ရန်ကုန်၊ ဇန်နဝါရီ ၁၆

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန အသုံးစရိတ်တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁၆ ရက်က၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းပါ ရသုံးငွေများစပ်လျဉ်းပြီး ရှင်းလင်းရာ ယင်းသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကမ္ဘောဇဘဏ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၁၃နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ဗိုလ်လုပွဲသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အသင်းနှင့် မကွေးတိုင်းအသင်းတို့ တက် ရောက်သွားခဲ့ပြီဖြစ်သည်။ KBZ Bankမှပံ့ပိုးကာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ KBZ Bank U-13 Girl Tournament  ၂ဝ၁၈ (State & Regions)ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက်မှစတင်ကာ အမျိုးသားဘောလုံးအကယ်ဒမီကွင်းတွင် ကျင်းပခဲ့သည်။

ဝေါလေ၊ ဇန်နဝါရီ ၁၆

ကရင် ပြည်နယ် မြဝတီမြို့နှင့် မိုင် ၅ဝ ခန့်အကွာရှိ ဝေါလေမြို့နှင့် DKBA  ငြိမ်းချမ်းရေးဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတို့တွင် တန်ဖိုးနည်းအိမ်ရာများ စတင်တည် ဆောက်နေရာ ယခုအခါ ၃ဝ ရာ ခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ ကူညီပေးခြင်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် DKBA  ငြိမ်းချမ်းရေးအဖွဲ့မှ ဆောက်လုပ်ရေးကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ် ဆိုဆောက်လုပ်ခြင်း ဖြစ်သည်။

 


''အခုဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ထိုးခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရယ်၊ အိမ်ခြေမဲ့နေတဲ့ ကရင်တိုင်းရင်းသားတွေ၊ တစ်ဖက်ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာခိုလှုံနေကြသူ တွေအတွက် အဓိကထားဆောင်ရွက်တယ်လို့သိရတယ်။ ဘာပဲဖြစ် ဖြစ် အခုလိုအဆောက်အအုံတွေ တိုးတက်လာရင် ဒေသခံတိုင်းရင်းသားတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာမယ်။ ပြီးတော့ ပညာ ရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုး ရေးတွေ အစစအရာရာ တိုးတက်လာမယ်။ ဒါတွေဟာ ငြိမ်းချမ်းရေး ရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်'' ဟု ဝေါလေမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ပြောကြားသည်။


အဆိုပါတန်ဖိုးနည်းအိမ်ရာများကို ဝေါလေမြို့ရှိ မြေ ၁ဝ ဧက ပေါ်တွင် အိမ်အလုံး ၁ဝဝ၊ ဆုံဆည်းမြိုင်ကျေးရွာရှိ မြေ ငါးဧက ပေါ်တွင် အိမ်အလုံး ၁ဝဝ၊ စုစု ပေါင်း တစ်လုံးလျှင်ကာလတန်ဖိုး ကျပ်သိန်း ၁ဝဝ တန်ဖိုးရှိ Stree Structure တိုက်ခံအုတ်ညှပ်သွပ် မိုးအိမ်အလုံး ၂ဝဝ ဖြစ်ပြီး အဆိုပါအိမ်များအား ဂျပန်နိုင်ငံ နိပွန်ဖောင် ဒေးရှင်းမှ ငွေကျပ်သိန်းပေါင်း ၂ဝဝဝဝ အကူအညီဖြင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလဆန်းမှ စတင် ဆောက်လုပ်နေခြင်းဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာ တည် ဆောက်နေမှုလုပ်ငန်းများကို ဇန် နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ဝေါလေမြို့အုပ်ချုပ်ရေးမှူး၊ မြ ဝတီခရိုင်လမ်းဦးစီးဌာန၊ ခရိုင်မြေ စာရင်းဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများနှင့် DKBA တပ်ဖွဲ့မှ တာ ဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။

 

KKTM (MWD)

#democracytoday

စစ်တွေ၊ ဇန်နဝါရီ ၁၆

စစ်တွေ မြို့သစ်စီမံကိန်းမြေကွက်စတင် ရောင်းချခဲ့သည့် ဇန်နဝါရီ ၆ ရက် မှ ၁၅ ရက်အထိ ၁ဝ ရက်အတွင်း မြေကွက် ၂ဝဝ ကျော် ရောင်းချထားပြီးဖြစ်ကြောင်းသိရသည်။ စစ်တွေမြစ်ကမ်းတစ်လျှောက်ရှိ ရခိုင်ပြည်နယ်အစိုးရနှင့် BXT I International Co,Ltd တို့အကျိုးတူပူးပေါင်းဖော်ဆောင်နေသော မြေဧက ၉ဝ ခန့်ရှိ Sittwe Waterfront Project အတွက် စီမံကိန်း ဖော်ဆောင်မည့် မြေကွက်ပေါင်း ၆ဝဝ ရှိကြောင်း သိရသည်။

ရွှေဘို၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၌ မိုးစပါးဖြစ်သည့် ရွှေဘိုပေါ်ဆန်းမွှေး လှိုင်လှိုင်ပေါ်နေသော်လည်း စပါး ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဝယ်လိုအားကောင်းနေမှုကြောင့် စံချိန်တင်အမြင့်ဆုံးဈေးဖြင့် ပုံမှန်ရပ်တည် ရောင်းဝယ်လျက်ရှိနေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ဒေသသည် မိုးကောင်း သောက် (မိုးရွာရေ) လယ်မြေနှင့် သဖန်းဆိပ်ဆည်ဖြင့် လယ်မြေဧက ငါးသိန်းကျော်ကို စိုက်ပျိုးခဲ့ရာတွင် ရွှေဘိုပေါ်ဆန်းမွှေးစပါးများကို အဓိကထား၍ ဧကတစ်ဝက်ကျော်အထိ စိုက်ပျိုးခဲ့ကြသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆

၂ဝ၁၈ ခုနှစ်တွင် ရခိုင်အရေး နိုင်ငံတကာဖိအားပေးမှု တုံ့ ပြန်နိုင်ရန်နှင့် နိုင်ငံ့ပုံရိပ်ပြန်လည်မြှင့်တင်ရန် ကြိုးစားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ရည်မှန်းထားကြောင်းသိရသည်။ ဇန်နဝါရီ ၁၆ ရက်၊ ၂ဝ၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါရသုံးငွေများနှင့်စပ်လျဉ်းပြီး ရှင်းလင်းရာ၌ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယင်းသို့ပြောခြင်းဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၆

နှစ်ပါတီ ပူးပေါင်းရေးနှင့်ပတ်သက်ပြီး ဇန်နဝါရီဒုတိယပတ်အတွင်း ရခိုင်မျိုးချစ်ပါတီထံ အကြောင်းပြန်မည်ဖြစ် ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့်ပူးပေါင်းရန် ရခိုင်မျိုးချစ် ပါတီမှကမ်းလှမ်းထားရာ ပူးပေါင်း ဖြစ်၊ မဖြစ်ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အကြောင်းပြန်ပြီးမှသာ ထုတ်ပြန်သွားမည်ဖြစ်သည်။

မန္တလေး၊ ဇန်နဝါရီ ၁၆

မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှုခံယူ လျက်ရှိသော မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော(အသက် ၆၈နှစ်)သည် ဇန်နဝါရီ ၁၆ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်က ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန် ကြီး ဦးစိုင်းကျော်ဇောသည် ဇန်နဝါရီ ၃ရက်က ဦးနှောက်သွေးကြော ပေါက်သဖြင့် ခွဲစိတ်ကုသခဲ့ရာမှ ခွဲစိတ်မှုအောင်မြင်မှုရရှိခဲ့သော်လည်း အဆုတ်၏ပင်မ သွေးကြောဘေးရှိ သွေးကြောတစ်ခုတွင် သွေးခဲ၍ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်၊ ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဒီးဒုတ်ဆင်စခန်းမှာ ဖွင့်လှစ်ရန်ရက်အနည်းငယ်လိုသေး သော်လည်း ပြည်တွင်းပြည်ပခရီးသည်များဖြင့် စတင်လာရောက်လည်ပတ်စည်ကားမှုရှိနေပြီဖြစ် ကြောင်း သိရသည်။

မန္တလေး၊ ဇန်နဝါရီ ၁၆

မန္တလေး မြို့ကန်တော်ကြီး ကန်ပတ်လမ်းအနီးတွင် တရားမဝင်အလုံပိတ်အခန်းများပြုလုပ်ကာ စုံတွဲများအား လက်ခံငှားရမ်းသောကြောင့် စည်ပင်သာယာအထူးတရားရုံးသို့ တရားစွဲဆိုတင်ပို့ထားသည့် အအေးဆိုင်ပိုင်ရှင်ကိုးဦးကို စည်ပင်သာယာ ဥပဒေပုဒ်မ ၁၁၉ နှင့် ၁၁၈ တို့အ ရ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် တရားရုံးမှ အလုပ်နှင့်ထောင် ဒဏ်ခြောက်လစီ အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

Page 7 of 285