တမူး၊ ဖေဖော်ဝါရီ ၁

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် ရိဒ်ရောင်းဝယ်ရေးမှာ တမူးနယ်စပ်ရောင်းဝယ် ရေးထက်ရောင်းဝယ်မှု ပိုမိုသွက်လက်လာခဲ့သည့်အတွက် ကုန်သည်များနှင့်နယ်စပ်ပြေးဆွဲနေသည့် ကုန်စည်ပို့ဆောင်ရေးယာဉ်များတွက် ခြေကိုက်ဝင်ငွေကောင်းနေကြောင်း ရိဒ်နယ်စပ်မှကုန်သည် ဦးလာလ်ထန်းငါက ဇန်နဝါ ရီ ၃ဝ ရက်တွင်ပြောကြားသည်။

ဘားအံ၊ ဖေဖော်ဝါရီ ၁

(၇၁)ကြိမ် မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ ဝင်းကျံကျောင်းတိုက်၌ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက စည်ကားသိုက် မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားတွင် မွန်တိုင်းရင်းသားလူငယ်များက မွန်အမျိုးသားအလံများ ကိုင်ဆောင်ကာ ကွင်းအတွင်းသို့ ဘင်ခရာတပ်ဖွဲ့ဖြင့် ချီတက်ဝင်ရောက်ကြပြီး (၇၁)ကြိမ် မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားအား ကောပလိုင်း ဆရာတော်၊ မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ချစ်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ သဘာပတိအဖွဲ့ဝင်များက မွန်အမျိုး သားအလံတော်နှင့်ကျဆုံးလေပြီး သော အာဇာနည်ခေါင်းဆောင်များအား အလေးပြုကြသည်။

အာဆင်နယ်ကစားသမား သစ်အူဘာမီယန်က အသင်း၏ သမိုင်းကြောင်းကောင်းမွန်ခြင်းက ယခုအပြောင်းအရွှေ့တွင် အဓိကကျသောအကြောင်းအရင်းတစ်ခု ဖြစ်ပြီး ဂန္ထဝင်ကစားသမားအွန်နရီကဲ့သို့အောင်မြင်မှုရရန် ရည်မှန်းထားကြောင်း ပြောဆိုခဲ့သည်။ အူဘာမီယန်သည် ဈေးကွက် နောက်ဆုံးနေ့တွင် ဒေါ့မွန်မှ အာဆင်နယ်သို့ ကလပ်စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင် ၅၆ သန်းဖြင့်ရောက်လာသူဖြစ်ပြီး အွန်နရီကဲ့သို့စွမ်း ဆောင်နိုင်ရန် ရည်မှန်းနေသည်။

ဝက်စ်ဟမ်းအသင်းသည် အာဖရိကကစားသမားများကို ခေါ်ယူလိုခြင်းမရှိဟု ပြောဆိုခဲ့ သော ကစားသမားကင်းထောက် ချုပ်တိုနီဟင်နရီ၏ အပြုအမူအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

မန်စီးတီးနည်းပြဂွါဒီယိုလာက အပြောင်းအရွှေ့နောက်ဆုံးရက်တွင် လက်စတာကွင်းလယ်လူ မာရက်ဇ်ကိုခေါ်ယူမှု မအောင်မြင်ခဲ့သော်လည်း အသင်း၏ဖွဲ့စည်းပုံ အတိုင်းလုပ်ဆောင်ခဲ့သည်ဖြစ်၍ လက်ခံနားလည်ကြောင်း ပြောဆိုခဲ့သည်။

ဆောင်းရာသီ ကစားသမားအပြောင်း အရွှေ့ဈေးကွက်ကို ဇန်နဝါရီလ ၃၁ရက် နေ့က အပြီးသတ်ခဲ့ရာ ယခုဈေးကွက်အတွင်း ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ စုစုပေါင်းငွေကြေးသုံးစွဲမှုမှာ ယခင်စံချိန်ဟောင်း၏နှစ်ဆဖြစ်ခဲ့ ကြောင်းသိရှိရသည်။ အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ် သော ဒေါ့မွန်မှအာဆင်နယ်သို့ ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းဖြင့် အူဘာမီယန်၏အပြောင်း အရွှေ့အပါအဝင် ပရီးမီးယားလိဂ်ကလပ်များအတွက် စုစုပေါင်းငွေကြေးသုံးစွဲမှု မှာ ပေါင်သန်း ၄၃ဝ အထိရှိခဲ့သည့်အတွက် ၂ဝ၁၁ ခုနှစ်ကတင်ခဲ့သော ယခင်စံချိန်ဟောင်းဖြစ်သည့် ပေါင် ၂ဝ၅ သန်း၏နှစ်ဆဖြစ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ကျန်ရှိသည့် အစိုးရသက်တမ်းသုံးနှစ်တာ ကာလအတွင်း ရန်ကုန်တွင်အလုပ် လာလုပ်သူတိုင်း အိမ်ခန်းပိုင်ဆိုင်နိုင်သည့်အခြေအနေမျိုးဖြစ်စေရန် ကြိုးစားပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ''ရန်ကုန်မှာနေစရာမရှိတဲ့သူ တွေအားလုံးအတွက် ရန်ကုန်မှာအလုပ်လာလုပ်ရင်အခန်းရှိနိုင်တယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ အိမ်ရာကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်မယ်။ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ယခင်အိုးအိမ်ရုံးဖွင့်ခဲ့တဲ့အောက်ထပ်မှာအရောင်းပြခန်းကြီးတစ်ရပ်ဖွင့်ပြီး ပြည်သူလူထုတစ်ရပ်လုံးကို ရောင်းပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ အားလုံးအတွက် အိမ်ရာရောင်းပေးနိုင်တဲ့ အဆင့်တစ်ဆင့်ဖြစ်လာနိုင်ဖို့အတွက် ပြင်ဆင် နေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ပြင်ဆင်ဆောင်ရွက်တဲ့ နေရာမှာချက်ချင်းလက်ငင်းပြီးစီး သွားအောင်ဆောင်ရွက်ဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်။ ပရောဂျက်ကြီးတွေကို စနစ်တကျပြင်ဆင် ပြီးဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါပေမဲ့အစိုးရသစ်ရဲ့ကျန်တဲ့သက် တမ်းသုံးနှစ်ကာလအတွင်းမှာ ပြီးစီး အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပုဂ္ဂလိကလုပ်ငန်းရှင်များ တင်ပြလာသော အခက်အခဲ၊ အကြံပြုချက်များအနက် ဥပဒေပြင်ဆင်ရမည့် အချို့ကိစ္စရပ်များလုပ်ဆောင်ပေးရန် မတတ်နိုင်ကြောင်း ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက ပြောကြားသည်။ ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ဖေဖော်ဝါရီ ၁ ရက်ကကျင်းပပြုလုပ်သည့် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များ၏(၁၄)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရီပိုလီ၊ ဖေဖော်ဝါရီ ၁

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လစ်ဗျားနိုင်ငံတောင်ပိုင်း မြို့တော် ဘရက်အယ်လ်ရှာတီမြို့ရှိ လစ်ဗျားတပ်မတော်တပ်ဖွဲ့များသည် အိုင်အက်စ်စစ်သွေးကြွနှစ်ဦးကို သတ် ဖြတ်ခဲ့သည်ဟု လစ်ဗျားတပ်မတော် သတင်းများကဆိုသည်။ လစ်ဗျားတပ်မတော်တပ်ဖွဲ့ တစ်ခုနှင့် မြို့နေပြည်သူအချို့ပူး ပေါင်းပြီး အိုင်အက်စ်တပ်ဖွဲ့ခွဲများကြား တိုက်ပွဲများဖြစ်ပွားရာတွင် အိုင်အက်စ်တပ်ဖွဲ့ဝင်နှစ်ဦး သေ ဆုံးခဲ့ခြင်းဖြစ်သည်ဟု လစ်ဗျားတပ်မတော်အဖွဲ့ ၁၂ မှ တပ်ဖွဲ့ဝင် မိုဟာမက်မာဂရာဟီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်ပြည်ထောင်စု၏ တိုက်ချင်းပစ် ဒုံးခွင်းဒုံးစမ်းသပ်မှုကို ဟာဝိုင်အီကျွန်း၌ ပြုလုပ်ခဲ့ရာ၊ ဦးတည်လာ နေသောပစ်မှတ်အား ကြားဖြတ်ပစ်ချချိန်၌ မထိမှန်ဘဲ လွဲချော်သွား ကြောင်း ဆင်ဟွာသတင်းက ဖေဖော် ဝါရီ ၁ ရက်တွင် ဖော်ပြလိုက်သည်။

Page 45 of 363