အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi(ရေနိုမာလ်ဆူဒီ)ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို သွားရောက် လည်ပတ်စဉ်အတွင်း အခုလ(၁၇)ရက်နေ့က ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနှစ်နိုင်ငံ စီးပွားရေးနဲ့ ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့သဘောတူခဲ့ပါတယ်။

Facebook က ပုဂ္ဂိုလ်ရေးအချက်လက်တွေအလွဲသုံးစားလုပ်မှုအတွက် အင်ဒိုနီးရှားလွှတ်တော်ကို တောင်းပန်လိုက်ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ကောင်းကင်မှာ အခုလ(၁၆)ရက်နေ့ ညပိုင်းက ဒုံးကျည်တိုက်ခိုက်မှု အသစ်တွေရှိခဲ့ပြီး အဲ့ဒီဒုံးကျည်တွေကို ဆီးရီးယားလေတပ်စခန်းနှစ်ခုက ပစ်ချနိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့က ပြောကြားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ကောင်းကင်မှာ အခုလ(၁၆)ရက်နေ့ ညပိုင်းက ဒုံးကျည်တိုက်ခိုက်မှု အသစ်တွေရှိခဲ့ပြီး အဲ့ဒီဒုံးကျည်တွေကို ဆီးရီးယားလေတပ်စခန်းနှစ်ခုက ပစ်ချနိုင်ခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့က ပြောကြားခဲ့ပါတယ်။

FBI ဒါရိုက်တာဟောင်း James Comey (ဂျိမ်းစ်ကိုမေး)၏ အမှတ်တရ မှတ်တမ်းစာအုပ်ကို ဧပြီ ၁၇ ရက်နေ့က စတင် ရောင်းချလိုက်ပြီဖြစ်ကြောင်း သိရသည်။ စာအုပ် တရားဝင် မရောင်းခင် ညသန်းခေါင်ကတည်းက ကြိုတင်ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း၊ စာအုပ်တွင် ပိုမိုမြင့်မားသည့် သစ္စာစောင့်သိမှု၊ အမှန်တရားများ မုသားများနှင့် ခါင်းဆောင်မှုအကြောင်းများဟုအမည်ပေးရေးသားထားသည်။

နယူးဒေလီ၊ ဧပြီ ၁၈

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် မင်္ဂလာဆောင်ပွဲတစ်ခုမှ လူများကို သယ်ဆောင်လာသော မီနီထရပ်ကားတစ်စီးသည် တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။Madhya Pradesh ပြည်နယ် မြို့တော် Bhopal မြို့ အရှေ့ဘက် ၅၇၃ကီလိုမီတာကအကွာခန့် Sidhi ခရိုင် Soneမြစ်ပေါ်တွင် ဧပြီလ ၁၇ ရက်က ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထျန်းကျင်း၊ ဧပြီ ၁၈

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းကုန်သေတ္တာဆိပ်ကမ်းတွင် မောင်းသူမဲ့လျှပ်စစ်ထရပ်ကားများကို စမ်းသပ်အသုံးပြုလျက်ရှိကြောင်းသိရသည်။

ရန်ကုန်၊ ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပြည်သူများပြစ်မှုကျူးလွန်ခြင်းမခံရစေရန်၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆောင်ရွက် လျက်ရှိသည့်အပြင် ကမ္ဘာလှည့် ခရီးသွားနိုင်ငံခြားသားများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုပါ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး အသိပညာပေးခြင်းကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ လိုက်လံပြသဆောင်ရွက်လျက်ရှိပါသည်။

ဝါရှင်တန်၊ ဧပြီ ၉ 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဆီးရီးယားနိုင်ငံသူပုန်များ သိမ်းပိုက်ထားသောမြို့များတွင် အဆိပ်ဓာတ်ငွေ့များအသုံးပြုတိုက်ခိုက်ခြင်းကြောင့် ဆီးရီးယားအစိုးရအနေဖြင့် တန်ဖိုးကြီးမားစွာပေး ဆပ်ရလိမ့်မည်ဟု ဧပြီ ၈ ရက်က အပြစ်တင်ကာသတိပေး ပြောဆိုလိုက်သည်ဟု ဧပြီ ၉ ရက်သတင်းများအရ သိရသည်။

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၉

မင်းသမီး မီဂန်ဖောက်စ်က မိမိသည် ဗီဇအသိစိတ်ကို အားကိုးသူဖြစ်ကာ အဆိုပါ ဆဋ္ဌမအာရုံကို လေ့ကျင့်နေသည်မှာ နှစ်နှင့်ချီကြာခဲ့ပြီဖြစ်ပြီး ပြဿနာများကို ၉၉ ရာ ခိုင်နှုန်းမှန်ကန်အောင် ဆုံးဖြတ်ချက်ချဖြေရှင်းနိုင်သည်ဟု ပြောကြားလိုက်ကြောင်း ဧပြီ ၉ ရက် Contactmusic သတင်းကဆိုသည်။

Page 8 of 494