ရန်ကုန်၊ ဖေဖော်ဝါရီ ၃

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကြောင့် ယခု ဖေဖော်ဝါရီလအတွင်း တရုတ်- မြန်မာနှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပမာဏလျော့နည်းကျဆင်းဖွယ်ရှိ ကြောင်း သိရသည်။ ဖေဖော်ဝါရီလအတွင်း ကျင်းပ ပြုလုပ်လျက်ရှိသည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကြောင့် တရုတ်ကုန်သည်များမှာ နှစ်ပတ်ခန့်ကုန်သွယ်မှုများ ရပ်နားလေ့ရှိခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ လျော့ကျလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

လက်ကျန်အစိုးရသစ်သက်တမ်းသုံးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများကို လွှတ်တော်သို့တင်ပြမည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။ ဖေဖော်ဝါရီ ၃ရက်နေ့၊ ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်သည့် (၈) ကြိမ်မြောက် ဒီချုပ် ရန်ကုန်တိုင်း၊ ခရိုင်မြို့နယ် အလုပ်အမှု ဆောင်များစုံညီတွေ့ဆုံပွဲတွင် ၎င်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြ၀တီ၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် (၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ပြန်လည် ကြိုဆိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ ပြန်လာလျက်ရှိနေသကဲ့သို့MoUဖြင့် နေ့စဉ် ထွက်ခွာသူများလည်းရှိနေ ကြောင်းသိရသည်။ အဆိုပါ ကြိုဆိုရေးစခန်းသို့ ဇန်န၀ါရီ ၃၁ရက်က ၁၂၃ဦး၊ ဖေ ဖော်ဝါရီ ၁ရက်က ၁၁၅ဦး၊ ဖေ ဖော်ဝါရီ ၂ရက်က ၆၇ဦး၊ အသီးသီး ရောက်ရှိလာခဲ့ကြပြီး ၂၀၁၇ ခုနှစ် ဇွန်လ၂၉ရက်မှ ၂၀၁၈ခုနှစ် ဖေဖော် ၀ါရီ ၂ရက်ထိ ခုနစ်လကျော် ကာလအတွင်း စုစုပေါင်း ၆၀၀၀၀ခန့် ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း မြ၀တီပြန်လည် ကြိုဆိုရေးစခန်းမှ စာရင်းများအရ သိရသည်။

ကလေးဝ၊ ဖေဖော်ဝါရီ ၃

ရေလမ်း ကြောင်း ကျဉ်းမြောင်းချိန်၊ မြစ်ရေနည်းချိန်နှင့်ရာသီသဘာဝအရ မြစ်အတွင်း မြင်ကွင်းပျောက်သည်အထိ မှိုင်းကျချိန်တွင် ချင်းတွင်းမြစ်အတွင်း စုန်ဆန် ပြေးဆွဲကြသည့် ရေယာဉ်များ ရေကြောင်းပြ အမှတ်အသားအတိုင်း မောင်းနှင်ကြရန်၊ ကွင်းရပ်နားထား ရန်နှင့်စည်းကမ်းတကျ မောင်းနှင်ကြရန် သတိပေးနှိုးဆော်ထား ကြောင်း ကလေးဝမြို့ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲ ရေးကော်မတီမှ သိရသည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂

မင်းသမီး ရီးဝစ္စသာစပွန်းနှင့် ၎င်း၏ အသက် (၁၈)နှစ်အရွယ် သမီးဧဝတို့သည် စိတ်ခံစားချက်၊ မျှော်လင့်ချက်နှင့် စိတ်ကူးယဉ်အိပ်မက်များကို အိပ်သွန်ဖာမှောက် အချင်းချင်း ဝေမျှပြောကြားသည်ဟုဆိုသည်။ 'Wild' မင်းသမီးက ''ကျွန်မကို နာရီပေါင်းများစွာကြာအောင် စကားပြောကြပါတယ်။ ကျွန်မသမီးကို ချစ်တဲ့အချစ်က ဘယ်အရာနဲ့မှ မတူပါဘူး။ ကျွန်မတို့ရဲ့ မျှော်လင့်ချက် တွေ၊ အိပ်မက်တွေအကြောင်း ပြောဖြစ်ကြပါတယ်။ ကျွန်မနဲ့ ဧဝတို့ဟာ ပြင်းပြတဲ့ စိတ်ကူးအကြံဥာဏ်နဲ့ စာနာမှုတို့ရှိကြတယ်လို့ ထင်ပါတယ်။ ကျွန်မတို့ စကားပြောလိုက်တဲ့ အချိန်တိုင်း သမီးလေးဆီမှာ ကိုယ်ပိုင်အကြံဥာဏ်တစ်ခု ရှိနေတတ်ပါတယ်။ သူ့စိတ်ကူးလေးတွေကို ထုတ်ပြောတာကိုကြည့်ရတာ ကျွန်မပျော်ပါတယ်'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်အတွက် ရောက်ရှိလာသော အိန္ဒိယနွယ်ဖွား International Supermodel  နှင့်  ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သော အိန္ဒိယမင်းသမီး Riya Ray  နှင့် ခဏတာ တွေ့ဆုံခြင်း . . . .။

 

မေး - ဒါရှင့်ရဲ့ မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံးခရီးစဉ်လား။

ဖြေ - ဟုတ်ပါတယ်။ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။

 

မေး။ ။ ဘယ်လိုခံစားရပါသလဲ။

ဖြေ။ - ကျွန်မ မြန်မာနိုင်ငံကို အရမ်းလာချင်ခဲ့တာပါ။ မြန်မာနိုင်ငံအကြောင်းကိုလည်း ကျွန်မအဘွားဆီကနေ အများကြီးကြားခဲ့ရဖူးပါတယ်။ နောက်ဆုံးတော့ ကျွန်မဒီကို ရောက်လာခဲ့ပါပြီ။ အရမ်းအံ့အားသင့်ရပါတယ်။ ဒီမှာရှိတဲ့ ပတ်ဝန်းကျင်နဲ့ ပြည်သူတွေကလည်း အရမ်းကိုပဲ ကြင်နာကြပါတယ်။ နောက်သီတင်းပတ်အနည်းငယ်မှာ တွေ့လာရမယ့်အရာတွေကိုလည် စိတ်လှုပ်ရှားမိပါတယ်။ ပထမဆုံးကျွန်မအာရုံစိုက်မှာကတော့ ရုပ်ရှင်ရိုက်ကွင်းဖြစ်ပြီးတော့ တကယ့်ကို စိတ်ဝင်စားတဲ့ရွာလေးတစ်ရွာကိုလည်း သွားချင်ပါတယ်။ ပြီး တော့ လက်မှုပစ္စည်းတွေ၊ ရိုးရာအစားအစာတွေကိုလည်းဝယ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အဲဒီလိုမျိုးအရာလေးတွေကိုဝယ်ရတာကြိုက်လို့ပါ။ တကယ်လို့ ရှင်တို့ဘက်က ကျွန်မဒီနေရာလေး သွားချင်တယ်လို့ အကြံပြုတယ်ဆိုရင်လည်း ကျွန်မကိုပြောပါ။ ကျွန်မသွားမှာပါ။

Myanmar Idol Season II Winner ဖြစ်သူ အဆိုတော်သားငယ်၏ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်သည့် ''လမ်းကလေး'' တေးစီးရီး မိတ်ဆက်ပွဲတွင် သားငယ်အား ယခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး-''လမ်းကလေး'' ဆိုတဲ့ တစ်ကိုယ်တော် အခွေလေးနဲ့ပတ်သက် ပြီးပြောပြပေးပါ။

ဖြေ- ဒီအခွေလေးက ကျွန်တော် ရဲ့ပထမဆုံးတစ်ကိုယ်တော်အခွေ လေးလည်းဖြစ်ပါတယ်။ အချိန်အားဖြင့်လည်း ပြိုင်ပွဲပြီးသွားကတည်းက သီချင်းတွေစုဖြစ်တယ်၊ လုပ်ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းကဆိုတော့ အခွေလုပ်ဖြစ်နေတာတစ် နှစ်နီးပါးလောက်တော့ရှိပါပြီ။ တော်တော်လေးလည်း ကြိုးစားထားပါတယ်။ အခွေနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်အားရပါတယ်။ ဒီအခွေလေးကပြိုင်ပွဲပြီး တော့ နောက်ကတစ်ခါတည်းပါလာတာဆိုတော့ ကျွန်တော်အတွက်ကတော့ဆုတစ်ခုလိုပါပဲ။ ကြိုးစားတာကတော့ ပြိုင်ပွဲမှာတည်းကကြိုးစားခဲ့ရပါတယ်။ အ ခွေမှာက ကျွန်တော်အားထုတ်ရတဲ့အပိုင်းကတော့ဆိုဖို့ရယ်၊ တီးဖို့ရယ်လောက်ပဲလုပ်ရပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ ကျွန် တော်အနေနဲ့သိပ်ပူစရာမလိုပါဘူး။ အခွေကိုတော့ Myanmar Idol ကလုပ်ပေးတာဖြစ်ပါတယ်။ သီချင်းပေါင်း ၁၄ ပုဒ်ပါဝင်ပါတယ်။ အခွေကတော့ ဒီနေ့ ဖေ ဖော်ဝါရီ ၂ ရက်မှာပဲဖြန့်တယ်။ စာနယ်ဇင်းမိတ်ဆက်ပွဲကိုလည်း ဒီနေ့ပဲလုပ်လိုက်ပါတယ်။ တေး ရေးတွေကတော့ ရွှေပြည်အေး၊ မောင်သစ်မင်း၊ ရဲလေး၊ လင်းလင်း၊ သာဒီးလူ၊ အောင်ဖြိုး၊ ညီမင်းခိုင်၊ အောင်ကိုမြင့်၊ ရဲမြတ် ကျော်၊ ဝေကြီး၊ S.H.Y့၊ စောကဲကဲ၊ ကိုမျိုးတို့က ပါဝင်ရေးသားပေးထားပါတယ်။ သီချင်းတွေကတော့ Rock  သီချင်းတွေများပါတယ်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြစိမ်း ရောင်စီမံကိန်းရန်ပုံငွေကို ကော်မတီဝင်များက ကျေးရွာသားများထက် အဆပေါင်းများစွာ ချေးငွေထုတ်ယူပြီး ကျေးရွာသားများကိုမူ နည်းပါးသည့် ချေးငွေထုတ်ချေးမှုရှိနေဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ပြောသည်။ ဖေဖော်ဝါရီ ၂ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်သန္တာက ကျေးရွာအဆင့် မြစိမ်းရောင်ရန်ပုံငွေ ကြီး ကြပ်မှုကော်မတီများကို ပြည်သူလူထုမှ တိုင်ကြားမှုနှင့် ပတ်သက်၍ မည်သို့စစ်ဆေးဖြေရှင်းပေးမည်ကို သိလိုကြောင်း မေးမြန်းမှုနှင့်စပ်လျဉ်းပြီး ယင်းသို့ ပြောခြင်းဖြစ်သည်။

မန္တလေး၊ ဖေဖော်ဝါရီ ၂

မန္တလေးမြို့ နေလူထုနှင့် ကျောင်းသားကျောင်းသူများအား ရေတိမ်ဒေသအရေးပါပုံ သိရှိစေရန်နှင့် ထိန်းသိမ်းတတ်လာ စေရန်အတွက် ဖေဖော်ဝါရီ ၂ရက် နံနက် ၈နာရီက မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်တွင် ကမ္ဘာ့ရေတိမ်ဒေသနေ့ (World Wetlands Day 2018) အခမ်းအနားနှင့်အသိပညာပေး ဟောပြောပွဲကို မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း (Myanmar Bird & Nature Society) နှင့် River Bank Art Centre တို့ပူး ပေါင်း၍ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၂

မြန်မာမှု ဒီဇိုင်းပညာရှင် ဆရာဦးအေးမြင့် (မြန်မာမှု)၏အသက်(၈၈)နှစ်ပြည့် မွေးနေ့နှင့်အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက်က မန္တလေး အမရပူရ တောင်လေးလုံးကျောင်းတိုက်ဝင်းအတွင်းရှိသူဌေးဘုရားရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

Page 41 of 363