အာမန် ၊ ရုရှားဂျက်လေယာဉ်များက ကျောထောက်နောက်ခံပေးထားသောဆီးရီးယားစစ်တပ်သည် မြို့တော် ဒမတ်စကတ် အရှေ့ဘက်ရှိ သူပုန်တို့၏ နောက်ဆုံး အခြေစိုက်စခန်းကို ဗုံးကြဲရန် ပြင်ဆင်နေပြီး အတိုက်အခံတပ်ဖွဲ့များက ဝန်းရံထားသော စစ်တပ်အခြေစိုက်စခန်းကို ပြန်လည်ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း ဒေသခံများနှင့် မျက်မြင်သက်သေများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဘက်နင် ဗီယက်နမ် ၊ ဗီယက်နမ်နိုင်ငံ မြို့တော်၊ ဟိုချီမင်းမြို့အရှေ့ဘက်တွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့် အတွက် အိမ်အများအပြားပျက်စီးခဲ့ရပြီး အနည်းဆုံး လူ ၆ ဦးဒဏ်ရာရရှိခဲ့ရသည့် အပြင် ကလေးငယ်တစ်ဦးနှင့် အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၃

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တော ကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၃၁၁သန်းအထိ မြင့်တက်ခဲ့ကြောင်း မောင်တော ကုန်သွယ်ရေးစခန်း၏ စာရင်းများအရသိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ မောင်တောကုန်သွယ်ရေးစခန်း၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၈.၃၁၁သန်း ရှိခဲ့ကြောင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ် တစ်နှစ်လုံး ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၅.၉၁၈ သန်းထက် ၂.၃၆၆သန်း ပိုမိုကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂

 

၂ဝ၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ မီးလောင်မှုအကြိမ် ၂၄ဝ ဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးသေဆုံးကာ ကျပ်သန်းပေါင်း ၃၈ဝဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှသိရသည်။ ၂ဝ၁၇ ခုနှစ် တစ်နှစ်တာအတွင်း ပေါ့ဆမီး ၁၁၈ ကြိမ်၊ လျှပ်စစ်မီး ၈၉ ကြိမ်၊ မီးဖိုမီး အကြိမ် ၂ဝ၊ အလိုအလျောက်မီးသုံး ကြိမ်၊ မသမာသူ ရှို့မီးကိုးကြိမ်၊ စုံစမ်းဆဲမီး တစ်ကြိမ် စုစုပေါင်း အကြိမ် ၂၄ဝ ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကာလတူထက် အကြိမ် ၂ဝ တိုးလာခဲ့ကြောင်း ပေါ့ဆမီးကြောင့် မီးလောင်မှုသည် ၁၁၈ ကြိမ်ရှိခဲ့သည့်အတွက် ယမန်နှစ်ကာလတူထက် ၁၃ ကြိမ်တိုးလာခဲ့ကြောင်း သိရသည်။

မြဝတီ၊ ဇန်နဝါရီ ၂

 

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် ကရင်ပြည်နယ် မြဝတီနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တရားမဝင်အပြန်အလှန်တင်သွင်း နေကြသည့် ကုန်ပစ္စည်းများအား ယခုရက်ပိုင်းအတွင်း နှစ်နိုင်ငံတာဝန်ရှိသူများက ဖမ်းဆီးမှုများပြု လုပ်နေကြောင်းသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂

ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပ သော ''နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်''ပထမနေ့တရားပွဲဓမ္မသဘင်တွင် ပါမောက္ခချုပ်ဆရာ တော်ကြီးက တရားဟောကြား တော်မူခဲ့ပြီး တရားနာပရိသတ်နှစ်သိန်းခွဲကျော် တရားနာယူခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၁ ရက်နေ့ညက ပြည်သူ့ရင်ပြင်၌ကျင်းပခဲ့သော အဆိုပါတရားသဘင်ပွဲတွင် ဆရာတော်ကြီးအတွက် မတည်အလှူရှင်များ၊ SKY NET နှင့် တရားနာ ပရိသတ်များက အလှူငွေကျပ် သိန်းတစ်ထောင်ကျော်လှူဒါန်းခဲ့သည်ဟုဆိုသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂

 

တိုင်းပြည်နှင့်လိုက်လျောညီထွေဖြစ်စေမည့် စနစ်များချမှတ်နိုင်ရေးအတွက် အပြုသဘောဆောင်ရွက်ပူးပေါင်းကြရန်လိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောသည်။ ဇန်နဝါရီ ၂ ရက် နေပြည်တော်ရှိ MICC 2 တွင် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကို စတင်ကျင်းပခဲ့ရာ ၎င်းက အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုင်ရို၊ ဇန်နဝါရီ ၂

 

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၁ ရက် နံနက်အစောပိုင်းက နှစ်သစ်ကူးပွဲ ဆင်နွှဲနေစဉ် သေနတ်သမားတစ်ဦး၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရဲဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရသည်ဟု တရားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ဇန်နဝါရီ ၂ ရက် သတင်းများအရသိရသည်။ ယင်းသည် လူနည်းစု ခရစ်ယာန်ဘာသာဝင်များ အကြမ်းဖက်ခံရမှုတွင် လူအသေအပျောက်ရှိခဲ့ သော နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပြီး ကိုင်ရိုမြို့ တောင်ဘက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် သုံးရက်မျှသာရှိသေးစဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စင်ကာပူ၊ ဇန်နဝါရီ ၂

 

အကျင့်ပျက်ခြစားမှုဖြင့် ဗီယက်နမ်အာဏာပိုင်များ အလိုရှိနေ သော အိမ်ခြံမြေလုပ်ငန်းရှင် Phan Van Anh Vu သည် စင်ကာပူတွင် ဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေများက ဇန်နဝါရီ ၂ ရက်တွင် ပြောသည်။ Anh Vu  (၄၂)နှစ်သည် စင်ကာပူမှ မလေးရှားသို့ သွားရောက်ရန် ကြိုးပမ်းစဉ် နယ်စပ်စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခံလိုက်ရ ခြင်းဖြစ်ကြောင်း ၎င်းနှင့်ဆက်သွယ်၍ မရသေးကြောင်း ၎င်း၏ Remy Choo က ပြောသည်။

ဂျိုဟောဘာရူ၊ ဇန်နဝါရီ ၂

မလေးရှား ဂျိုဟောပြည်နယ်၌ ခရိုင်သုံးခုတွင် ရုတ်တရက်ရေ ကြီးမှု ဖြစ်ပွားခဲ့သည်။ လာဘစ်၊ ကိုတာတက်ဂီနှင့် မာဆင်းခရိုင်တို့ ဖြစ်သည်။ နှစ်ရက်အတွင်း အဆက်မပြတ် မိုးရွာသွန်းခဲ့၍ ရုတ်တရက် ရေကြီးခဲ့ရသည်ဟုဆိုသည်။ မာဆင်းနှင့် ကိုတာတက်ဂီ ဒေသတို့မှ ၃၇၁ ဦးကို ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီတွင် ကယ်ဆယ်ခဲ့ရသည်ဟု ဂျိုဟောပြည်နယ် အာဏာပိုင်များက ပြောကြားခဲ့သည်။

Page 42 of 285