ရေး၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ် ရေးမြို့မိသားစုပရဟိတအဖွဲ့မှ အထောက်အပံ့နည်းပါးသည့် စာသင်ကျောင်းများကို အဓိကထားပံ့ပိုး ကူညီပေးသွားမည်ဖြစ်ပြီး လိုအပ်နေသောထောက်ကူပစ္စည်းများအပြင် ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်ခွန်အားပေး ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုပါ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်း၊ ဇန်နဝါရီ ၁၅

မင်းကွန်း တောင်ရိုး တောင်များပေါ်တွင် နေထိုင်ကျက်စားသည့် သမင်အထီးတစ်ကောင်မှာ ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခန့်က မင်းကွန်းမြသိန်းတန်ဘုရားကြီး မြောက်ဘက်လမ်းအတိုင်း ရှားရောင်းရွာ၊ မေဃဝန်ကျောင်းထဲရောက်ရှိလာပြီး ဒေသခံများက ဝိုင်းလိုက်ကြရာမှ ဧရာဝတီမြစ်အတွင်း ဆင်းပြေးစဉ် မြစ်အတွင်း အမောဆို့ရေမွန်းသေဆုံးသွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

အာဆင်နယ်ဂိုးသမားပီတာချက်က ဘုန်းမောက်ကိုအရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလေးထားယှဉ်ပြိုင်နေ သောအသင်းမှာ အလွန်အန္တရာယ်များသောအခြေအနေသို့ရောက် နေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ အာဆင်နယ်သည် ဘုန်း မောက်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ် သောအဆင့်-၄နေရာမှ ချဲလ်ဆီးနှင့် ရှစ်မှတ်အထိကွာဟနေသလို အဆင့်-၅နေရာမှ စပါးနှင့်လည်း ငါးမှတ်အထိကွာဟနေသည်။

မန်ယူနည်းပြမော်ရင်ဟိုက ပိုကောင်းသောအသင်းတစ်သင်း ဖြစ်လာရန် အသင်းအနေဖြင့် ဂိုးသမားဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဒီဂီယာသည် ၂ဝ၁၁ ခုနှစ်ကတည်းက အက်သလက်တီကိုမှ မန်ယူသို့ရောက်နေသူဖြစ်ပြီး ၂ဝ၁၅ တွင် မန်ယူနှင့်ချုပ်ဆိုခဲ့သောစာချုပ်အရ လက်ကျန်စာချုပ်သက်တမ်း ၁၇ လကျန်ရှိနေသေးသော်လည်း နောက်ထပ် ၁၂ လသက်တမ်းတိုးနိုင်မည့်အချက်ကို စာချုပ်အတွင်းထည့်သွင်းထားခဲ့သည်။

ဒေါ့မန်နည်းပြစတိုဂါက တိုက်စစ်မှူးအူဘာမီယန်အနေဖြင့် အသင်းအတွက် အမှန်တကယ် အားထုတ်ပြီး စည်းကမ်းများကို လိုက်နာမှသာ လူစာရင်းတွင်ပြန်လည်ရွေးချယ်ခံရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကြား ဖြတ်ရွေးကောက်ပွဲကို ၂ဝ၁၈ ခုနှစ်အတွင်း ကျင်းပပြုလုပ်ပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က အမျိုးသားလွှတ်တော်သို့ တရားဝင်ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၅ ရက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ် ရသေ့ တောင်မြို့နယ် ပြည်နယ်လွှတ် တော် မဲဆန္ဒနယ်အမှတ်(၂)ကိုယ် စားလှယ်နေရာအတွက် ရွေးကောက် ပွဲပြုလုပ်ပေးရန်အစီအစဉ်ရှိ၊မရှိ မေးမြန်းမှုကို ယင်းသို့ ဖြေကြားခဲ့ ခြင်းဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ဦးမန်းဂျော်နီနုတ်ထွက်သွားပြီးသည့်နောက် လစ်လပ်နေသော ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နေရာကို အစားထိုးခန့်အပ်ရန် ဇန်နဝါရီ ၁၅ ရက်တွင်ခေါ်ယူခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်အရေး ပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်သို့ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။ ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပသည့်ဒုတိယအကြိမ်ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်အရေးပေါ် အစည်းအဝေး(၁/၂ဝ၁၈) ကို တိုင်း ဒေသလွှတ်တော်ကိုယ်စားလှယ်များရောက်ရှိနေရာယူပြီးသည့်အချိန်တွင် တိုင်းဒေသကြီးလွှတ်တော်အခမ်းအနားမှူးကကြေညာလိုက် ခြင်းဖြစ်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ စီမံကိန်း လုပ်ငန်းများနှင့် ရငွေသုံးငွေများကို ပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့ဖြင့် စိစစ်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောသည်။ ဇန်နဝါရီ ၁၅ ရက် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးနှစ် ပြောင်းလဲမှုမတိုင်ခင် ကြားကာလအဖြစ် သတ်မှတ်ထားသော ၂ဝ၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး လွှတ်တော်နာယကက ယင်းသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

လန်ဒန်၊ ဇန်နဝါရီ ၁၅

အီးယူမှ ဗြိတိန်နုတ်ထွက်ရေးကို ဦးဆောင် စည်းရုံးလှုံ့ဆော်သူ နစ်ဂျဲလ်ဖာရက်ဂ်ျက ဗြိတိန်အီးယူမှ ထွက်ရေးမဲပေးပွဲ ပြုလုပ်ခဲ့ပါက ရှုံးမည်ကို စိုးရိမ်ကြောင်း။ ယခုအခါ ဗြိတိန်တွင် အီးယူမှ ထွက်ရေးမှာ မထွက်လိုသူအင်အားများလာ၍ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။ ဗြိတိန်Observer သတင်းစာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ယူ ကေအင်ဒီပင်းဒင်း ပါတီခေါင်း ဆောင်ဟောင်း ဖာရက်ဂ်ျက အီးယူက မထွက်လိုသော အုပ်စုက ထွက်လိုသည့် အုပ်စုကို လုံးဝအနိုင်ရသွားလိမ့်မည်ဟု ပြောကြားလိုက်သည်။

စန်တိုဒိုမင်ဂို၊ ဇန်နဝါရီ ၁၅ 

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံကိုယ်စားလှယ်များသည် ဒိုမီနီကန်ရီပတ်ဗလစ်နိုင်ငံတွင် တွေ့ ဆုံလျက်ရှိပြီး ဗင်နီဇွဲလားနိုင်ငံတွင် ရင်ဆိုင်နေရသော အကျပ်အတည်းများကို ဖြေရှင်းရန် ဇန်နဝါ ရီ ၁၈ ရက်တွင် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ရေနံဈေးနှုန်းကျဆင်းမှု၊ ငွေ ကြေးဖောင်းပွမှုနှင့် အကျင့်ပျက်ခြစားမှုအခြေအနေများ ဆိုးရွားလာခဲ့ သောကြောင့် ဗင်နီဇွဲလားနိုင်ငံစီးပွားရေးအခြေအနေပျက်စီးလာခဲ့ပြီး ဗင်းနီဇွဲလားနိုင်ငံ၏ အကျပ်အတည်းများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ သမ္မတနီကိုလပ်စ်မာဒူရိုသည် အာဏာကိုဆက်လက်ချုပ်ကိုင်ထား ပြီး အတိုက်အခံများမှာမူ မစုစည်းနိုင်သေး ဖြစ်နေသည်။

Page 9 of 285