လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၅

အမေရိကန်အဆိုတော် ဂျက်စတင်တင်းဘာလိတ်သည် Super Bowl (အမေရိကန်ဘောလုံး နောက်ဆုံးဗိုလ်လုပွဲ) အားလပ်ချိန် ဖျော်ဖြေမှုအတွက် အငြင်းပွားစရာကိစ္စများ ဖြစ်ပေါ်ခဲ့သော်လည်း အံ့သြလောက်ဖွယ်ဖျော်ဖြေမှုကို တင်ဆက်နိုင်ခဲ့သည်။ အသက် (၃၇)နှစ်အရွယ် အဆိုတော် ဂျက်စတင်သည် ဖေဖော်ဝါရီ ၄ ရက်တွင် U.S. Bank Stadium ၌ ပြုလုပ်ခဲ့သည့်ပွဲတွင် ၎င်း၏ နာမည်ကျော်သီချင်းများကို ဖျော်ဖြေခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် တိရစ္ဆာန်အစာအဆင့်နီးပါးရှိ အရည်အသွေးနိမ့် ပဲစင်းငုံများသာ ထွက်ရှိလာပြီး ဈေးနှုန်းမတည်ငြိမ် ခြင်းကြောင့် တောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်းသိရသည်။ ပခုက္ကူကုန်သည်ပွဲစားများ အသင်း၏ အတွင်းရေးမှူးဦးစိန်လွင်က''အချိန်အခါမဟုတ်မိုးရွာတဲ့အတွက်ကြောင့် သီးနှံတွေပျက်စီးတယ်။ ပျက်စီးတဲ့အထဲမှာပဲစင်း ငုံကပျက်စီးမှုအများဆုံးပဲ။ ပဲစင်း ငုံရဲ့ ရင့်မှည့်တဲ့ကာလမှာ ဇန်နဝါရီအချိန်အခါမဟုတ်မိုးကြောင့် အ တောင့်ထဲရေဝင်ပြီး ပဲတွေကချိုင့် ခွက်တွေအဖြစ်ပိန်သွားတယ်။ အပုပ်ဖြစ်သွားတယ်''ဟု ဇန်နဝါရီ ၄ ရက်က ပြောသည်။

မော်လမြိုင်၊ ဖေဖော်ဝါရီ ၎

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ၂ဝ၁၇-၂ ဝ၁၈ ဘဏ္ဍာရေးနှစ် အတွက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၃၂၅ဝ ကျော်ရရှိခဲ့ရာ ၂ဝ၁၆- ၂ဝ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ထက် ငွေကျပ်သန်း ၁၃ဝဝဝ ကျော် ပိုမိုရရှိခဲ့သဖြင့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း မွန်ပြည်နယ် စည် ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

မင်နီပိုးလစ်၊ ဖေဖော်ဝါရီ ၎

အမေရိကန်ဖွတ်ဘောရာသီ၏ နောက်ဆုံးဗိုလ်လုပွဲ ဆူပါဘောင်းတွင် ဂျက်စတင်တင်ဘာဘလိတ်နှင့်အတူ တွဲဖက်သီဆိုဖျော် ဖြေမည်မဟုတ်ဟု ဂျက်နက်ဂျက်ဆင်က ပြောကြားလိုက်ကြောင်း ဖေဖော်ဝါရီ ၄ ရက် AP သတင်းကဆိုသည်။ ''မနက်ဖြန် ဆူပါဘောင်းမှာ ကျွန်မဖျော် ဖြေမလား၊ မဖျော်ဖြေဘူးလားဆိုတဲ့ ကောလာ ဟလသတင်းတွေ အဆုံးသတ်ရအောင်၊ ကျွန်မ ဖျော်ဖြေမှာမဟုတ်ဘူး''ဟု ဂျက်ဆင်က ကြေညာချက်ထုတ်ပြန်သည်။ ''အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးနဲ့ အမြန်ဆုံး ပြန်တွေ့ဖို့ မျှော်လင့်နေပါတယ်''ဟု ၎င်းကဆိုသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ပြန်ဆိုတေးတစ်ပုဒ်ကို သီဆိုမယ်ဆိုရင် အချက်သုံးချက်နဲ့ကိုက်ညီမှ ပြန်လည်သီဆိုဖြစ်ပါတယ်လို့ အဆိုတော် ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ''ဖြူဖြူပြန်ဆိုတေးတွေ ပြန်ဆိုတဲ့အခါမျိုးမှာ ဘယ်လိုရွေးချယ်ခံစားပြီး သီဆိုဖြစ်လဲဆိုတာကို ပရိသတ်တွေလည်းသိချင်ကြမှာပါ။ အဓိကကတော့ သီချင်းကိုရေးသားတဲ့ အနုပညာမူပိုင်ခွင့်ကို ပိုင်ဆိုင်တဲ့ တေးရေးဆီကနေပြီး တရားဝင်ခွင့်ပြုချက်ယူထားတဲ့ သီချင်းတွေ ဖြစ်ရမယ်။ နောက်ကိုယ့်ကိုယ်ကိုယ်နဲ့ လိုက်ဖက်တယ်ဆိုတဲ့ သီချင်းတွေကိုလာပြတဲ့ အချိန်မှာကိုယ်က သီချင်းတွေကို Interpret  ပြန်လုပ်လို့ရတဲ့ သီချင်းတွေကိုပဲရွေးတယ်။ သီချင်းရေးဆရာ၊ နောက်မူရင်းအဆိုရှင်တေးသီချင်း အဲဒါတွေကို ရိုသေသမှုနဲ့ ဆိုပါတယ်''လို့ ပြောပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

အနုပညာနဲ့ ပတ်သက်ပြီးတော့ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှု အပြည့်အဝမရှိသေးဘူးလို့ ဆိုလာတဲ့ တေးသံရှင် ကြက်ဖနဲ့ တွေ့ဆုံ ခြင်း....။

 

မေး- လက်ရှိဂီတနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ- ဂီတနဲ့ပတ်သက်ရင်တော့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ သီချင်းတွေ ရေးဖြစ်နေတယ်။ နောက်ပြီးတော့ ကျွန်တော်ရဲ့ တစ်ကိုယ်တော် အခွေ ဒီခြောက်လပိုင်းမှာထွက်မှာဖြစ်တဲ့အတွက် အဲဒီအခွေနဲ့ ပတ်သက်ပြီးတော့ သီချင်းတွေရေး ဖြစ်နေတယ်။ သီချင်းတွေဆိုဖြစ် နေတယ်။ ဒီလောက်ပါပဲ။

ရန်ကုန်၊ ဖေဖော်ဝါရီ ၎

အချစ်နှင့် ဟာသအလွဲများကိုတွေ့မြင်ခံစားရမည့် ''ကောလိပ်ဂျပိုး''ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ ၉ ရက်တွင် ရုံတင်ပြသသွားမည်ဖြစ်ကာ ယင်းဇာတ်ကား Press show ကို ဖေဖော်ဝါရီ ၄ရက် နံနက် ၇နာရီက သမ္မတရုပ်ရှင်ရုံတွင်ပြသခဲ့သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားကာ သရုပ်ဆောင် မြင့် မြတ်၊ ခင်လှိုင်၊ နေနော်၊ ဝတ်မှုန် ရွှေရည်နှင့် အခြားသော အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်လမ်း ဇဝန၊ ဇာတ်ညွန်း အောင်ခိုင်တို့က ရေးသားတင်ဆက်ထားကြောင်း သိရသည်။

မကွေး၊ ဖေဖော်ဝါရီ ၎

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးမှုတွင် ဗို့အားတိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားဖြန့်ဖြူးမှု အဆင်ပြေချောမွေ့စေရေးအတွက် မီးကြိုးများလဲလှယ်ခြင်း၊ ထရန်စ ဖော်မာများ တိုးချဲ့တည်ဆောက် ပေးခြင်းလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့ နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၎

မန္တလေး တိုင်းဒေသကြီး အထွေထွေရောဂါ ကုဆေးရုံကြီး ကင်ဆာရောဂါကုဌာနနှင့် ဆေးကုမ္ပဏီများပူးပေါင်း၍ ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက် ရေးနေ့အခမ်းအနားနှင့်ပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီက မန္တလေးမြို့ ချမ်း အေးသာစံမြို့နယ် ၃၁ လမ်းနှင့် ၇ဝ လမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း(မန္တလေး)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မူဆယ်၊ ဖေဖော်ဝါရီ ၎

တရုတ်နှစ်သစ်ကူးနီးလာသည်နှင့်အမျှ တရုတ်နိုင်ငံတွင်း၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမည်စိုးရိမ်သဖြင့် တရုတ်နိုင်ငံ ဝမ်တိမ်မြို့ မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲမှ မူဆယ်မြို့သို့ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစတင်၍ မြန်မာအလုပ်သမား ၂ဝဝဝကျော် ခန့် ဝင်ရောက်လာနေကြကြောင်း သိရသည်။

Page 44 of 371