မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေး မြို့ရှိ မြို့တော်ဆေးရုံတွင် တက် ရောက်ကုသခဲ့သည့် လူနာတစ်ဦး HIV ရောဂါပိုးတွေ့ရှိကြောင်း မှားယွင်းစွာဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး တရားစွဲဆိုခဲ့သည့်လူနာရှင်မိသားစုကို မြို့တော်ဆေးရုံအ နေဖြင့် တရားရုံးကုန်ကျစရိတ်နှင့် နစ်နာကြေး ကျပ်သိန်းသုံးရာပေးရန် မန္တလေးခရိုင်တရားရုံးက ဖေ ဖော်ဝါရီ ၂၀ ရက်တွင် အပြီးသတ်အမိန့်ချခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ညီညွတ်ရေးကိုမဆောင်ရွက်နိုင်လျှင် NLD အောင်မြင်ဖို့ခဲယဉ်းမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးဥာဏ်ဝင်းက ပြောသည်။ ဖေဖော်ဝါရီ ၁၈ ရက် ကယား ပြည်နယ် လွိုင်လင်လေးမြို့တွင် ပြုလုပ်သည့် လူ ၂ဝဝဝ ကျော်အား NLD ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနား၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ၂၀ ၊ ရခိုင် အရေးကို နိုင်ငံရေးသမားများ ပူး ပေါင်းဆောင်ရွက်သင့်ပြီး နိုင်ငံရေး အမြတ်မထုတ်သင့်ကြောင်း တပ်မ တော်သား ပြည် သူ့လွှတ်တော်ကိုယ် စားလှယ် ဒုတိယဗိုလ်မှူးကြီးခင်မောင် သန့်က လွှတ်တော်တွင်ပြောသည်။

မာလီ ဖေဖော်ဝါရီ ၂၁မော်လ်ဒိုက်နိုင်ငံရှိ ပါလီမန်လွှတ်တော်က အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုနှင့် ဖွဲ့စည်းပုံပဋိပက္ခကြောင့် ဟုဆိုကာ သမ္မတ အဗ္ဗဒူလာ ယာမန်တောင်းဆိုသည့် နိုင်ငံတော်အရေးပေါ်အခြေအနေကို အင်္ဂါနေ့တွင် ရက်ပေါင်း ၃ဝ သက်တမ်းထပ်တိုးလိုက်ကြောင်း သိရသည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ၊ ရန်ကုန် တိုင်းဒေသကြီးအတွင်းမော်တော် ယာဉ်တင်သွင်းခွင့်မူဝါဒကို ရန်ကုန် တိုင်းဒေသကြီးအစိုးရက ပြန်လည် သုံးသပ်နေပြီး အသေးစိတ်ကိုလွှတ် တော်နှင့် ပြည်သူထံအချိန်မီအသိ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဘစ်ရှော့မြို့(ကယ်လီဖိုးနီးယား)၊ ဖေဖော်ဝါရီ ၂၀ ၊ ကယ်လီဖိုးနီးယား၌ လောင် ကျွမ်းနေသော တောမီးသည် အ နည်းငယ် အရှိန်ပျော့သွားသော် လည်း လူနေအိမ်များကိုကူးစက် လောင်ကျွမ်း ရန်ခြိမ်းခြောက်နေ သဖြင့် ဒေသခံများအနေဖြင့် သတိ ရှိရှိနေထိုင်ကြရန် ကယ်ဆယ်ရေး အရာရှိများက ဖေဖော်ဝါရီ ၂၀ ရက်က သတင်း ထုတ်ဖော်ပြောဆို လိုက်သည်။

မနီလာ၊ ဖေဖော်ဝါရီ ၂၀ ၊ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ပါလောဝန်ကျွန်း၊ ဘာလာဘတ်မြို့ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားခဲ့ရာ ၁၁ လသားအရွယ် ကလေးငယ်အပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့ရကြောင်း၊ ကျန်းမာ ရေးတာဝန်ရှိသူများက ဖေဖော် ဝါရီ ၂၀ ရက်တွင်ပြောကြားလိုက် ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

တိုကျို၊ ဖေဖော်ဝါရီ ၂၀ ၊ ဂျပန်နိုင်ငံမြောက်ပိုင်း Misawa လေတပ်စခန်း အခြေ စိုက် အမေရိကန် F-16 တိုက်လေ ယာဉ်တစ်စင်းသည် လေထဲသို့ ပျံ တက်အပြီး မကြာမီမှာပင် မီးစွဲ လောင်ခဲ့ကြောင်း ဂျပန်ကာကွယ် ရေးဝန်ကြီးဌာန ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဆရာ ဖဂျက်ရီ တင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ်)

****************************************************

၂ဝ၁၈ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကား ရက်အနည်းသာလိုပါတော့သည်။ အချို့ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာသင်နှစ်စကတည်းက စနစ်တကျအချိန်ဇယားနှင့် ကြိုတင်ပြင်ဆင်ခဲ့ကြသည့်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် အဆင်သင့် ဖြစ်နေကြပါပြီ။ အချို့ကျောင်းသားကျောင်းသူများ hot spot မေးခွန်းနောက်လိုက်နေကြသည်။ အချို့လည်း ''ဘယ်လူကြီးရဲ့မြေး၊ ကျိတ်ဝိုင်းကျူရှင်''က၊ ခန့်မှန်း မေးခွန်းက လာမယ့်စာမေးပွဲကြီးမှာ အနည်းဆုံးဘယ်နှမှတ်ဖိုး ကြိမ်း သေပါမယ်''ဆိုပြီး မိတ္တူကူးယူသင်ပေး၊ သင်ယူလုပ်နေသူတွေကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးပြကြီးတွေမှာ မရေတွက်နိုင်အောင်ပင် များပြားလွန်းလှသည်။ ဗေဒင်၊ ယတြာ၊ မန္တရားဆရာများကလည်း မြန်ပြည်တစ်ဝန်း နေရာပေါင်းစုံမှ အလျှိုလျှိုထွက်ပေါ်လာနေကြသည်။ ထိုဆရာသမားတို့အားဆက်သရ သော အလှူငွေကြေး၊ ဥာဏ်ပူဇော်ခကြေးများကလည်း မနည်းလှ ချေ။ ''လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ''ဆိုတဲ့စကားကလည်း အခုလို စာမေးပွဲရာသီ အချိန်မျိုးတွင် ရာခိုင်နှုန်းပြည့်မှန်နေသလိုမျိုး စာရေးသူခံစားနေရသည်။

အေးမြတ်မြတ်ဖြိုး(ကံမ)

**************************

'' မေက ပညာရေးကောလိပ်လျှောက်စေချင်တာ။ ဘာမှ အောက်ဆိုက်မရှိတဲ့ ကျောင်းဆရာတော့ မလုပ်ချင်ပါဘူး ဦးလေးရာ။ ကျူရှင်သင်သင်ပြန်ပြီ ဘာလုပ်လုပ်ပြန်ပြီနဲ့ စီးပွားမဖြစ်တဲ့အပြင် အခန့်မသင့်ရင် အတိုင်ခံရလို့ အလုပ်က ပြုတ်ချင်ပြုတ်ဦးမှာ''တဲ့။ ကြားကြားချင်း ကျွန်မတအံ့တသြ လှည့်ကြည့်လိုက်မိပါတယ်။

Page 5 of 370