ဆီဆိုင်မှစတင်ကာ မီးလောင်ကျွမ်းခဲ့ရာ အနီးရှိနေအိမ် ၁၄ လုံးပါ မီးလောင်ကျွမ်းခဲ့သည်။

ဗန်းမောက်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပန်း ဖြေ ခရီးသွားနေရာတစ်ခုအဖြစ် ဖော်ထုတ်နိုင်မည့် အမြင့်ပေ ၈၄ဝ ရှိ ထူးခြားလှပသည့် ကမ့်ဖာဒန့်ဒင်ရေတံခွန်ကို ဒေသခံခရီးသွား ချစ်သူများအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ်တွင် တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၆

ပထမအကြိမ် တရုတ်နှစ်သစ်ကူးအကြို အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှု ဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း မန္တလာသီရိဘောလုံးကွင်းအနီး မင်္ဂလာ မန္တ လေးလမ်းလျှောက်ဈေးတွင် ဖေဖော် ဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Page 39 of 371