မန္တလေး၊ စက်တင်ဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး အောင် မြေသာစံမြို့နယ် ၁၇ လမ်းနှင့် လမ်း ၈ဝ ထောင့် ကျုံးရေပြင်အတွင်း စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီက အသက်(၂၅)နှစ်ခန့်အရွယ် အမျိုးသားလူငယ်အလောင်းတစ်လောင်းကို တွေ့ရှိ ခဲ့ကြောင်း သိရသည်။

တယ်လီနောမြန်မာသည် ယနေ့တွင် ကုမ္ပဏီ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် အသုံးပြုသူများနှင့် အတူတကွ ဆင်နွှဲနိုင်ရန်အတွက်  ဈေးနှုန်းအသက်သာဆုံး တယ်လီနော အချင်းချင်း ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှု တစ်ရပ် ဖြစ်သည့် “တယ်လီနော သာသာယာယာ” အား နောက်ထပ်အဓိက ခြေလှမ်းတစ်ရပ်အဖြစ် မိတ်ဆက် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို၊ စက်တင်ဘာ ၂၈

 

မွန် ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ၏ တောင်ခြေကင်မွန်းစခန်းနှင့် ငါးမိုင်ခန့်အကွာရှိ ဆောင်နိုင်ကြီးကျေးရွာအနီးရှိ ဆောင်နိုင်ကြီးရေတံခွန် နေရာတစ်ဝိုက်ကို အများပိုင်ကုမ္ပဏီတစ်ခုမှ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအ ဖြစ် အပန်းဖြေစခန်း တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန် ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာ ရေးဦးစီးဌာနမှသိရသည်။

မြဝတီ၊ စက်တင်ဘာ ၂၈

 

ကရင် ပြည်နယ် မြဝတီမြို့နယ် (၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်းခွဲ (၁) ကျောင်းဆောင်နှင့် ကျောင်းသားဦးရေမှာ ညီမျှမှုမရှိဘဲ စာသင်ခန်းအချို့၌ ကျောင်းသား၊ ကျောင်းသူဦးရေ ၈ဝ ကျော်အထိ စာသင်နေရသည့်အတွက် ကျောင်းသား မိဘများအကြား မကျေနပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ ''ကျောင်းက နောက်ထပ် အ ဆောင်ထပ်တိုးဆောက်ဖို့ မြေနေရာလည်း မရှိတော့ဘူး။ လက်ရှိအ နေအထားအရ စာသင်ခန်း တစ်ခန်း မှာ ကျောင်းသား၊ ကျောင်းသူ ၈ဝ ကျော်နဲ့ စာသင်နေရတယ်။ သက်ဆိုင်ရာ ပညာရေးမှူးထံကိုတော့ ကျောင်းဆောင်နဲ့ ကျောင်းသားဦး ရေ မမျှလို့ အခက်အခဲရှိကြောင်း တင်ပြထားပါတယ်''ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းမြင့်ကြည်က ပြောကြားသည်။

ရေး၊ စက်တင်ဘာ ၂၈

 

မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်းကျေးရွာ အုပ်စု ကော့ကလှိုင်ခြံစုအတွင်း ဖွင့်လှစ်ထားသော နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘွဲ့ရပြီးပါက ဌာနအသီးသီးတွင် အလုပ် ခန့်ထားပေးမည်ဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိစန်းက ပြောကြားသည်။

ရန်ကုန်၊မြန်မာ။ အူရီဒူးမြန်မာမှ သီတင်းကျွတ်ကာလအထိမ်းအမှတ်အဖြစ် အဓိကကျသည့် မိုဘိုင်းဖုန်းအသုံးပြုခ နှုန်းထားများကို ထူးခြားစွာ ပြောင်းလဲသတ်မှတ်၍ ၀န်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၈

 

တိုင်းရင်းသားဒေသရှိ အခြေခံပညာ ကျောင်းများအတွက် Teaching Assistant များအဖြစ် လျှောက်ထားလိုသူများသည် အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။  တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများတွင်လက်ရှိတိုင်းရင်းသားစာ ပေဘာသာစကားဖြင့်သင်ကြား နေသော ထောက်ပံ့ကြေးကျပ်သုံး သောင်းရ ဆရာ၊ ဆရာမများအ နေဖြင့် ပညာရေးဝန်ကြီးဌာနလက် အောက်ရှိအခြေခံပညာကျောင်းများတွင်နေ့စားလပေး Teaching Assistant  အဖြစ် တာဝန်ထမ်း ဆောင်လိုပါက မိမိတို့ဒေသရှိမြို့ နယ်ပညာရေးမှူးရုံးများတွင် စတင် လျှောက်ထားနိုင်ကြောင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ သိရသည်။

 


''သူတို့ကို ပညာရေးဝန်ကြီးဌာနကနေ ခန့်ထားပေးမှာ ဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာမျိုးမရှိဘူး။ လက်ရှိသင်နေတဲ့ သူတွေကိုပဲခေါ်တာပါ''ဟု တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၇ရက်တွင် ပြောကြားသည်။ တိုင်းရင်းသားဒေသအတွင်း ရှိဒေသခံများကို Teaching Assistant များအဖြစ် ရွေးချယ်ခန့်အပ်နိုင်ရန် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ပညာ ရေးဝန်ကြီးဌာနတို့ သဘောတူညီထားချက်အရ ရွေးချယ်ခန့်ထားမည့် တိုင်းရင်းသားလူမျိုးများကို ပညာအရည်အချင်း သတ်မှတ်ချက်ကို ဘွဲ့ရ သို့မဟုတ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများဖြစ်ရန် လို အပ်မည်ဖြစ်သော်လည်း လက်ရှိအစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ အသင်း၊ အဖွဲ့တို့၏အသိအမှတ်ပြု ထောက်ခံသူဖြစ်ပါက နေ့စားအဖြစ်ဆက်လက်ခန့်ထားမည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှသိရသည်။

 


''လက်ရှိကတော့ တိုင်းရင်းသားဘာသာနဲ့သင်နေတဲ့နေရာ တွေမှာဌာနရဲ့လက်အောက်က ခန့်ထားတဲ့ဆရာတွေလည်းပါသလို အချိန်ပိုင်းအနေနဲ့ခေါ်ပြီး ခန့်အပ်ထားတဲ့သူတွေရှိပါတယ်။ ဒါကိုနောက်တစ်ဆင့်တက်ပြီးတော့ အချိန်ပိုင်းနဲ့ခေါ်ယူသင်ကြားပေး နေတဲ့သူတွေကို လက်ထောက်အ ဖြစ်ပြန်ခန့်ဖို့အတွက်စီစဉ်ထားတာပါ''ဟု ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။  Teaching Assistant များအဖြစ် တာဝန်ထမ်းဆောင်လို သောဒေသခံတိုင်းရင်းသားများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃ဝ နှစ်အထိရှိရန်လိုအပ်မည်ဖြစ် သော်လည်းလိုအပ်ချက်အရ အသက်ကန့်သတ်ချက်ကိုလျှော့ပေါ့ စဉ်းစားမည်ဖြစ်ကြောင်း၊ ကျောင်းသားဦးရေအပေါ်မူတည်ပြီး အရည်အချင်းနှင့်အရည်အသွေးရှိသူများကိုရွေးချယ်ပြီး နေ့စားအဖြစ်ရွေးချယ်ခန့်ထားမည်ဖြစ်ပြီး ဘွဲ့ရပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရန် ဆရာဖြစ်သင်တန်းတက်ရောက်နိုင်ရေးကိုလျာထား ကြောင်းသိရသည်။

 

ATK

#democracytoday

မူဆယ်၊ စက်တင်ဘာ ၂၈

 

(၁၇) ကြိမ်မြောက် မြန်မာ- တရုတ် ဆွေမျိုးပေါက်ဖော်ပွဲတော်ကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တယ်ဟုန် ပြည်နယ်ခွဲ ရွှေလီမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။ ''ဆွှေမျိုးပေါက်ဖော်ပွဲတော်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဌာနဆိုင်ရာအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စာပေယဉ်ကျေးမှုနဲ့ လမ်းလျှောက်အဖွဲ့နှစ်ရာဦး၊ အလှပြနွားလှည်းသုံးစီး၊ အလှ ခြင်းခတ်အဖွဲ့နဲ့ ခြင်းလုံးအသင်း တွေ၊ လွန်ဆွဲအသင်းတွေ တက် ရောက်ပါဝင်ဖို့ ပြင်ဆင်ထားပါတယ်''ဟု မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က ပြောကြားသည်။

မန္တလေး၊ စက်တင်ဘာ ၂၈

 

မန္တ လေး တောင်တော်ပေါ်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဗြောက်အိုး၊ မီးရှူး၊ မီးပန်းပစ်ဖောက်ခြင်း အပါအဝင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် တောင်တော် လုံခြုံရေးကို အထူးတင်းကျပ်သွား မည်ဖြစ်ကြောင်း တောင်တော် ဂေါပကအဖွဲ့ထံမှသိရသည်။ ''ဒီနှစ်မှာ တောင်တော်တစ်ခုလုံး ဗြောက်အိုးနဲ့မီးရှူး၊ မီးပန်း တွေမပစ်ဖောက်ဖို့တားမြစ်သွားမယ်။ ဂေါပကအဖွဲ့အနေနဲ့အများ ပြည်သူ အနှောင့်အယှက်မဖြစ် အောင် လုံခြုံရေးကို အထူးတင်းကျပ်သွားမှာပါ။ အဓိကကတော့ ဗြောက်အိုးနဲ့မီးရှူး၊ မီးပန်းတွေမ ပစ်ဖောက်ဖို့ မေတ္တာရပ်ခံမယ်။ ဗီနိုင်းစာတွေနဲ့ နို့တစ်စာပေးသွားမယ်''ဟု မန္တလေးတောင်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးသိန်းထွန်းကပြောသည်။

မန္တလေး၊ စက်တင်ဘာ ၂၈

 

ရာသီဥတုဖောက်ပြန်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၃၅ လမ်း မှ ၄၁ လမ်းအထိ သင်္ဂဇာချောင်းတစ်လျှောက်တွင် စက်တင်ဘာ ၂၇ ရက် ည ၁၁ နာရီ ကျော်ခန့်က ငါးများအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။