မြဝတီ၊ ဖေဖော်ဝါရီ ၃

ရေနံချောင်းမြို့ မှ ပျောက်ဆုံးသွားသည့် ရှေးဟောင်း ရုပ်ပွားတော်တစ်ဆူအား ကရင် ပြည်နယ် မြဝတီမြို့တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြဝတီမြို့နယ် သင်္ဃန်းညီနောင်အပိုင် အပြင်မဲကနယ်ကျေးရွာ မြောက်ဘက် ချောင်းအနီးရှိချုံတောထဲတွင် ဖေ ဖော်ဝါရီ ၂ရက်ညနေ ၃နာရီက မသင်္ကာဖွယ်ရာအထုပ်တစ်ထုပ် တွေ့ရှိကြောင်း သတင်းအရ မြဝတီမြို့နယ် ဒုမြို့နယ်မှူး ဒုရဲမှူး စိုးနိုင်ဝင်း၊ မြဝတီစခန်းမှူးဒုရဲမှူး မင်းကိုနှင့်ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင်ရဲစခန်းမှူး ရဲအုပ်မြဝင်း နှင့်ရဲတပ်ဖွဲ့ဝင်များ၊ မဲကနယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်ခစ်နှင့် ရပ်မိရပ်ဖများပါဝင်သော ပူးပေါင်းအဖွဲ့သည် အပြင်မဲကနယ်ကျေး ရွာမြောက်ဘက် ချောင်းနံဘေးရှိ ချုံတောတစ်ခုအတွင်းကတ်ထူစက္ကူ ဖြင့်ထုပ်ထားသည့် အထုပ်တစ်ထုပ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ဖွင့် ဖောက်စစ်ဆေးရာ ကတ်ထူစက္ကူထုပ်အတွင်း ဥာဏ်တော်အမြင့် သုံးပေ၊ ခြောက်လက်မခန့်ရှိ ရွှေ ချထားသောပလ္လင်နှင့်တွဲပြီး ခြေ တော်ချထိုင်လျက် မုဒြာပဒုမုတ္တရ၊ ရှေးဟောင်းသစ်သားဆင်းတု တော် တစ်ဆူအား တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့သည်။

ချဲလ်ဆီးနည်းပြကွန်တီက မိမိအနေ ဖြင့် အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်းကုန်ဆုံးသည်အထိဆက်ရှိနေလိုသည်ဖြစ်ရာ အသင်းမှထွက်ခွာမည်ဟူသော သတင်းများအတွက် နားမလည်နိုင်အောင်ဖြစ် မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

မန်ယူနည်းပြမော်ရင်ဟိုက မိမိအနေဖြင့် ဒဏ်ရာကြောင့် ကာလအတန်ကြာအနားယူရမည့် ကွင်းလယ်လူ ဖယ်လိုင်နီကို အသင်းနှင့်စာချုပ်သစ်အား လက်မှတ်ထိုးပြီးနှုတ်ပိတ်နေရန် ပြောဆိုခဲ့ကြောင်းဖွင့်ဟခဲ့သည်။ အသက် ၃ဝ အရွယ်ရှိပြီဖြစ် သော ဖယ်လိုင်နီသည် စပါးကို ၂-ဝဖြင့်ရှုံးနိမ့်ခဲ့သောပွဲမှ ဒူးဒဏ် ရာကြောင့် ကာလအတန်ကြာ အနားယူရမည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ၎င်းကိုတိုက် တွန်းခဲ့ကြောင်း မော်ရင်ဟိုကဆိုခဲ့ ခြင်းဖြစ်သည်။

စပါးနည်းပြပိုချက်တီနိုက အသင်းအနေဖြင့် အမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ခြင်းမရှိသေးရာတွင် အဝေးကွင်းပွဲများ၌ ရလဒ်မကောင်းခြင်းကအကြောင်း ရင်းတစ်ခုဖြစ်နိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မန်စီးတီးသည် ထိပ်ဆုံးခြောက်သင်း စာရင်းဝင်ထိပ်သီးအသင်းများနှင့် နောက်ဆုံး ၁၈ကြိမ်ကစားရာတွင် တစ် ကြိမ်သာအနိုင်ရခဲ့ဖူးပြီး ယင်းမှာလွန်ခဲ့ သော နှစ်နှစ်၊ ဖေဖော်ဝါရီလက မန်စီးတီးကိုအနိုင်ရခဲ့ခြင်းဖြစ်ရာ အသင်းအနေဖြင့်လာမည့်လီဗာပူးနှင့်ပွဲအပါအဝင် ထိပ်သီးအသင်းများကို အဝေးကွင်းတွင် သွားကစားရာ၌ ယခုထက်ပို၍ရလဒ်ကောင်း ရန်လိုအပ်ကြောင်း အသင်းသားများအား ပိုချက်တီနိုကသတိပေးခဲ့သည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဖေဖော်ဝါရီ ၂ ရက်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးထံသို့ တယ်လီဖုန်းဖြင့် ကိုရီးယားကျွန်းဆွယ် အခြေအ နေနှင့် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်စခန်း ပြောင်းရွှေ့ရေးတို့ကို ပြောကြားခဲ့ကြကြောင်း ဆင်ဟွာသတင်းက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြလိုက်သည်။ အိမ်ဖြူတော်၏ ကြေညာချက်၌ဖော်ပြရာတွင် ထရန့်နှင့် အာဘေးတို့သည် အိုကီနာဝါရှိ အမေရိကန် မရိမ်းတပ်စခန်း ရွှေ့ ပြောင်းရေးနှင့် ဂျပန်၏ဒုံးကျည် ကာကွယ်ရေးစွမ်းရည်နှင့် ဒုံးကျည်ကာကွယ်ရေးစနစ် တိုးချဲ့သွားရန် ကိစ္စလည်း ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

ဂွါတီမာလာစီးတီး၊ ဖေဖော်ဝါရီ ၃

ဂွါတီမာလာနိုင်ငံပီတန်ဒေသ ထူထပ်သောတောအုပ်အတွင်း၌ ရှေးဟောင်းမာယာလူမျိုးများ၏ နေအိမ်များ၊ အဆောက်အအုံများ၊ ကာကွယ်ရေးဆိုင်ရာ လုံခြုံမှုစနစ်များနှင့် ပိရမစ်အဆောက်အအုံစသော သောင်းနှင့်ချီသည့် ရှေးဟောင်းအ ဆောက်အအုံများကို သုတေသီများက နည်းပညာမြင့်ခေတ်မီနည်းစနစ် များသုံး၍ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖေဖော်ဝါရီ ၃ ရက် သတင်းများအရသိရှိရသည်။ စိုက်ပျိုးရေးနှင့်ဆည် မြောင်းဆိုင်ရာ အဆောက်အအုံများကိုလည်း ယခုခေတ်ကဲ့သို့ ခေတ် ရှေ့ပြေးဖောက်လုပ်ထားခဲ့သည်ကို တူးဖော်တွေ့ရှိခဲ့ရသည်။ ယင်းသတင်းကို အမေရိကန်၊ ဥရောပနှင့် ဂွါတီမာလာရှေးဟောင်းသုတေသန အဖွဲ့ကပူးပေါင်းကာ ဂွါတီမာလာနိုင်ငံ မာယာယဉ်ကျေးမှုနှင့် သဘာဝဖောင် ဒေးရှင်းအဖွဲ့မှ ဖေဖော်ဝါရီ ၁ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဟိုနိုလူလူ၊ ဖေဖော်ဝါရီ ၃

လွန်ခဲ့သောလအတွင်း ''ရန်သူများတိုက်ခိုက်ရန်လာနေပြီ'' ဟူ၍ သတင်းမှားပေးပို့သော ခလုပ်အား မိမိမှားယွင်းနိုင်ခဲ့မိသည်''ဟု ဟာဝိုင်အီကျွန်း အလုပ်သမားဟောင်းတစ်ဦးက ဖေဖော်ဝါရီ ၃ ရက်က သတင်းစာဆရာများသို့ ထုတ်ဖော် ပြောဆိုလိုက်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

 

အစိုးရ၊ လွှတ်တော်နှင့်ပါတီတို့ ညီညွတ်မှုရှိစွာဖြင့် ရုန်းကန်ရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။ ဖေဖော်ဝါရီ ၃ ရက်နေ့ (၈)ကြိမ်မြောက် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တိုင်း/ခရိုင်/ မြို့နယ် အလုပ်အမှုဆောင်များ စုံညီတွေ့ ဆုံပွဲ၌ ၎င်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ''အခုလက်ရှိ အခြေအနေမှာ လွှတ်တော်ရယ် ကျွန်တော်တို့လက်ရှိအစိုးရရယ် ပါတီရယ် ကြားမှာ ညီညီညွတ်ညွတ်ရုန်း ကန်ကြရမယ့် အချိန်ကာလတစ်ခုရောက်နေပြီဖြစ်ပါတယ်'' ဟု ၎င်းကပြောသည်။

မြောက်ဦး၊ ဖေဖော်ဝါရီ ၃

မြောက်ဦး ဖြစ်စဉ်၌ သေနတ်ဒဏ်ရာရပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသခံယူနေကြသော လူနာရှစ်ဦးအား ဖေ ဖော်ဝါရီ ၂ ရက် ညနေ ၃နာရီခွဲ ခန့်က စစ်တွေဆေးရုံမှနေ၍ စစ်တွေ အကျဉ်းထောင်သို့ ပို့ဆောင်လိုက် ကြောင်းသိရသည်။ "မိဘတွေကိုလည်း အသိမ ပေးဘူး၊ လူနာတွေ ကျန်းမာရေး အခြေအနေက မကောင်းကြသေးဘူး။ ပြီးတော့ လက်မှာရော၊ ခြေမှာ ရော လက်ထိတ်ခတ်ထားပြီး ထောင် ထဲကိုပို့လိုက်တယ်။ ဆေးရုံက အချုပ် သားလူနာဆောင်မှာလည်း လက်ထိတ်ခတ်ပြီးတော့ထားတာဗျာ၊ အခု ထောင်ထဲကို ပို့လိုက်တော့ လူနာ တွေ စိတ်ဓာတ်လုံးလုံးကျသွားပြီပေါ့။ ဘယ်မှာကျန်းမာရေးကောင်းတော့မလဲ"ဟု လူနာရှင်တစ်ဦး၏ ဖခင်ဖြစ်သူဦးအေးမောင်သိန်းကပြောသည်။

 

အဆိုပါလူနာရှစ်ဦးအား ယနေ့တွင် ချုပ်ရိုးများဖြေပြီးပြီဖြစ် ကြောင်း၊ ၎င်းတို့မှာ အသက်ဆယ် နှစ်ကျော်အရွယ်များဖြစ်ကြပြီး အသက် (၄၀)အရွယ်တစ်ဦးပါဝင် ကြောင်း၊ ယင်းအသက်(၄၀)အရွယ် လူနာမှာ ခြေထောက်ပင်ထောက်၍ မရသေးကြောင်းဆိုသည်။ ၎င်းလူနာများကို ဇန်န၀ါရီ ၂၃ ရက်က စစ်တွေဆေးရုံကြီး၏ အရိုး ဆောင်မှပြောင်းပြီး အချုပ်သားလူ နာဆောင်တွင် လက်ထိတ်ခတ်ကာ ဆေးကုသခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များအနေဖြင့် ဇန်န၀ါရီ ၂၄ရက်အထိ လူနာများကို အနီးကပ်ပြုစုခွင့် ရခဲ့ကြောင်း ဦးအေးမောင်သိန်း၏ ပြောကြားချက်အရသိရသည်။

 

ထို့အပြင် မြောက်ဦးမြို့နယ် ဆေးရုံ၌ ကုသခံယူနေရသူ လူနာလေးဦးထဲမှ သုံးဦးမှာတိမ်းရှောင် နေပြီးကျန်တစ်ဦးကို မြောက်ဦးမြို့မ ရဲစန်းတွင် ချုပ်နှောင်ထားကြောင်း၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့် ရှောက်ရေး ဥပဒေ ၆(၁)ဖြင့် ၎င်းတို့ကို မြောက်ဦးမြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်းသိရသည်။ မြောက်ဦးမြို့၌ ဇန်န၀ါရီ ၁၆ ရက် ညနေပိုင်းတွင် ၂၃၃နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း နေ့အထိမ်းအမှတ်ဖြင့်ပြုလုပ်သည့် စာပေဟောပြောပွဲကို အာဏာပိုင်များကပိတ်ပင်တားမြစ်သောကြောင့် ပြည်သူများဆူပူအုံကြွကာ ဆန္ဒပြခဲ့ကြပြီး အုပ်ချုပ်ရေးမှူးရုံးအထိရောက်ရှိလာခဲ့၍ ရဲတပ်ဖွဲ့ဝင်များလူစုဖြိုခွဲ ရာမှ ပြည်သူ ခုနစ်ဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရရှိခဲ့ကြသည်။

 

PM
#Democracytoday

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရပ်/ကျေးပါတီဝင်များသည် ပါတီ၏အဓိက အကျဆုံးရှေ့တန်းခံတပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောသည်။ ဖေဖော်ဝါရီ ၃ရက်က ရန်ကုန် မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်သော ဒီချုပ်တိုင်း/ ခရိုင် / နယ် အလုပ်အမှုဆောင်များတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

Page 40 of 363