စစ်တွေ၊ ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ခွေးရူးကိုက်၍ တစ်နေ့တည်း လူ ၂၂ ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ ''အခုလောလောဆယ်တော့ ခွေးရူးကိုက်လို့ လူ ၂၂ ယောက် ဖြစ်သွားပြီ။ ဆေးရုံမှာကာကွယ် ဆေးထိုးနေရပါတယ်။ တစ်ယောက် ကိုကိုက်ပြီး လူတွေကလိုက်ကြ တော့ လမ်းမှာတွေ့တဲ့သူတွေကို လိုက်ကိုက်တဲ့သဘောဖြစ်သွားပါတယ်'' ဟု ကျောက်ဖြူမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်ကို ချိတ်ဆက်ပေးထားသော နှစ်လမ်းသွားလမ်းမကြီး စီမံကိန်းအား ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ညှိနှိုင်းမှုလုပ်ဆောင်ရမည်ဟု KNU က သဘောထားထုတ်ပြန်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ်ကိုချိတ်ဆက်ပေးထားသော နှစ်လမ်းသွားလမ်းမကြီး တည်ဆောက်သည့် စီမံကိန်းဆက် လက်အကောင်အထည်ဖော်မည့် အပေါ် ကရင်အမျိုးသားအစည်း အရုံးကဖေဖော်ဝါရီ ၁ ရက်ဖြင့် သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂

အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် ၁၂ ဦးဖြစ်သော ဒီမိုကရက်ပါတီမှ လေးဦး၊ ရီပတ်ဘလီကန်ပါတီမှ ရှစ်ဦးတို့သည် ၂ဝ၁၈ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်နိုင်ရန်အတွက် ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် အသက် (၂၄) နှစ်ရှိ ဂျိုရှုဝါဝမ်အား အမည်စာရင်းတင်သွင်းခဲ့သဖြင့် တရုတ်အစိုးရမှ စိတ်ခုကောင်းခုနိုင်သည်ဟု ဖေဖော်ဝါရီ ၂ ရက်သတင်းများအရ သိရှိရသည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ 

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးရုံးမှ နံပါတ်သုံးအဆင့်ရှိ အရာရှိကြီးတစ်ဦးဖြစ်ပြီး အတွင်းဝန်ဖြစ်သူ အသက် (၆ဝ) နှစ်ရှိ တွမ်ရှန်နွန်သည် ရာထူးမှနုတ်ထွက်တော့မည်ဟု ဖေဖော်ဝါရီ ၂ ရက်က ထုတ် ဖော်ပြောဆိုလိုက်သည်။ ၎င်းသည် ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီး တစ်နှစ်သက်တမ်းအတွင်း ရာထူးမှ နောက်ဆုံးထွက်ပေးရသူ အရာရှိကြီးတစ်ဦးဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်ကျေးရွာအနီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မြှုပ်နှံထားသည့် အလောင်းများတွေ့ရှိသည်ဟု နိုင်ငံတကာသတင်းများမှ ဖော် ပြနေခြင်းမှာ သတင်းမှားသာဖြစ်ပြီး မီဒီယာများ လာရောက်ကြည့်ရှုပါက လိုက်ပြပေးမည်ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးဦးတင်မောင်ဆွေက ပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသော ပြဋ္ဌာန်းချက်သည် ပြင်ပပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံ့ဝန်ထမ်းအဖြစ် အတည်ပြုခန့်ထားပြီးနောက် ပါတီ နိုင်ငံရေးကင်းရှင်းခြင်းကို လိုက်နာရမည်ဟု သတ်မှတ်ထားခြင်း ဖြစ်ဟု ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းက ပြောသည်။ ဖေဖော်ဝါရီ ၂ ရက် ဒုတိယ အကြိမ်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမင်းဦးက အစိုးရဝန်ကြီးဌာနများတွင် ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေးအတွက် အလုပ်လျှောက်လွှာခေါ်ယူရာတွင် နိုင်ငံရေးကင်းရှင်းကြောင်း သက်ဆိုင်ရာမှာ ထောက်ခံချက်မူရင်းဆိုသည့် စည်းကမ်းချက်အားသတ်မှတ်ထည့်သွင်းထားခြင်းမပြုရန် ဝန်ကြီးဌာနအားလုံးကို ညွှန်ကြားပေးရန် အစီစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ယင်းသို့ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ဦးကိုနီအမှုရုံးထုတ်စဉ် ''မင်းတို့ ထမင်းဝအောင်စားထား''စာတန်းပါ တီရှပ်များဝတ်ဆင်ကာလာသူလေးဦးက သေနတ်သမား ကြည်လင်းပါ လေးဦးကို အဆိုပါစာတန်းပါတီရှပ်များ လာရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။ ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ကြည်လင်းပါလေးဦးကို ဖေဖော်ဝါရီ ၂ ရက်တွင် (၄၂)ကြိမ်မြောက်ရုံးချိန်းအဖြစ် မြောက်ပိုင်း ခရိုင်တရားရုံး၌ရုံးထုတ်စဉ် အဆိုပါလူလေးဦး လာရောက်ခဲ့ ပြီးနောက်ကျောတွင် ''မင်းတို့ထ မင်းဝအောင်စားထား''စာတန်းရေးထားသောအင်္ကျီအား ကြည်လင်းအပါအဝင် စွပ်စွဲခံလေးဦးကိုပေးအပ်ခဲ့သည်။

ခါတွန်၊ ဖေဖော်ဝါရီ ၂

 

ဆူဒန်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ရွှေတွင်းပြိုကျခဲ့ပြီး အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့သည်ဟု ဆူဒန်ထရီ ဗြွန်း သတင်းစာက ဖေဖော်ဝါရီ ၁ ရက်တွင် ရေးသားခဲ့သည်။ ဆူဒန်မြို့တော် ခါတွန်၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၅၈ဝ အကွာ အက်ဘာရာဟာယာလမ်းမပေါ်တွင် တည်ရှိသော သတ္တုတွင်းတွင် မတော်တဆမှု ဖြစ်ပွားခဲ့ရာ အခြားသူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း ရွှေတောင် ကြား(၁)ရပ်ကွက် အိမ်အမှတ်(၅၄)၊ (၅၆) တွင်ရှိသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံထဲသို့ အမျိုးသားတစ်ဦးက ဓာတ်ဆီပုလင်းကိုမီးရှို့ကာ ပစ်ခတ်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံထဲသို့ ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က ပလေကပ်ပုဆိုးဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ဓာတ်ဆီပုလင်းမီးရှို့ကာပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ခြံဝင်းအတွင်းရှိ အစောင့်တဲအနီးမှရေပိုက်လုံးအနည်းငယ်မီးလောင်ကျွမ်းရုံမှအပ အခြားသောမီးလောင်ကျွမ်းမှု၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

 


''အင်တာနက်ပေါ်တက်နေတဲ့ပုံတွေက တာဝန်သိကောင်မလေးတစ်ယောက်ရိုက်ပေးထားတာ။ နံနက် ၆ နာရီနဲ့ ၆ ခွဲလောက်က။သူပုံစံကရည်ရွယ်ချက်ရှိရှိနဲ့အုပ်စုဖွဲ့ပြီးလာတာ။ တစ်ယောက်တည်း တော့မဖြစ်နိုင်ဘူး။ အားလုံးက အမှတ်တမဲ့နေတဲ့အချိန်ဖြစ်နေတော့။ အခင်းဖြစ်တဲ့အချိန်မှာတော့ အိမ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မရှိပါဘူး။ အိမ်ရဲ့ညာဘက်ဝါးရုံတောဘေးက ပစ်သွားတာအထဲမှာ တဲ လေးရှိတယ်။ အဲဒီတဲလေးဘေးနားကျတာ၊ အဲဒီအချိန်မှာလုံခြုံရေး တွေရှိတယ်။ ပစ်သွားတာတော့ရည်ရွယ်ချက်ရှိရှိပစ်သွားတာဖြစ်ပါတယ်''ဟု အခင်းဖြစ်ရာနေရာသို့ရောက်ရှိလာခဲ့သည့် ဗဟန်းမြို့နယ် ကိုယ်စားပြုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ဒီမိုကရေစီတူဒေးသို့ ဖေဖော်ဝါရီ ၁ ရက်ကပြောသည်။


ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို အထူးဂရုစိုက်ဆောင်ရွက်ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးပြောခွင့်ရဖြစ်သူညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ ''သံသယရှိတဲ့သူတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ ရထားပါတယ်။ ရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းကိုတော့ သံသယရှိသူတွေကို စစ်ဆေးဖော်ထုတ်ပြီးမှ အတိအကျသိနိုင်ပါတယ်။ အတိုင်ပင်ခံရဲ့ လုံခြုံရေးကိုလည်း အထူးဂရုစိုက်ဆောင်ရွက်နေပါ တယ်''ဟု ဦးဇော်ဌေးက ကပြောသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အခင်းဖြစ်ပြီးနောက်တွင် ဒေါ် အောင်ဆန်းစုကြည်၏ခြံရှေ့တွင်ရဲတပ်ဖွဲ့မှသံဆူးကြိုးများချထားပြီး လုံခြုံရေးကိုလည်းတိုးမြှင့်ချထားကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဗဟန်းမြို့နယ်ရဲစခန်းမှာ တာဝန်ရှိသူတစ်ဦးက'' လက်ရှိမှာတော့ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီးသက်ဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်''ဟု ပြောသည်။


ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ(ပထမတန်း)ဒုတိယရဲမှူးကြီးမြင့်ထွေးက ''ကျူးလွန်သူကို စုံစမ်းနေတုန်းပါပဲ။ အခင်းဖြစ် ခြံဝန်းအနီးမှာရှိတဲ့ ရဲကင်းတွေက တော့ ရဲတပ်ရင်းက ရဲကင်းတွေပါ။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲတပ်ရင်းတွေမဟုတ်ပါဘူး။ ကျူးလွန်သူကိုကို အမြန်ဖမ်းမိရေး ရန်ကုန်မြို့ မှာရှိတဲ့ မြို့နယ် ၄၄ မြို့နယ် ရဲတပ်ဖွဲ့၊ ခရိုင်လေးခရိုင် ရဲတပ်ဖွဲ့နဲ့ တိုင်းရဲတပ်ဖွဲ့တွေရော အားလုံးက လုပ်ဆောင်နေပါတယ်။ နေအိမ်ခြံ ဝန်းလုံခြုံရေးကိုတော့ ရဲတပ်ရင်းကပဲလုပ်နေပါတယ်''ဟု ဒီမိုကရေစီ တူဒေးသို့ ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီကအတည်ပြုပြောသည်။ အဆိုပါဖြစ်စဉ်ကို ဗဟန်းမြို့မရဲစခန်းမှ(ပ)၆၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့်အမှုဖွင့်ကာ အမြန်ဆုံးဖမ်းဆီးရမိရေးစုံစမ်းနေ ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။


TS, WYHW,CNB

#democracytoday

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ဖေဖော်ဝါရီ ၁ ရက်နံနက်ပိုင်းတွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ရိုက်တာသတင်း ထောက်နှစ်ဦးဖြစ်သည့် သက်ဦး မောင်(ခ)ဝလုံးနဲ့ ကျော်စိုးဦး(ခ)မိုး အောင်တို့ကို ဆက်လက်ရုံးထုတ်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက် အက်ဥပဒေပုဒ်မ ၁၂ တွင် ဖော်ပြထားသော အာမခံမရနိုင်ကြောင်းအကြောင်းပြချက်ဖြင့် ၎င်းတို့နှစ်ဦး၏ အာမခံလျှောက်ထားမှုကို တရားရုံးမှ ပယ်ချခဲ့ခြင်းဖြစ်သည်။

Page 43 of 363