ရန်ကုန်၊ ဇန်နဝါရီ ၁၅

ယခုရက်ပိုင်းတွင် ငလျင်မကြာခဏလှုပ်နေ ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ဖြူးမြို့ အနီးအင်အားရစ်ခ်ျတာစကေး ၅ ဒသမ သုညရှိသော မြေငလျင်ထပ်မံလှုပ်ခတ်ပြီးနောက် ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အသိပေးနှိုးဆော်ချက်ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅

လွှတ်တော်ကိုယ်စားလှယ်များ ဆင်ခြင်တုံတရားလက်ကိုင်ထားရန်နှင့် တာဝန်ဝတ္တရားကို အဂတိကင်းစွာလုပ်ဆောင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကပြောသည်။ ဇန်နဝါရီ ၁၅ ရက် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်သတ္တမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့်နေ့တွင် ပြည်သူ့လွှတ်တော်ဥ က္ကဋ္ဌက ကိုယ်စားလှယ်များအား အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၅

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တွင် ဇန်နဝါရီ ၁၅ရက်က အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၅ ဦး သေဆုံးကာ ၁ဝ၅ ဦး ဒဏ်ရာများရရှိသွားခဲ့သည်ဟု အီရတ်နိုင်ငံမှ အရာရှိများက ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၅

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဘုတလင်မြို့နယ်တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် မြို့နယ်တရားသူကြီး၊ ဥပဒေအရာရှိနှင့် အထက်တန်းရှေ့နေတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။ ၎င်းတို့သုံးဦးစလုံးမှာ အမျိုးသမီးများဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ဘုတလင်မြို့မရဲစခန်း၌ ဇန်နဝါရီ ၁၂ ရက်က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

မရမ်းချောင်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက် ၃၅ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ ပိုင်အိုနီးယားစင်တင် တေးဂီတအခန်းတွင် ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ဝရိန်တို့ရာမှ အသံလုံဖော့ပေါ်သို့မီးပွားကျ၍ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန် ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံ အာမခံအသင်းရုံးဖွင့်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့၊ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Square ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင် ဦးဝင်းမြင့်ဟန်၊ မြန်မာနိုင်ငံ အာမခံအသင်းဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦးနှင့် ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

စစ်တွေ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန် မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ကော်မတီဝင်များဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်တွင် National Verification Card (NVC) ကိုင် ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည်သူများသိရှိရန် ကျယ်ကျယ် ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ်ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသော အထောက်အထား ပြသနိုင်မည်ဖြစ်သည်။

ရွာသစ် ဇန်နဝါရီ ၁၅

ကယားပြည်နယ် ဘောလခဲခရိုင် ရွာသစ်မြို့တွင် ကျင်းပပြုလုပ်သည့် (၆၆)နှစ်မြောက် ကယားပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော် ဇန်နဝါရီ ၁၅

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ပြန်လည်လက်ခံရေးစခန်းများတွင် စနစ်တကျ စိစစ်လက်ခံပြီးသူများအား ယာယီထားရှိမည့် လှဖိုးခေါင် ကြားစခန်းစခန်းပြင်ဆင်နေမှု အခြေအနေအား ဇန်နဝါရီ ၁၄ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှုစဉ် လှဖိုးခေါင်စခန်း ပြင်ဆင်နေမှု အခြေအနေ၊UEHRD ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများက သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့ကြသည်များကို ဖော်ပြလိုက်ပါသည်။

နေပြည်တော် ၊ ဇန်န၀ါရီ ၁၅

မြန်မာနိုင်ငံ၏ အနာဂတ်အတွက်များစွာ အကျိုးဖြစ်ထွန်းစေမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာကို ရေးဆွဲသွားမည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က  ပြောခဲ့သည်။ “ နောင်နှစ်ပေါင်းများစွာအတွက် ကျွန်တော်တို့တိုင်းပြည်မှာ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားမူဝါဒတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်ဖို့ မဟာဗျူဟာကို ဒီနေ့ ရေးဆွဲကြမှာ ဖြစ်ပါတယ်၊ မဟာဗျူဟာဟာ ဒီတိုင်းပြည်ကြီးရဲ့ အနာဂတ်မျိုးဆက်သစ်အတွက် တိုးတက်ကြီးပွားမှု သာယာဝပြောမှု ရရှိစေဖို့အတွက် အရေးကြီးတဲ့အချက်ကို အကောင်အထည်ဖော် ရေးဆွဲကြမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် သင်္ဂဟဟိုတယ်တွင် ယနေ့  နံနက် ပြုလုပ်ခဲ့သော ပညာရပ်ဆိုင်ရာ Sensitization Workshop တွင် ကော်မရှင် ဥက္ကဌက ပြောခဲ့ခြင်း ဖြစ်သည်။

Page 10 of 285